iMyanmarHouse.com - Best Property Website for Myanmar
×

သံပရာသီးနဲ႔ယွဥ္ရင္ သံပ႐ိုသီးေတြက ပိုၿပီးလြယ္လြယ္ကူကူ ဝယ္ယူႏုိင္ပါတယ္။ သံပ႐ိုသီးက အလံုးလည္းပိုႀကီးကာ အရည္လည္း႐ႊမ္းပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ခ်က္ျပဳတ္တဲ့အခါ သံပရာသီးကိုသံုးရင္ တစ္ခါတစ္ေလမွာ ခါးသြားတတ္ေပမဲ့ သံပ႐ိုကေတာ့ ဟင္းလ်ာကိုမခါးေစပါဘူး။ အသီးတင္မက အခြံကအစ အသံုးဝင္တဲ့ သံပ႐ိုကို ဒီလိုေတြ အသံုးခ်ႏိုင္ပါတယ္။

၁။ သံပ႐ိုခြံေတြကိုလည္း ဟင္းခတ္အျဖစ္ သံုးႏိုင္ပါေသးတယ္။ အခြံေတြကို ေရခဲေသတၱာထဲမွာသိမ္းထားပါ။ လိုအပ္လာရင္ ပါးပါးလွီး/ႏုပ္ႏုပ္စဥ္းၿပီး ဟင္းအနံ႔ေမႊးေအာင္ ခတ္လို႔ရပါတယ္။

၂။ ယိုထိုးစားလို႔လည္းရတယ္။ အစာေၾက ရင္ေခ်ာင္တယ္။ သၾကား သို႔မဟုတ္ ထန္းလ်က္နဲ႔ ယိုထိုးႏိုင္ပါတယ္။

၃။ အေအး၊ ေကာ့ေတး ခြက္ရဲ႕ ႏႈတ္ခမ္းေလးမွာ သံပ႐ိုခြံကို အလိမ္ေလးျဖစ္ေအာင္လုပ္ၿပီး အလွဆင္ႏုိင္တယ္။

၄။ ခ်ိဳင္းၾကား၊ ဒူးေခါင္း၊ တံေတာင္ဆစ္ မဲေနတာေတြကို ပြတ္တိုက္ေပးလို႔ ရပါတယ္။

၅။ လက္သည္းေတြ ဝါေနရင္ သံုးၿပီးသား သံပ႐ိုခြံနဲ႔ ပြတ္တုိက္ေပးတဲ့အခါ ၾကည္လင္လာပါလိမ့္မယ္။

၆။ သံပ႐ိုခြံေတြကို ပုလင္းတစ္လံုးထဲထည့္၊ အေပၚကေန ဗီနီဂါျဖည့္ၿပီး အဖံုးကို လံုေအာင္ပိတ္သိမ္းပါ။ ေရခ်ိဳးခန္းေၾကြျပားေတြ၊ ေဘစင္ေတြကို သန္႔ရွင္းေရးလုပ္တဲ့အခါ ေရနဲ႔ဆတူေရာၿပီး အသံုးျပဳလို႔ရပါတယ္။

၇။ ပု႐ြက္ဆိတ္ေတြလာေနတဲ့ လမ္းေၾကာင္းမွာ သံပ႐ိုခြံေတြ ခ်ထားလိုက္ရင္ ပု႐ြက္ဆိတ္ေတြ မလာႏိုင္ေတာ့ပါဘူး။

၈။ ေရခဲေသတၱာထဲမွာ အနံ႔အသက္မေကာင္းေတာ့ဘူးဆုိရင္ သံပ႐ိုခြံေတြကို တစ္ညေလာက္ထားေပးလိုက္။ မနက္ဆုိ အနံ႔ေတြေပ်ာက္ကုန္ေရာ။

