iMyanmarHouse.com - Best Property Website for Myanmar
×


ကုိယ့္ခ်စ္သူက ကိုယ့္အေပၚ ဘယ္ေလာက္ရိုးသားပါတယ္ေျပာေျပာ။ သူတုိ႔မေျဖစ္မေနလိမ္ညာရတဲ့ အေျခအေနေလးေတြေတာ့ ရွိတာေပါ့။ အမ်ိဳးသားအမ်ားစု အမွန္အတုိင္း ေျဖေလ့မရွိတဲ့ အေၾကာင္းအရာေတြက ဘာမ်ားျဖစ္လိမ့္မလဲ။

၁။ဟိုအေခြ ဒီအေခြေတြ ၾကည့္လားလို႔ ေမးတဲ့အခါ

ကိုယ့္ခ်စ္သူက ကိုယ့္ကို ဟုိုအေခြေတြ ဒီအေခြေတြ ၾကည့္လားလုိ႔ ေမးရင္ ဘယ္ေယာက်ၤားကမွေတာ့ သိပ္ၾကည့္တာေပါ့။ ညတိုင္းၾကည့္တယ္လို႔ ဘယ္ေျဖပါ့မလဲေနာ္။ ဒါေပမယ့္ သူတုိ႔ ေန႔တိုင္းမဟုတ္ေတာင္ တစ္ပတ္ကို ႏွစ္ခါ သံုးခါေလာက္ၾကည့္ေလ့ရွိၾကပါတယ္တဲ့။

၂။ကုိယ့္ေရွ႕က ရည္းစားေတြနဲ႔ အတူေနခဲ့ဖူးလားလို႔ ေမးတဲ့အခါ

ဒီလိုေမးခြန္းမ်ိဳးကိုလည္း သူတုိ႔တတ္ႏိုင္သမွ် ေရွာင္ေျဖၾကပါလိမ့္မယ္။ ဘယ္ႏွစ္ေယာက္နဲ႔မ်ားေနခဲ့ဖူးသလဲဆိုတဲ့ ေမးခြန္းထပ္ေမးၾကည့္ရင္ေတာ့ အေရအတြက္ကို ေလွ်ာ့ေျပာေတာ့မွာေပါ့။

၃။သင္ပို႔တဲ့ sms ကို ခ်က္ခ်င္းျပန္မပို႔လို႔ ေမးၾကည့္တဲ့အခါ

တစ္ခါတစ္ေလ ကိုယ့္ခ်စ္သူပို႔လိုက္တဲ့ sms ကို ခ်က္ခ်င္းျပန္ပို႔ဖုိ႔ အဆင္မေျပႏိုင္ပါဘူး။ တစ္ေနရာ ေရာက္ေနရင္ ေရာက္ေနမယ္။ တစ္ခုခုလုပ္ေနတာမ်ိဳး ရွိေကာင္းရွိမယ္။ ဂိမ္းေဆာ့ေနတာမ်ိဳးျဖစ္ျဖစ္ေပါ့။ ဒါေပမယ့္ အမ်ိဳးသားေတြကေတာ့ အဲ့ဒီလို ခ်က္ခ်င္းျပန္မပို႔လို႔ သူတုိ႔ကို ေမးလိုက္ရင္ အိပ္ေပ်ာ္ေနတာလုိ႔ အလြယ္တကူေျဖတတ္ၾကပါတယ္တဲ့။

၄။ကိုယ့္သူငယ္ခ်င္းေတြထဲက ဘယ္သူက မိုက္သလဲလုိ႔ ေမးတဲ့အခါ

သူတုိ႔စိတ္ထဲ သင့္သူငယ္ခ်င္းေတြထဲမွာ ဘယ္သူေတြ အထာက်တယ္၊ မိုက္တယ္ဆိုတာ ရွိေနၿပီးသားပါ။ ဒီလိုထင္တာဟာ အဲ့ဒီတစ္ေယာက္ကို စိတ္၀င္စားတာမ်ိဳးမဟုတ္ေပမယ့္ ကိုယ့္ခ်စ္သူ စိတ္ၿငိဳျငင္မွာစိုးလို႔ သူတုိ႔ အမွန္အတုိင္းေျပာေလ့မရွိၾကပါဘူး။

၅။ကိုယ့္သူငယ္ခ်င္းေတြအားလံုးနဲ႔ ညဘက္ေလွ်ာက္သြားရင္ အေဖာ္လိုက္ခဲ့ေပးႏိုင္မလား ေမးတဲ့အခါ

