iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခ်ိဳ႕စံုတြဲေတြက အခ်ိန္အၾကာႀကီး လက္တြဲႏိုင္ၾကေပမယ့္ တစ္ခိ်ဳ႕ စံုတြဲ ေတြ ရဲ႕ ခ်စ္ခရီးလမ္းကေတာ့ ခဏပဲၾကာၿပီး ျပတ္စဲသြားၾကပါတယ္။ေရရွည္ လက္ တြဲျဖစ္တဲ့ စံုတြဲေတြၾကားမွာ သူမ်ားနဲ႔မတူတဲ့ အခ်က္ေတြ ရွိပါတယ္။ခ်စ္သူနဲ႔ ေရ ရွည္လက္တြဲ ခိုင္ၿမဲလိုသူတိုင္း လိုက္နာသင့္တဲ့ အခ်က္ေလးေတြရွိပါတယ္။ ဒီအ ခ်က္ေတြကို လိုက္နာမယ္ဆိုရင္ေတာ့ ခ်စ္သူေတြၾကားမွာ နားလည္မႈ လြဲတဲ့ ျဖစ္ရပ္မ်ိဳးေတြကေန ေရွာင္လႊဲႏိုင္မွာျဖစ္ပါတယ္။

(1)ျပႆနာေတြကို ေျဖရွင္း

ခ်စ္သူစံုတြဲတိုင္းဟာ ေန႔တိုင္းလိုလို ျပႆနာေတြနဲ႔ ရင္ဆိုင္ရတတ္ပါတယ္။ျပ ႆနာေသးေသးေလးေတြကအစ အႀကီးႀကီးေတြ အဆံုး တေန႔တစ္မ်ိဳး မရိုးေ အာင္ ႀကံဳရတတ္ပါတယ္။အေသးအဖြဲ႕ေလးပါ ဆိုၿပီး မေျဖရွင္းပဲ မ်ိဳသိပ္ ထား တာေတြမ်ားလာရင္ေတာ့ အဲ့ဒီေတြက ၾကာလာရင္ စံုတြဲေတြရဲ႕ ခ်စ္ဇာတ္လမ္း ကို အဆံုးသတ္သြားေစႏိုင္တဲ့ အထိအေျခအေနျပင္းထန္ႏိုင္သြားတတ္ပါတယ္။ ခ်စ္ခရီးလမ္းခိုင္ၿမဲတဲ့ စံုတြဲေတြမွာဆိုရင္ေတာ့ ဘယ္ေတာ့မဆို ျပႆနာေသးေ သးေလးကအစ အတူတူေျဖရွင္းတာ၊သူ႔ျပႆနာ၊ကိုယ့္ျပႆနာေတြကို အတူ ေ၀မွ်ေပးတဲ့ အမူအက်င့္ေတြကို ေတြ႔ရတတ္ပါတယ္။

(2)ပြင့္ပြင့္လင္း ေဆြးေႏြး

ကိုယ့္ရဲ႕ခ်စ္သူနဲ႔ပြင့္ပြင့္လင္းလင္းေျပာဆို ဆက္ဆံတတ္တဲ့ အက်င့္မ်ိဳးကိုလည္း ေတြ႔ရတတ္ပါတယ္။တစ္ေယာက္စကားကို တစ္ေယာက္ နားေထာင္ေပးတတ္ တဲ့ အက်င့္ကိုလည္း ေမြးျမဴေပးသင့္ပါတယ္။ပြင့္ပြင့္လင္းေျပာဆိုဆက္ဆံေနတဲဲ့ လူႏွစ္ဦးရဲ႕ ၾကားမွာ နားလည္မႈလြဲတယ္ဆိုတဲ့ အေျခအေနမ်ိဳး ေရာက္လာဖို႔ ဆုိတာဟာ ျဖစ္ႏိုင္ခဲပါတယ္။ျဖစ္လာမယ့္ ျပႆနာေတြကို ႀကိဳတင္ ကာကြယ္ ထားႏိုင္တ့ဲ အေကာင္းဆံုး နည္းလမ္းပါ။ႏွစ္ဦးၾကား ဆက္ဆံေရးပြင့္လင္း ေနဖို႔ အတြက္ လုပ္ရမယ့္ အခ်က္ကေတာ့ ေမးခြန္းေတြေမးပါ၊မ်က္လံုးခ်င္း  eye contact ရွိပါ။တစ္ခုခုကို ေျပာဖို႔ ဘယ္ေတာ့မွွ မတံု႔ေႏွးပါနဲ႔။

