iMyanmarHouse.com - Best Property Website for Myanmar
×






Credit:Duwun

#Unicode Version
သူငယ်ချင်းတွေပါလို့ ပြောထားတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံတွေကတော့ ပရိသတ်တွေအတွက် မေးခွန်းထုတ်စရာတွေ ဖြစ်လို့ နေပါတယ်။
သင်္ကြန်တုန်းက TMF ပွဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံမှာ ရဲရင့်အောင်က ဧငြိမ်းဖြူရဲ့ပခုံးကို ဖက်ထားပြီး ဧငြိမ်းဖြူကတော့ ရဲရင့်အောင်ရဲ့ ခါးကို ဖက်ထားကာ နှစ်ယောက်သား ပြုံးပျော်နေပါတယ်။ လွန်ခဲ့တဲ့ သုံးလလောက်က အင်တာဗျူးတွေ မှာတော့ သူတို့နှစ်ယောက်က သူငယ်ချင်းတွေပါလို့ ဧငြိမ်းဖြူက ဖြေထားခဲ့ဖူးပါတယ်။

သူတို့ရဲ့ ပရိသတ်တွေကတော့ ဘာလို ကောလာဟလတွေပဲ ထွက်ထွက် သူတို့နှစ်ယောက်ကို သဘောတူကြောင်း သူတို့ ပျော်ဖို့သာ အဓိကပါပဲလို့ ဆိုထားတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။
ဧငြိမ်းဖြူဟာ Laurel Art အကယ်ဒမီ ကျောင်းမှ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး  အခုနောက်ပိုင်းမှာ ရေဒီယို ကတ်ဆက် ဇာတ်လမ်း တွဲတွေကနေ ပရိသတ်အားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။


သူမကို ယခုလို ဝေဖန်အကြံပေးတဲ့အတွက်လည်း ကျေးဇူးတင်သလို ချစ်တဲ့ပရိသတ်တွေအတွက် ပိုချစ်လာအောင် ကြိုးစားသွားမှာ ဖြစ်သလို မချစ်တဲ့ ပရိသတ်တွေအတွက်ကိုလည်း ချစ်လာအောင် ဝေဖန်မှုတွေကို လက်ခံပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ်လို့ 7day Daily ရဲ့ အင်တာဗျူးမှာ ယခင်က ဖြေဆိုပေးခဲ့ဖူးပါတယ်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:Duwun
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top