iMyanmarHouse.com - Best Property Website for Myanmar
×



Credit:Momolay



#Unicode Version

ခြေဆစ်လက်ဆစ်မှာ အမည်းတွေ ရှိနေတာကလည်း လက်နဲ့ခြေချောင်းလေးတွေရဲ့ အလှအပကို အနှောင့်အယှက်ဖြစ်စေပါတယ်။ လက်ချောင်းဖွေးဖွေးလေးတွေ ဖြစ်ဖို့အတွက် လက်ဆစ်လေးတွေ ဖွေးနေမှလည်း ပြီးပြည့်စုံမှာမို့ ခြေဆစ်လက်ဆစ်က ရှိတဲ့ အမည်းတွေ ဖြူစေမယ့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။ လွယ်ကူလွန်းတဲ့ နည်းလမ်းဖြစ်တာမို့ လိုက်လုပ်ကြည့်ပေးနော်…

သံလွင်ဆီ လက်ဖက်စားဇွန်း(၃) ဇွန်းနဲ့ သကြား လက်ဖက်စားဇွန်း(၂) ဇွန်းတို့ကို ရောစပ်လိုက်ပါ။ ပြီးရင် ခြေဆစ်လက်ဆစ်မည်းတဲ့ နေရာတွေမှာ လိမ်းပြီး ခပ်ဖွဖွလေး ပွတ်တိုက်ပေးပါ။ (၅) မိနစ်လောက် ကြာအောင်တော့ ပွတ်တိုက်ပေးပြီး ရေအေးလေးနဲ့ ဆေးကြောလိုက်ပါ။ ပြီးရင် အစိုဓါတ်တခုခု ပါတဲ့ LOTION တခုခု လိမ်းထားပေးလိုက်ပါ။ နှစ်ကြိမ်လောက် ပြုလုပ်ပြီးရင်တော့ ခြေဆစ်လက်ဆစ် မည်းနေတာတွေ သိသိသာသာ ဖြူလာမှာ အသေအချာပါပဲ။

Credit:Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top