(3)ရိုမန္တစ္ဆန္တဲ့ အခိုက္အတန္႔မ်ိဳးေလးေတြ ဖန္တီးေပးပါ

ခိုင္ၿမဲတဲ့ ခ်စ္သူေတြၾကားမွာ လိုအပ္ေနတဲ့ တျခားအခ်က္တစ္ခုကေတာ့ ရိုမန္ တစ္ဆန္တဲ့ အခိုက္အတန္႔မ်ိဳးေလးေတြ ဖန္တီးေပးပါ။ဘယ္ေလာက္ပဲ ရိုမန္တ စ္မဆန္တတ္ပါဘူးဆိုတဲ့သူပဲျဖစ္ပါေစ ကိုယ့္ခ်စ္သူနဲ႔ေတာ့ တစ္ခါတစ္ေ လ မွာၾကည္ႏူးစရာေကာင္းတဲ့ ရုိမန္တစ္ ဆန္တဲ့ အခိုက္အတန္႔ေလးေတြကို အတူတူကုန္ဆံုးခ်င္တဲ့ စိတ္ရွိပါတယ္။ဥပမာ- သူႏွစ္သက္တဲ့ လက္ေဆာင္ ေသးေသးေလးေ တြကို Surprise လုပ္ေပးတာမ်ိဳး၊ႏွစ္္ေယာက္တည္းအတူ ေပ်ာ္ပြဲစားထြက္ တာမ်ိဳး အဲ့ဒီလိုမ်ိဳးေလးေတြ လုပ္ေပးပါ။ႏွစ္ေယာက္တည္း အတူေအးေဆး ရွိေ နတဲ့ အခ်ိန္ေလးေတြကို ဖန္တီးေပးပါ။

(4)ကတိစကားေတြ ထားပါ(သတိရေအာင္လည္း ျပန္ေျပာေပး)

ခ်စ္သူေတြၾကားမွာ ဒါကလည္း အေရးႀကီးတဲ့ အခ်က္တစ္ခ်က္ပါ။တစ္ေယာက္နဲ႔ တစ္ေယာက္ၾကားမွာ ကတိေတြထားတာမ်ိဳး လုပ္ေပးဖို႔လိုပါတယ္။ထားခဲ့တဲ့ ကတိေတြကိုလည္း ျပန္အမွတ္ရေနဖို႔ မၾကာခဏ ျပန္ေျပာေပးတာေတြလည္း လုပ္ေပးဖုိ႔လိုပါတယ္။နည္းနည္းေတာ့ ကေလးဆန္တဲ့ အျပဳအမႈလိို႔ ထင္ေကာင္း ထင္ေပမယ့္ လုပ္ေပးဖုိ႔ လိုပါတယ္။ဥပမာ-တစ္ေယာက္နဲဲ႔တစ္ေယာက္ သစၥာ ရွိေၾကးဆိုတဲ့ ကတိမ်ိဳးပါ။ဒီလိုကတိမ်ိဳးကို အျပန္အလွန္ သတိေပးျခင္းအားျဖင့္ သစၥာပ်က္ျပားမယ့္ အေျခအေနတစ္ခ်ိဳ႕ကို ေရွာင္ႏိုင္ပါလိိမ့္မယ္။(ဒါေပမယ့္ ေဖာက္ ျပန္ခ်င္တဲ့သူကေတာ့ ေဖာက္ျပန္တတ္တာပဲမို႔ ဒါကေတာ့ ခၽြင္းခ်က္ပါ)

Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
တစ်ချို့စုံတွဲတွေက အချိန်အကြာကြီး လက်တွဲနိုင်ကြပေမယ့် တစ်ချို့ စုံတွဲ တွေ ရဲ့ ချစ်ခရီးလမ်းကတော့ ခဏပဲကြာပြီး ပြတ်စဲသွားကြပါတယ်။ရေရှည် လက် တွဲဖြစ်တဲ့ စုံတွဲတွေကြားမှာ သူများနဲ့မတူတဲ့ အချက်တွေ ရှိပါတယ်။ချစ်သူနဲ့ ရေ ရှည်လက်တွဲ ခိုင်မြဲလိုသူတိုင်း လိုက်နာသင့်တဲ့ အချက်လေးတွေရှိပါတယ်။ ဒီအ ချက်တွေကို လိုက်နာမယ်ဆိုရင်တော့ ချစ်သူတွေကြားမှာ နားလည်မှု လွဲတဲ့ ဖြစ်ရပ်မျိုးတွေကနေ ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။

(1)ပြဿနာတွေကို ဖြေရှင်း

ချစ်သူစုံတွဲတိုင်းဟာ နေ့တိုင်းလိုလို ပြဿနာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ပြ ဿနာသေးသေးလေးတွေကအစ အကြီးကြီးတွေ အဆုံး တနေ့တစ်မျိုး မရိုးေ အာင် ကြုံရတတ်ပါတယ်။အသေးအဖွဲ့လေးပါ ဆိုပြီး မဖြေရှင်းပဲ မျိုသိပ် ထား တာတွေများလာရင်တော့ အဲ့ဒီတွေက ကြာလာရင် စုံတွဲတွေရဲ့ ချစ်ဇာတ်လမ်း ကို အဆုံးသတ်သွားစေနိုင်တဲ့ အထိအခြေအနေပြင်းထန်နိုင်သွားတတ်ပါတယ်။ ချစ်ခရီးလမ်းခိုင်မြဲတဲ့ စုံတွဲတွေမှာဆိုရင်တော့ ဘယ်တော့မဆို ပြဿနာသေးေ သးလေးကအစ အတူတူဖြေရှင်းတာ၊သူ့ပြဿနာ၊ကိုယ့်ပြဿနာတွေကို အတူ ဝေမျှပေးတဲ့ အမူအကျင့်တွေကို တွေ့ရတတ်ပါတယ်။

