iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေၾကာင့္ ဝမ္းနည္းပူေဆြးရမွာကို ဘယ္သူကမွမလိုခ်င္ၾကဘူး။ ဘဝတစ္ေလွ်ာက္လံုးကို ခ်စ္သူနဲ႔ပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းခ်င္ၾကတာေလ။ Single ဘဝနဲ႔ ေနခဲ့တုန္းက အေကာင္းသား။ ရည္းစားထားမိေတာ့မွ စိတ္ေရာကိုယ္ပါ အက်ဥ္းခ်ခံရသလို မလြတ္လပ္ေတာ့ဘူး၊ မေပ်ာ္႐ႊင္ေတာ့ဘူးလို႔ ခံစားမိတာကမွ ပိုဆိုးပါတယ္။ ခ်စ္သူနဲ႔အခ်ိန္အၾကာႀကီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ လက္တြဲခ်င္ရင္ သူ႔ဆီက ဒါေတြကိုသိထားဖုိ႔လိုပါတယ္။

၁။ ကိုယ္နဲ႔လက္တြဲေနရတဲ့အေပၚ

ကိုယ္ကခ်ည္းသူ႔ကိုခ်စ္ေနရတာမဟုတ္သလို သူကလည္း ကိုယ့္ကိုေပးဆပ္ေနတာ မဟုတ္ပါဘူး။ တစ္ေယာက္တစ္ေယာက္ အျပန္အလွန္ ခံစားခ်က္ေတြရွိေနၾကတဲ့ Relationship ျဖစ္ပါတယ္။ သူကေရာ အဲ့ဒီအတုိင္း လက္ခံရဲ႕လား။ အဲ့ဒီလိုမခံစားရဘူးဆုိရင္ေတာ့ သိပ္မေကာင္းဘူးေနာ္။

၂။ ကေလးယူျခင္းနဲ႔ပတ္သက္ၿပီးသူ႔ရဲ႕ရပ္တည္ခ်က္

ဘဝရဲ႕လက္က်န္ေန႔ရက္ေတြကို ႏွစ္ေယာက္အတူ ျဖတ္သန္းေတာ့မယ္ဆို ကေလးယူတာလည္း ပါလာၿပီ။ ကေလးယူတာနဲ႔ပတ္သက္ၿပီး သူ႔ရဲ႕ရပ္တည္ခ်က္က ဘယ္လိုလဲဆိုတာ အေသးစိတ္ သိထားရပါမယ္။ ကိုယ္က ကေလးခ်စ္ေပမဲ့ သူက ကေလးမယူခ်င္ဘူးဆုိရင္ ဘယ္လိုလုပ္မလဲ? ကေလးခ်စ္တယ္ဆုိရင္ေတာင္မွ ကိုယ္က ကေလးကိုရိုက္ႏွက္ရတာမႀကိဳက္ဘူး၊ သူက တင္းတင္းက်ပ္က်ပ္ ဆံုးမတတ္သူဆုိရင္ေတာ့ အေတာ္ညႇိရပါဦးမယ္။

၃။ အရင္ရည္းစားနဲ႔ဘာေၾကာင့္ျပတ္ခဲ့တာလဲ

ရည္းစားေဟာင္းအေၾကာင္းကို စိတ္ဝင္စားတာမဟုတ္ပါဘူး။ ဘာေၾကာင့္ျပတ္သြားခဲ့ရတာလဲဆုိတာ သိထားမွ ေနာက္ထပ္အမွားေတြ မက်ဴးလြန္မိမွာေလ။ ကိုယ္လည္း အရင္လူနဲ႔ ဘယ္လိုေတြျဖစ္ၿပီး ျပတ္သြားတယ္ဆုိတာ သူ႔ကိုအသိေပးထားရမွာေပါ့။

၄။ အားလပ္ရက္ကိုသံုးစြဲပံုေတြက တူညီရဲ႕လား

အလုပ္နဲ႔ တာဝန္ဝတၱရားေတြမရွိတဲ့ အားလပ္ခ်ိန္ေလးေတြမွာ သူက ဘာလုပ္ရတာ ဝါသနာပါလဲဆိုတာကို သိထားဖုိ႔ လိုပါတယ္။ အားလပ္ခ်ိန္ေတြကို အတူျဖတ္သန္းဖုိ႔က စိတ္သေဘာထားခ်င္း ဝါသနာခ်င္းမတူရင္ နားလည္လက္ခံေပးဖုိ႔ႀကိဳးစားရပါဦးမယ္။