၉။ အမႈိက္ပံုးထဲက အနံ႔အသက္ဆုိးေတြကိုလည္း ေလ်ာ့ပါးေစတယ္။

၁၀။ မိုက္ခ႐ိုေဝ့ဗ္မီးဖုိ အတြင္းပိုင္းနံရံမွာ စြန္းထင္းေနတဲ့ အစြန္းေတြကို လြယ္လြယ္နဲ႔ခၽြတ္မရဘူးမို႔လား။ ခြက္တစ္လံုးထဲကို သံပ႐ုိခြံထည့္၊ ေရထည့္ၿပီး မိုက္ခ႐ိုေဝ့ဗ္ကို ၂ မိနစ္ေလာက္ ဖြင့္ထားလုိက္ပါ။ ကပ္ေနတဲ့အစြန္းေတြလည္း ေပ်ာ္က်ၿပီး အသာအယာသုတ္ယူႏိုင္ပါလိမ့္မယ္။

၁၁။ ေရေႏြးအိုး၊ ေကာ္ဖီအိုးမွာ ကပ္ေနတဲ့ ဂ်ိဳးေတြကိုလည္း ဖယ္ရွားလို႔ရပါေသးတယ္။ အိုးထဲကို သံပ႐ိုခြံ လက္တစ္ဆုပ္ေလာက္ထည့္ၿပီး ေရေႏြးထည့္ကာ ခလုတ္ဖြင့္ထားလိုက္ပါ။ ဆူလာၿပီဆုိရင္ မီးပိတ္ၿပီး တစ္နာရီေလာက္ထားၿပီးမွ ေဆးေၾကာရင္ ကပ္ေနတဲ့ဂ်ိဳးေတြ လြယ္လြယ္ကူကူ ေျပာင္သြားပါလိမ့္မယ္။

၁၂။ စဥ့္တီတံုးမွာ အနံ႔စြဲဲေနရင္လည္း သံပရာခြံေလးနဲ႔ ပြတ္တုိက္ေပးလို႔ရပါေသးတယ္။

၁၃။ အသံုးျပဳၿပီးသား သံပ႐ိုခြံေလးနဲ႔ ဓားေတြကို ပြတ္တုိက္ေပးပါ။ ပိုၿပီး ထက္လာပါတယ္။

၁၄။ ေျခေထာက္မွာ အနံ႔အသက္ဆုိးေတြ ထြက္ေနလား? ကိုုယ္ခံႏုိင္ရည္ရွိမယ့္ ေရေႏြးေႏြးထဲကို သံပ႐ိုခြံေတြထည့္၊ ႏြားႏို႔နည္းနည္းထည့္ၿပီး မိနစ္ ၂၀ ေလာက္ စိမ္ထားေပးရင္ အနံ႔ဆုိးေတြေပ်ာက္ၿပီး ေျခေထာက္ေလးက ျဖဴေဖြးသန္႔စင္လာပါလိမ့္မယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သံပရာသီးနဲ့ယှဉ်ရင် သံပရိုသီးတွေက ပိုပြီးလွယ်လွယ်ကူကူ ဝယ်ယူနိုင်ပါတယ်။ သံပရိုသီးက အလုံးလည်းပိုကြီးကာ အရည်လည်းရွှမ်းပါတယ်။ နောက်တစ်ချက်ကတော့ ချက်ပြုတ်တဲ့အခါ သံပရာသီးကိုသုံးရင် တစ်ခါတစ်လေမှာ ခါးသွားတတ်ပေမဲ့ သံပရိုကတော့ ဟင်းလျာကိုမခါးစေပါဘူး။ အသီးတင်မက အခွံကအစ အသုံးဝင်တဲ့ သံပရိုကို ဒီလိုတွေ အသုံးချနိုင်ပါတယ်။

၁။ သံပရိုခွံတွေကိုလည်း ဟင်းခတ်အဖြစ် သုံးနိုင်ပါသေးတယ်။ အခွံတွေကို ရေခဲသေတ္တာထဲမှာသိမ်းထားပါ။ လိုအပ်လာရင် ပါးပါးလှီး/နုပ်နုပ်စဉ်းပြီး ဟင်းအနံ့မွှေးအောင် ခတ်လို့ရပါတယ်။

၂။ ယိုထိုးစားလို့လည်းရတယ်။ အစာကြေ ရင်ချောင်တယ်။ သကြား သို့မဟုတ် ထန်းလျက်နဲ့ ယိုထိုးနိုင်ပါတယ်။

၃။ အအေး၊ ကော့တေး ခွက်ရဲ့ နှုတ်ခမ်းလေးမှာ သံပရိုခွံကို အလိမ်လေးဖြစ်အောင်လုပ်ပြီး အလှဆင်နိုင်တယ်။