(2)ပွင့်ပွင့်လင်း ဆွေးနွေး

ကိုယ့်ရဲ့ချစ်သူနဲ့ပွင့်ပွင့်လင်းလင်းပြောဆို ဆက်ဆံတတ်တဲ့ အကျင့်မျိုးကိုလည်း တွေ့ရတတ်ပါတယ်။တစ်ယောက်စကားကို တစ်ယောက် နားထောင်ပေးတတ် တဲ့ အကျင့်ကိုလည်း မွေးမြူပေးသင့်ပါတယ်။ပွင့်ပွင့်လင်းပြောဆိုဆက်ဆံနေတဲ့ လူနှစ်ဦးရဲ့ ကြားမှာ နားလည်မှုလွဲတယ်ဆိုတဲ့ အခြေအနေမျိုး ရောက်လာဖို့ ဆိုတာဟာ ဖြစ်နိုင်ခဲပါတယ်။ဖြစ်လာမယ့် ပြဿနာတွေကို ကြိုတင် ကာကွယ် ထားနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပါ။နှစ်ဦးကြား ဆက်ဆံရေးပွင့်လင်း နေဖို့ အတွက် လုပ်ရမယ့် အချက်ကတော့ မေးခွန်းတွေမေးပါ၊မျက်လုံးချင်း  eye contact ရှိပါ။တစ်ခုခုကို ပြောဖို့ ဘယ်တော့မှှ မတုံ့နှေးပါနဲ့။

(3)ရိုမန်တစ်ဆန်တဲ့ အခိုက်အတန့်မျိုးလေးတွေ ဖန်တီးပေးပါ

ခိုင်မြဲတဲ့ ချစ်သူတွေကြားမှာ လိုအပ်နေတဲ့ တခြားအချက်တစ်ခုကတော့ ရိုမန် တစ်ဆန်တဲ့ အခိုက်အတန့်မျိုးလေးတွေ ဖန်တီးပေးပါ။ဘယ်လောက်ပဲ ရိုမန်တ စ်မဆန်တတ်ပါဘူးဆိုတဲ့သူပဲဖြစ်ပါစေ ကိုယ့်ချစ်သူနဲ့တော့ တစ်ခါတစ်ေ လ မှာကြည်နူးစရာကောင်းတဲ့ ရိုမန်တစ် ဆန်တဲ့ အခိုက်အတန့်လေးတွေကို အတူတူကုန်ဆုံးချင်တဲ့ စိတ်ရှိပါတယ်။ဥပမာ- သူနှစ်သက်တဲ့ လက်ဆောင် သေးသေးလေးေ တွကို Surprise လုပ်ပေးတာမျိုး၊နှစ်ယောက်တည်းအတူ ပျော်ပွဲစားထွက် တာမျိုး အဲ့ဒီလိုမျိုးလေးတွေ လုပ်ပေးပါ။နှစ်ယောက်တည်း အတူအေးဆေး ရှိေ နတဲ့ အချိန်လေးတွေကို ဖန်တီးပေးပါ။

(4)ကတိစကားတွေ ထားပါ(သတိရအောင်လည်း ပြန်ပြောပေး)

ချစ်သူတွေကြားမှာ ဒါကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါ။တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ကတိတွေထားတာမျိုး လုပ်ပေးဖို့လိုပါတယ်။ထားခဲ့တဲ့ ကတိတွေကိုလည်း ပြန်အမှတ်ရနေဖို့ မကြာခဏ ပြန်ပြောပေးတာတွေလည်း လုပ်ပေးဖို့လိုပါတယ်။နည်းနည်းတော့ ကလေးဆန်တဲ့ အပြုအမှုလို့ ထင်ကောင်း ထင်ပေမယ့် လုပ်ပေးဖို့ လိုပါတယ်။ဥပမာ-တစ်ယောက်နဲ့တစ်ယောက် သစ္စာ ရှိကြေးဆိုတဲ့ ကတိမျိုးပါ။ဒီလိုကတိမျိုးကို အပြန်အလှန် သတိပေးခြင်းအားဖြင့် သစ္စာပျက်ပြားမယ့် အခြေအနေတစ်ချို့ကို ရှောင်နိုင်ပါလိမ့်မယ်။(ဒါပေမယ့် ဖောက် ပြန်ချင်တဲ့သူကတော့ ဖောက်ပြန်တတ်တာပဲမို့ ဒါကတော့ ချွင်းချက်ပါ)

Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top