အမွန္ေတာ့ ကိုယ့္သူငယ္ခ်င္းေတြ တစ္ေယာက္မွမပါပဲ တစ္ျခားကိုယ့္ရည္းစားရဲ႕ သူငယ္ခ်င္းတစ္အုပ္ၾကီးနဲ႔ အျပင္သြားတဲ့အခါ နည္းနည္းေတာ့ ကသိကေအာက္ျဖစ္မိမွာပါပဲ။ ဒါေပမယ့္ အဲ့ဒီလိုေမးလိုက္တဲ့အခါ လိုက္ေပးမွာေပါ့လို႔ ေျဖၾကပါလိမ့္မယ္။ စိတ္ထဲက အေျဖက ႏိုး လို႔ ျဖစ္ေနမယ္ဆိုရင္ေတာင္ေပါ့။

၆။ကိုယ္ခ်က္တဲ့ဟင္းဟာ သူ႕အေမခ်က္တဲ့ဟင္းထက္ ေကာင္းလားလုိ႔ ေမးတဲ့အခါ

တစ္ခါတစ္ေလ စေနာက္ခ်င္တာေၾကာင့္ေရာ၊ ကိုယ့္လက္ရာကို သူအသိအမွတ္ျပဳေစခ်င္တာေၾကာင့္ပါ ကိုယ္ခ်က္ထားတဲ့ဟင္းက ကိုယ့္ခ်စ္သူရဲ႕မိခင္ခ်က္တဲ့ဟင္းေတြထက္ ေကာင္းလားလုိ႔ သူတုိ႔ကိုေမးတဲ့အခါ ေကာင္းတာေပါ့လုိ႔ ေျဖပါလိမ့္မယ္။ အမွန္က လံုး၀မမီတာကို သိသိႀကီးနဲ႔ေလ။

၇။သူငယ္ခ်င္းေတြနဲ႔ ေသာက္တဲ့ညက အရင္၀ိုင္းမွာ ေတာ္ေတာ္မွ မူးရဲ႕လားလုိ႔ေမးတဲ့အခါ

ကိုယ္မပါဘဲ သူ႕သူငယ္ခ်င္းေတြနဲ႔ခ်ည္း တစ္၀ိုင္း၀ိုင္းတဲ့ ညက အရက္၀ိုင္းမွာ ေတာ္ေတာ္ေလးမူးၿပီးမွ  အိမ္ ၿပန္လာတာမဟုတ္လားလုိ႔ ေမးလိုက္ရင္ လံုး၀ကို မမူးတာလို႔ ျပန္ေျပာလိမ့္မယ္။ အဲ့ဒီလိုမွ မဟုတ္ရင္လည္း မမူးပါဘူးကြာ၊ ေအးေဆးပါလို႔ပဲ ေျပာလိမ့္မယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

ယ့်ချစ်သူက ကိုယ့်အပေါ် ဘယ်လောက်ရိုးသားပါတယ်ပြောပြော။ သူတို့မဖြေစ်မနေလိမ်ညာရတဲ့ အခြေအနေလေးတွေတော့ ရှိတာပေါ့။ အမျိုးသားအများစု အမှန်အတိုင်း ဖြေလေ့မရှိတဲ့ အကြောင်းအရာတွေက ဘာများဖြစ်လိမ့်မလဲ။

၁။ဟိုအခွေ ဒီအခွေတွေ ကြည့်လားလို့ မေးတဲ့အခါ

ကိုယ့်ချစ်သူက ကိုယ့်ကို ဟိုအခွေတွေ ဒီအခွေတွေ ကြည့်လားလို့ မေးရင် ဘယ်ယောကျၤားကမှတော့ သိပ်ကြည့်တာပေါ့။ ညတိုင်းကြည့်တယ်လို့ ဘယ်ဖြေပါ့မလဲနော်။ ဒါပေမယ့် သူတို့ နေ့တိုင်းမဟုတ်တောင် တစ်ပတ်ကို နှစ်ခါ သုံးခါလောက်ကြည့်လေ့ရှိကြပါတယ်တဲ့။

၂။ကိုယ့်ရှေ့က ရည်းစားတွေနဲ့ အတူနေခဲ့ဖူးလားလို့ မေးတဲ့အခါ

ဒီလိုမေးခွန်းမျိုးကိုလည်း သူတို့တတ်နိုင်သမျှ ရှောင်ဖြေကြပါလိမ့်မယ်။ ဘယ်နှစ်ယောက်နဲ့များနေခဲ့ဖူးသလဲဆိုတဲ့ မေးခွန်းထပ်မေးကြည့်ရင်တော့ အရေအတွက်ကို လျှော့ပြောတော့မှာပေါ့။

