iMyanmarHouse.com - Best Property Website for Myanmar
×

အိျႏၵာေက်ာ္ဇင္သည္ ၂၀၀၄ ခုႏွစ္၊ အကယ္ဒမီဆု ရရွိထားသည့္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ႏွင့္ ႐ုပ္ျမင္သံၾကား ေၾကာ္ျငာေမာ္ဒယ္လ္ တစ္ဦးျဖစ္သည္။ အေပ်ာ္တမ္း ပန္းခ်ီဆရာတစ္ဦးျဖစ္ေသာ အိျႏၵာေက်ာ္ဇင္သည္ ျမန္မာ သ႐ုပ္ေဆာင္ေလာကတြင္ အေက်ာ္ၾကားဆုံးႏွင့္ အထင္ရွားဆုံး သ႐ုပ္ေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သည္။

၁၉၇၈-ခုႏွစ္၊ ဧၿပီလ (၂၄)ရက္ေန႔တြင္ အဖဦးေက်ာ္ဇင္ႏွင့္ အမိ ေဒၚျမသီတာတို႔မွ ရန္ကုန္ၿမိဳ႕တြင္ ေမြးဖြားခဲ့သည္။ ငယ္နာမည္ အူဝဲျဖစ္ၿပီး ေမာင္ႏွမသုံးအနက္ အငယ္ဆုံး ျဖစ္သည္။ အိျႏၵာေက်ာ္ဇင္သည္ ဒဂုန္တာရာ (စာေရးဆရာ)၏ တူမျဖစ္ၿပီး ရဲေဘာ္သုံးက်ိပ္ဝင္ ဗိုလ္ေဇယ်၏ ေျမးလည္းျဖစ္သည္။ ရာဇာေနဝင္းႏွင့္လည္း ေမာင္ႏွမ ဝမ္းကြဲ ေတာ္စပ္သည္။ ေကာလိပ္ဂ်င္ေနဝင္းသည္ ဦးေလးျဖစ္ၿပီး ပိုင္ေဇရဲထြန္းသည္လည္း ေမာင္ႏွမဝမ္းကြဲ ေတာ္စပ္သည္။

၂၀၀၀-ျပည့္ႏွစ္၊ ဇြန္လ (၂၀)ရက္ေန႔တြင္ ဒါ႐ိုက္တာမီးပြား ႐ိုက္ကူးေသာ အိပ္မက္ရာသီ ဇာတ္ကား႐ိုက္ရာတြင္ မေတာ္တဆ ေခ်ာ္က်ဒဏ္ရာရသျဖင့္ အာရွေတာ္ဝင္၌ ကုသခဲ့ရသည္။

၂၀၀၄ ခုႏွစ္တြင္ မ်က္ႏွာမ်ားတဲ့ မိုးေကာင္းကင္ ဇာတ္ကားျဖင့္ အေကာင္းဆုံး အမ်ိဳးသမီး သ႐ုပ္ေဆာင္ အျဖစ္ ျမန္မာ့ ႐ုပ္ရွင္ ထူးခြၽန္ဆုကို ရရွိခဲ့သည္။ ၂၀၁၁ခုႏွစ္၊ဇန္နဝါရီလ (၁)ရက္ေန႔တြင္ ေျပတီဦးႏွင့္ လက္ထပ္ခဲ့သည္။

Credit:Myanmarload

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အိန္ဒြာကျော်ဇင်သည် ၂၀၀၄ ခုနှစ်၊ အကယ်ဒမီဆု ရရှိထားသည့် ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်မြင်သံကြား ကြော်ငြာမော်ဒယ်လ် တစ်ဦးဖြစ်သည်။ အပျော်တမ်း ပန်းချီဆရာတစ်ဦးဖြစ်သော အိန္ဒြာကျော်ဇင်သည် မြန်မာ သရုပ်ဆောင်လောကတွင် အကျော်ကြားဆုံးနှင့် အထင်ရှားဆုံး သရုပ်ဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

၁၉၇၈-ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့တွင် အဖဦးကျော်ဇင်နှင့် အမိ ဒေါ်မြသီတာတို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ ငယ်နာမည် အူဝဲဖြစ်ပြီး မောင်နှမသုံးအနက် အငယ်ဆုံး ဖြစ်သည်။ အိန္ဒြာကျော်ဇင်သည် ဒဂုန်တာရာ (စာရေးဆရာ)၏ တူမဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ မြေးလည်းဖြစ်သည်။ ရာဇာနေဝင်းနှင့်လည်း မောင်နှမ ဝမ်းကွဲ တော်စပ်သည်။ ကောလိပ်ဂျင်နေဝင်းသည် ဦးလေးဖြစ်ပြီး ပိုင်ဇေရဲထွန်းသည်လည်း မောင်နှမဝမ်းကွဲ တော်စပ်သည်။

၂၀၀၀-ပြည့်နှစ်၊ ဇွန်လ (၂၀)ရက်နေ့တွင် ဒါရိုက်တာမီးပွား ရိုက်ကူးသော အိပ်မက်ရာသီ ဇာတ်ကားရိုက်ရာတွင် မတော်တဆ ချော်ကျဒဏ်ရာရသဖြင့် အာရှတော်ဝင်၌ ကုသခဲ့ရသည်။

၂၀၀၄ ခုနှစ်တွင် မျက်နှာများတဲ့ မိုးကောင်းကင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် အဖြစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုကို ရရှိခဲ့သည်။ ၂၀၁၁ခုနှစ်၊ဇန်နဝါရီလ (၁)ရက်နေ့တွင် ပြေတီဦးနှင့် လက်ထပ်ခဲ့သည်။

Credit:Myanmarload

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top