iMyanmarHouse.com - Best Property Website for Myanmar
×









လူကြီးတွေစီစဉ်မှုကြောင့် အချစ်မပါဘဲ လက်ထပ်လိုက်ရတဲ့အခါ...




Credit:Momolay
ပို့သပေးပါတယ်။

#Unicode Version
လက်ထပ်ခြင်းဆိုတာ မိသားစု အဝန်းဝိုင်းလေးတစ်ခုတည်ထောင်ခြင်းဖြစ်ပါတယ်။ လူငယ်တွေဟာ အချိန်တန်အရွယ်ရောက်လာတဲ့အခါ မိမိချစ်ခင်နှစ်သက်တဲ့သူနဲ့တွေ့ပြီး အိမ်ထောင်ပြု ကြသလို မိဘတွေစိတ်တိုင်းကျ ပေးစားတဲ့သူရှိတဲ့အခါ မှာလည်း အိမ်ထောင်ပြု ကြရပါတယ်။
ဒါကြောင့်လက်ထပ်ခြင်းမှာ တချို့က အချစ်ပေါ်မှာ အခြေခံပြီး တချို့ကတော့ လူကြီးမိဘတွေရဲ့ စီစဉ်မှုပေါ်မှာ အခြေခံလို့ ဖြစ်လာခဲ့ပါတယ်။

*** အချစ်ပါသောလက်ထပ်ခြင်း ***

ကိုယ်ချစ်ရတဲ့ ကိုယ်ချစ်သူနဲ့ လက်ထပ်တဲ့အခါ...
- တစ်ယောက်အကြောင်းတစ်ယောက် အသေးစိတ်သိနေကြပြီဖြစ်လို့ ပြဿနာတွေကြုံတွေ့လာတဲ့အချိန်မှာ အပြန်အလှန် နားလည်ပေးနိုင်ကြပါတယ်။

- စိတ်ဖိစီးမှုတွေရှိမနေဘဲ စိတ်လက်ပေါ့ပါးပြီး လွတ်လပ်ပျော်ရွှင်မှုကိုလည်း ခံစားရစေပါတယ်။

- တစ်ယောက်မျက်နှာ တစ်ယောက်နေ့စဉ် မြင်တွေ့ရတဲ့အခါ မှာလည်း ဖော်မပြနိုင်တဲ့ ကြည်နူးပျော်ရွှင်မှုတွေကို ရရှိနိုင်ပါတယ်။

- ဘဝမှာ အဆင်မပြေမှုတွေရှိခဲ့တယ် ဆိုရင်တောင် ဘယ်တော့ မှ လက်တွဲမဖြုတ်တတ်ကြပဲ တစ်ဦးအပေါ်တစ်ဦး ဖေးမနားလည်ပေးရင်း သက်ဆုံးတိုင် အတူတကွ ပေါင်းသင်းနေထိုင်သွားတတ်ကြပါတယ်။

- အချစ်ကြောင့် လက်ထပ်ခြင်းမှာ အမျိုးသမီးက အမျိုးသားကို မှီခိုချင်ရုံ စိတ်နဲ့လက်ထပ်ခြင်းမဟုတ်ဘဲ အတူရုန်းကန်ကြမယ်ဆိုတဲ့ စိတ်ကြောင့်သာဖြစ်ပါတယ်။

*** အချစ်မပါသောလက်ထပ်ခြင်း ***

လူကြီးတွေစီစဉ်မှုကြောင့့်် အချစ်မပါဘဲ လက်ထပ်လိုက်ရတဲ့အခါ...
- တစိမ်းလူတစ်ယောက်နဲ့ အံဝင်ခွင်ကြဖြစ်အောင် အရင်ကြိုးစားရပါတယ်။
- တစ်ယောက်အကြိုက် တစ်ယောက်မသိတဲ့အတွက် အခက်အခဲတွေရှိနိုင်ပါတယ်။

- ငွေနဲ့ဝယ်ယူထားတဲ့ အိမ်ထောင်ရေးဖြစ်နေတာကြောင့် ချစ်ခြင်းမေတ္တာတွေရှိမနေပဲ ရပိုင်ခွင့်တွေပဲ တွက်နေနိုင်တာမို့ သာယာတဲ့ပျော်ရွှင်ခြင်းတွေမရှိနိုင်ပါဘူး။

- တစ်ယောက်နေမကောင်းမကျန်းမာဖြစ်တဲ့အခါမှာလည်း တစ်ယောက်က ကြင်နာနွေးထွေးတဲ့စောင့်ရှောက်မှုတွေပေးနိုင်မှာ မဟုတ်ဘဲ ဝတ္တရားအရဆောင်ရွက်ပေးမှုတွေသာရှိနိုင်ပါတယ်။

- တစ်ယောက်နဲ့တစ်ယောက် ကြင်နာမှုချစ်ခြင်းမေတ္တာတွေ မရှိတဲ့အခါမှာ နောက်ကွယ်မှာ ဖောက်ပြန်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

Credit:Momolay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top