၄။ ချိုင်းကြား၊ ဒူးခေါင်း၊ တံတောင်ဆစ် မဲနေတာတွေကို ပွတ်တိုက်ပေးလို့ ရပါတယ်။

၅။ လက်သည်းတွေ ဝါနေရင် သုံးပြီးသား သံပရိုခွံနဲ့ ပွတ်တိုက်ပေးတဲ့အခါ ကြည်လင်လာပါလိမ့်မယ်။

၆။ သံပရိုခွံတွေကို ပုလင်းတစ်လုံးထဲထည့်၊ အပေါ်ကနေ ဗီနီဂါဖြည့်ပြီး အဖုံးကို လုံအောင်ပိတ်သိမ်းပါ။ ရေချိုးခန်းကြွေပြားတွေ၊ ဘေစင်တွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ရေနဲ့ဆတူရောပြီး အသုံးပြုလို့ရပါတယ်။

၇။ ပုရွက်ဆိတ်တွေလာနေတဲ့ လမ်းကြောင်းမှာ သံပရိုခွံတွေ ချထားလိုက်ရင် ပုရွက်ဆိတ်တွေ မလာနိုင်တော့ပါဘူး။

၈။ ရေခဲသေတ္တာထဲမှာ အနံ့အသက်မကောင်းတော့ဘူးဆိုရင် သံပရိုခွံတွေကို တစ်ညလောက်ထားပေးလိုက်။ မနက်ဆို အနံ့တွေပျောက်ကုန်ရော။

၉။ အမှိုက်ပုံးထဲက အနံ့အသက်ဆိုးတွေကိုလည်း လျော့ပါးစေတယ်။

၁၀။ မိုက်ခရိုဝေ့ဗ်မီးဖို အတွင်းပိုင်းနံရံမှာ စွန်းထင်းနေတဲ့ အစွန်းတွေကို လွယ်လွယ်နဲ့ချွတ်မရဘူးမို့လား။ ခွက်တစ်လုံးထဲကို သံပရိုခွံထည့်၊ ရေထည့်ပြီး မိုက်ခရိုဝေ့ဗ်ကို ၂ မိနစ်လောက် ဖွင့်ထားလိုက်ပါ။ ကပ်နေတဲ့အစွန်းတွေလည်း ပျော်ကျပြီး အသာအယာသုတ်ယူနိုင်ပါလိမ့်မယ်။

၁၁။ ရေနွေးအိုး၊ ကော်ဖီအိုးမှာ ကပ်နေတဲ့ ဂျိုးတွေကိုလည်း ဖယ်ရှားလို့ရပါသေးတယ်။ အိုးထဲကို သံပရိုခွံ လက်တစ်ဆုပ်လောက်ထည့်ပြီး ရေနွေးထည့်ကာ ခလုတ်ဖွင့်ထားလိုက်ပါ။ ဆူလာပြီဆိုရင် မီးပိတ်ပြီး တစ်နာရီလောက်ထားပြီးမှ ဆေးကြောရင် ကပ်နေတဲ့ဂျိုးတွေ လွယ်လွယ်ကူကူ ပြောင်သွားပါလိမ့်မယ်။

၁၂။ စဉ့်တီတုံးမှာ အနံ့စွဲနေရင်လည်း သံပရာခွံလေးနဲ့ ပွတ်တိုက်ပေးလို့ရပါသေးတယ်။

၁၃။ အသုံးပြုပြီးသား သံပရိုခွံလေးနဲ့ ဓားတွေကို ပွတ်တိုက်ပေးပါ။ ပိုပြီး ထက်လာပါတယ်။

၁၄။ ခြေထောက်မှာ အနံ့အသက်ဆိုးတွေ ထွက်နေလား? ကိုုယ်ခံနိုင်ရည်ရှိမယ့် ရေနွေးနွေးထဲကို သံပရိုခွံတွေထည့်၊ နွားနို့နည်းနည်းထည့်ပြီး မိနစ် ၂၀ လောက် စိမ်ထားပေးရင် အနံ့ဆိုးတွေပျောက်ပြီး ခြေထောက်လေးက ဖြူဖွေးသန့်စင်လာပါလိမ့်မယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top