၅။ ခ်စ္မႈေရးရာ

လိင္ကိစၥကို အေျခခံထားတဲ့ အခ်စ္ေရးက ဘယ္လိုမွ မတည္ၿမဲပါဘူး။ ဒါေပမဲ့ မပါလို႔လည္း မျဖစ္ျပန္ဘူးေလ။ အဲ့ဒီအေပၚ သူ႔ဘက္ကေရာ ဘယ္လုိျမင္လဲ? ကိုယ္က သူနဲ႔ နာရီအေတာ္ၾကာ အထိအေတြ႕လိုခ်င္တယ္ဆုိရင္ သူ႔ဘက္ကစိတ္ပါရဲ႕လားဆုိတာ ပြင့္ပြင့္လင္းလင္းသာ ေမးၾကည့္ပါ။

၆။ ရန္ျဖစ္ရင္ ဘယ္လို႐ွင္းလဲ

လုပ္ေဖာ္ကိုင္ဖက္၊ မိတ္ေဆြ၊ သူစိမ္း ဘယ္သူနဲ႔ပဲ ရန္ျဖစ္စကားမ်ားပါေစ သူဘယ္လိုတံု႔ျပန္လဲဆုိတာ သိေအာင္လုပ္ပါ။ တခ်ိဳ႕က ရန္သူကို သန္႔သန္႔ရွင္းရွင္း တုိက္ခိုက္ၾကေပမဲ့ တခ်ိဳ႕ကေတာ့ အႏုိင္ရဖို႔အတြက္ ေကာက္က်စ္တဲ့နည္းလမ္းကို သံုးၾကတယ္။ ဒါကိုသိထားတဲ့အခါ သူနဲ႔ကိုယ္ ကေတာက္ကဆျဖစ္တဲ့အခါ ဆင္ျခင္လို႔ရတာေပါ့။

၇။ ကိုယ္မႀကိဳက္တာ၊ သူမႀကိဳက္တာ

ကိုယ့္ဆီမွာ သူမႀကိဳက္ဆံုးအရာက ဘာလဲ? သူ႔ဆီမွာေရာ ကိုယ္မႀကိဳက္ဆံုးအရာေတြက ဘာေတြလဲ? ဒါေတြက ျပင္ဆင္လုိ႔မရဘူးလား၊ ျပင္ဆင္ဖုိ႔ မႀကိဳးစားခ်င္တာလား၊ ျပင္ဆင္စရာမလိုဘူးထင္လို႔ မျပင္တာလားဆုိတာေတြကို ေဆြးေႏြးရပါဦးမယ္။

Credit:duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အချစ်ကြောင့် ဝမ်းနည်းပူဆွေးရမှာကို ဘယ်သူကမှမလိုချင်ကြဘူး။ ဘဝတစ်လျှောက်လုံးကို ချစ်သူနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ကြတာလေ။ Single ဘဝနဲ့ နေခဲ့တုန်းက အကောင်းသား။ ရည်းစားထားမိတော့မှ စိတ်ရောကိုယ်ပါ အကျဉ်းချခံရသလို မလွတ်လပ်တော့ဘူး၊ မပျော်ရွှင်တော့ဘူးလို့ ခံစားမိတာကမှ ပိုဆိုးပါတယ်။ ချစ်သူနဲ့အချိန်အကြာကြီး ပျော်ပျော်ရွှင်ရွှင် လက်တွဲချင်ရင် သူ့ဆီက ဒါတွေကိုသိထားဖို့လိုပါတယ်။

၁။ ကိုယ်နဲ့လက်တွဲနေရတဲ့အပေါ်

ကိုယ်ကချည်းသူ့ကိုချစ်နေရတာမဟုတ်သလို သူကလည်း ကိုယ့်ကိုပေးဆပ်နေတာ မဟုတ်ပါဘူး။ တစ်ယောက်တစ်ယောက် အပြန်အလှန် ခံစားချက်တွေရှိနေကြတဲ့ Relationship ဖြစ်ပါတယ်။ သူကရော အဲ့ဒီအတိုင်း လက်ခံရဲ့လား။ အဲ့ဒီလိုမခံစားရဘူးဆိုရင်တော့ သိပ်မကောင်းဘူးနော်။