၃။သင်ပို့တဲ့ sms ကို ချက်ချင်းပြန်မပို့လို့ မေးကြည့်တဲ့အခါ

တစ်ခါတစ်လေ ကိုယ့်ချစ်သူပို့လိုက်တဲ့ sms ကို ချက်ချင်းပြန်ပို့ဖို့ အဆင်မပြေနိုင်ပါဘူး။ တစ်နေရာ ရောက်နေရင် ရောက်နေမယ်။ တစ်ခုခုလုပ်နေတာမျိုး ရှိကောင်းရှိမယ်။ ဂိမ်းဆော့နေတာမျိုးဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် အမျိုးသားတွေကတော့ အဲ့ဒီလို ချက်ချင်းပြန်မပို့လို့ သူတို့ကို မေးလိုက်ရင် အိပ်ပျော်နေတာလို့ အလွယ်တကူဖြေတတ်ကြပါတယ်တဲ့။

၄။ကိုယ့်သူငယ်ချင်းတွေထဲက ဘယ်သူက မိုက်သလဲလို့ မေးတဲ့အခါ

သူတို့စိတ်ထဲ သင့်သူငယ်ချင်းတွေထဲမှာ ဘယ်သူတွေ အထာကျတယ်၊ မိုက်တယ်ဆိုတာ ရှိနေပြီးသားပါ။ ဒီလိုထင်တာဟာ အဲ့ဒီတစ်ယောက်ကို စိတ်ဝင်စားတာမျိုးမဟုတ်ပေမယ့် ကိုယ့်ချစ်သူ စိတ်ငြိုငြင်မှာစိုးလို့ သူတို့ အမှန်အတိုင်းပြောလေ့မရှိကြပါဘူး။

၅။ကိုယ့်သူငယ်ချင်းတွေအားလုံးနဲ့ ညဘက်လျှောက်သွားရင် အဖော်လိုက်ခဲ့ပေးနိုင်မလား မေးတဲ့အခါ

အမှန်တော့ ကိုယ့်သူငယ်ချင်းတွေ တစ်ယောက်မှမပါပဲ တစ်ခြားကိုယ့်ရည်းစားရဲ့ သူငယ်ချင်းတစ်အုပ်ကြီးနဲ့ အပြင်သွားတဲ့အခါ နည်းနည်းတော့ ကသိကအောက်ဖြစ်မိမှာပါပဲ။ ဒါပေမယ့် အဲ့ဒီလိုမေးလိုက်တဲ့အခါ လိုက်ပေးမှာပေါ့လို့ ဖြေကြပါလိမ့်မယ်။ စိတ်ထဲက အဖြေက နိုး လို့ ဖြစ်နေမယ်ဆိုရင်တောင်ပေါ့။

၆။ကိုယ်ချက်တဲ့ဟင်းဟာ သူ့အမေချက်တဲ့ဟင်းထက် ကောင်းလားလို့ မေးတဲ့အခါ

တစ်ခါတစ်လေ စနောက်ချင်တာကြောင့်ရော၊ ကိုယ့်လက်ရာကို သူအသိအမှတ်ပြုစေချင်တာကြောင့်ပါ ကိုယ်ချက်ထားတဲ့ဟင်းက ကိုယ့်ချစ်သူရဲ့မိခင်ချက်တဲ့ဟင်းတွေထက် ကောင်းလားလို့ သူတို့ကိုမေးတဲ့အခါ ကောင်းတာပေါ့လို့ ဖြေပါလိမ့်မယ်။ အမှန်က လုံးဝမမီတာကို သိသိကြီးနဲ့လေ။

၇။သူငယ်ချင်းတွေနဲ့ သောက်တဲ့ညက အရင်ဝိုင်းမှာ တော်တော်မှ မူးရဲ့လားလို့မေးတဲ့အခါ

ကိုယ်မပါဘဲ သူ့သူငယ်ချင်းတွေနဲ့ချည်း တစ်ဝိုင်းဝိုင်းတဲ့ ညက အရက်ဝိုင်းမှာ တော်တော်လေးမူးပြီးမှ အိမ်ပြန်လာတာမဟုတ်လားလို့ မေးလိုက်ရင် လုံးဝကို မမူးတာလို့ ပြန်ပြောလိမ့်မယ်။ အဲ့ဒီလိုမှ မဟုတ်ရင်လည်း မမူးပါဘူးကွာ၊ အေးဆေးပါလို့ပဲ ပြောလိမ့်မယ်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top