၂။ ကလေးယူခြင်းနဲ့ပတ်သက်ပြီးသူ့ရဲ့ရပ်တည်ချက်

ဘဝရဲ့လက်ကျန်နေ့ရက်တွေကို နှစ်ယောက်အတူ ဖြတ်သန်းတော့မယ်ဆို ကလေးယူတာလည်း ပါလာပြီ။ ကလေးယူတာနဲ့ပတ်သက်ပြီး သူ့ရဲ့ရပ်တည်ချက်က ဘယ်လိုလဲဆိုတာ အသေးစိတ် သိထားရပါမယ်။ ကိုယ်က ကလေးချစ်ပေမဲ့ သူက ကလေးမယူချင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ? ကလေးချစ်တယ်ဆိုရင်တောင်မှ ကိုယ်က ကလေးကိုရိုက်နှက်ရတာမကြိုက်ဘူး၊ သူက တင်းတင်းကျပ်ကျပ် ဆုံးမတတ်သူဆိုရင်တော့ အတော်ညှိရပါဦးမယ်။

၃။ အရင်ရည်းစားနဲ့ဘာကြောင့်ပြတ်ခဲ့တာလဲ

ရည်းစားဟောင်းအကြောင်းကို စိတ်ဝင်စားတာမဟုတ်ပါဘူး။ ဘာကြောင့်ပြတ်သွားခဲ့ရတာလဲဆိုတာ သိထားမှ နောက်ထပ်အမှားတွေ မကျူးလွန်မိမှာလေ။ ကိုယ်လည်း အရင်လူနဲ့ ဘယ်လိုတွေဖြစ်ပြီး ပြတ်သွားတယ်ဆိုတာ သူ့ကိုအသိပေးထားရမှာပေါ့။

၄။ အားလပ်ရက်ကိုသုံးစွဲပုံတွေက တူညီရဲ့လား

အလုပ်နဲ့ တာဝန်ဝတ္တရားတွေမရှိတဲ့ အားလပ်ချိန်လေးတွေမှာ သူက ဘာလုပ်ရတာ ဝါသနာပါလဲဆိုတာကို သိထားဖို့ လိုပါတယ်။ အားလပ်ချိန်တွေကို အတူဖြတ်သန်းဖို့က စိတ်သဘောထားချင်း ဝါသနာချင်းမတူရင် နားလည်လက်ခံပေးဖို့ကြိုးစားရပါဦးမယ်။

၅။ ချစ်မှုရေးရာ

လိင်ကိစ္စကို အခြေခံထားတဲ့ အချစ်ရေးက ဘယ်လိုမှ မတည်မြဲပါဘူး။ ဒါပေမဲ့ မပါလို့လည်း မဖြစ်ပြန်ဘူးလေ။ အဲ့ဒီအပေါ် သူ့ဘက်ကရော ဘယ်လိုမြင်လဲ? ကိုယ်က သူနဲ့ နာရီအတော်ကြာ အထိအတွေ့လိုချင်တယ်ဆိုရင် သူ့ဘက်ကစိတ်ပါရဲ့လားဆိုတာ ပွင့်ပွင့်လင်းလင်းသာ မေးကြည့်ပါ။

၆။ ရန်ဖြစ်ရင် ဘယ်လိုရှင်းလဲ

လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေ၊ သူစိမ်း ဘယ်သူနဲ့ပဲ ရန်ဖြစ်စကားများပါစေ သူဘယ်လိုတုံ့ပြန်လဲဆိုတာ သိအောင်လုပ်ပါ။ တချို့က ရန်သူကို သန့်သန့်ရှင်းရှင်း တိုက်ခိုက်ကြပေမဲ့ တချို့ကတော့ အနိုင်ရဖို့အတွက် ကောက်ကျစ်တဲ့နည်းလမ်းကို သုံးကြတယ်။ ဒါကိုသိထားတဲ့အခါ သူနဲ့ကိုယ် ကတောက်ကဆဖြစ်တဲ့အခါ ဆင်ခြင်လို့ရတာပေါ့။

၇။ ကိုယ်မကြိုက်တာ၊ သူမကြိုက်တာ

ကိုယ့်ဆီမှာ သူမကြိုက်ဆုံးအရာက ဘာလဲ? သူ့ဆီမှာရော ကိုယ်မကြိုက်ဆုံးအရာတွေက ဘာတွေလဲ? ဒါတွေက ပြင်ဆင်လို့မရဘူးလား၊ ပြင်ဆင်ဖို့ မကြိုးစားချင်တာလား၊ ပြင်ဆင်စရာမလိုဘူးထင်လို့ မပြင်တာလားဆိုတာတွေကို ဆွေးနွေးရပါဦးမယ်။


Credit:duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top