iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အခန္းထဲက မွန္တင္ခံုနား၊ စားပြဲေအာက္နဲ႕ အလုပ္စားပြဲနားတစ္၀ိုက္မွာ ကိုယ့္ဆံပင္ေတြ ကၽြတ္ေနတာ မၾကာခဏေတြ႔ရရင္၊ ဘီးျဖီးလိုက္တဲ့အခါတုိင္း ဆံပင္ေတြကၽြတ္သြားတာ ျမင္ရရင္ စိတ္ထဲ ငါဆံပင္ေတြ အရမ္းက်ြတ္ေနပါလား။ ဘာလုပ္ရင္ ေကာင္းမလဲဆုိျပီးေတြးၾကေလ့ရွိပါတယ္။ ဒါပံုမွန္မွ ဟုတ္ရဲ႕လားလို႕လည္း စိုးရိမ္တတ္ၾကပါတယ္။ လူတစ္ေယာက္ဟာ ပ်မ္းမ်ွအားျဖင့္ ဆံပင္အပင္ ၆၀ကေန ၁၀၀ထိ က်ြတ္ေလ့ရွိတယ္လို႕ သိရပါတယ္။

ဆံပင္အတုိထက္ ဆံပင္ရွည္တဲ့သူေတြဟာ ပိုက်ြတ္တတ္သလို ျဖစ္ေနေပမယ့္ ကြ်တ္ရျခင္းအေၾကာင္းအရင္းေတြကလည္း မ်ားစြာရွိေနျပန္ပါတယ္။ ဆံပင္ဟာ ခႏၶာကိုယ္က ျဖစ္ပ်က္ေနတာေတြ၊ က်န္းမာေရးဆုိင္ရာ၊ စိတ္ပိုင္းဆုိင္ရာ အားလံုးနဲ႕ ဆက္ႏြယ္ေနျပီး ေနမေကာင္းဘူး၊ အျပင္းဖ်ားတယ္ဆုိရင္ ဆံပင္ေတြက်ြတ္မယ္။ စိတ္ေတြရႈပ္မယ္၊ ဖိစီးမႈေတြရွိေနမယ္ဆုိရင္လည္း ဆံပင္က်ြတ္ပါတယ္။ ဒါေပမယ့္ ေနျပန္ေကာင္းသြားရင္၊ ထိခိုက္မႈတစ္ခုခုကေန ျပန္လည္သက္သာလာခ်ိန္မွာေတာ့ ဆံပင္အမ်ားအျပားက်ြတ္ျခင္းကေန ျပန္လည္နည္းပါးသြားတတ္ပါတယ္။ ဆံပင္ဟာ ဘယ္ေလာက္က်ြတ္က်ြတ္ ဆံပင္ေပါက္တာတြ၊ ဆံပင္အရွည္ စတာေတြကေတာ့ ပံုမွန္အတုိင္းပါပဲ။ ဆံပင္က်ြတ္လြန္းလို႕ ဆံပင္မေပါက္ေတာ့ဘူးဆုိတာမ်ိဳး၊ အရွည္ေႏွးသြားတယ္၊ မရွည္လာေတာ့ဘူးဆုိတာေတြ မရွိပါဘူး။

သင္ဟာ သင့္ဆံပင္ကို ဘယ္လို ဂရုစိုက္တယ္ဆုိတာနဲ႕ပတ္သက္ျပီးေတာ့ပဲျဖစ္ျဖစ္၊ ဆံပင္အမ်ိဳးအစားနဲ႕ပတ္သက္ျပီးေတာ့ပဲျဖစ္ျဖစ္ ဆံပင္က်ြတ္ႏႈန္းကေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ မတူႏိုင္ပါဘူး။ ဒီအခ်က္ဟာ ခုနအေပၚမွာ ေျပာတဲ့ ဆံပင္အေရအတြက္ ၆၀ကေန ၁၀၀ပင္ထိ က်ြတ္ႏိုင္တယ္ဆိုတာကို ေျပာျခင္းျဖစ္ပါတယ္။ သင္ဟာ တစ္ေန႕ကုိ အပင္ ၁၀၀ေလာက္ က်ြတ္ေနခ်ိန္ သင့္သူငယ္ခ်င္းကေတာ့ အပင္ ၆၀ေလာက္သာ ကြ်တ္ခ်င္ကြ်တ္ေနပါလိမ့္မယ္။

ဒီေတာ့ သံုးလထက္ပိုျပီး သာမာန္ထက္မ်ားတဲ့ ဆံပင္အေရအတြက္၊ အေထြးလိုက္ကြ်တ္ေနမယ္ဆုိရင္ေတာ့ သင္ဟာ ဆရာ၀န္နဲ႕ေတြ႔ဆံုျပီးေမးတာမ်ိဳး၊ သိနားလည္တဲ့သူတစ္ေယာက္ေယာက္ကို ေမးတာမ်ိဳးေတြ လုပ္သင့္ပါတယ္။ ဆံပင္က်ြတ္ျခင္းကို ကာကြယ္ဖုိ႕ဆုိရင္ သံဓာတ္အားျဖည့္ဖုိ႕ရယ္၊ ဗီတာမင္ D၊ ဗီတာမင္ B12 စတာေတြ အားျဖည့္ေပးဖုိ႕လုိပါတယ္။

Credit:Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကိုယ်အခန်းထဲက မှန်တင်ခုံနား၊ စားပွဲအောက်နဲ့ အလုပ်စားပွဲနားတစ်ဝိုက်မှာ ကိုယ့်ဆံပင်တွေ ကျွတ်နေတာ မကြာခဏတွေ့ရရင်၊ ဘီးဖြီးလိုက်တဲ့အခါတိုင်း ဆံပင်တွေကျွတ်သွားတာ မြင်ရရင် စိတ်ထဲ ငါဆံပင်တွေ အရမ်းကျွတ်နေပါလား။ ဘာလုပ်ရင် ကောင်းမလဲဆိုပြီးတွေးကြလေ့ရှိပါတယ်။ ဒါပုံမှန်မှ ဟုတ်ရဲ့လားလို့လည်း စိုးရိမ်တတ်ကြပါတယ်။ လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် ဆံပင်အပင် ၆၀ကနေ ၁၀၀ထိ ကျွတ်လေ့ရှိတယ်လို့ သိရပါတယ်။

ဆံပင်အတိုထက် ဆံပင်ရှည်တဲ့သူတွေဟာ ပိုကျွတ်တတ်သလို ဖြစ်နေပေမယ့် ကျွတ်ရခြင်းအကြောင်းအရင်းတွေကလည်း များစွာရှိနေပြန်ပါတယ်။ ဆံပင်ဟာ ခန္ဓာကိုယ်က ဖြစ်ပျက်နေတာတွေ၊ ကျန်းမာရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အားလုံးနဲ့ ဆက်နွယ်နေပြီး နေမကောင်းဘူး၊ အပြင်းဖျားတယ်ဆိုရင် ဆံပင်တွေကျွတ်မယ်။ စိတ်တွေရှုပ်မယ်၊ ဖိစီးမှုတွေရှိနေမယ်ဆိုရင်လည်း ဆံပင်ကျွတ်ပါတယ်။ ဒါပေမယ့် နေပြန်ကောင်းသွားရင်၊ ထိခိုက်မှုတစ်ခုခုကနေ ပြန်လည်သက်သာလာချိန်မှာတော့ ဆံပင်အများအပြားကျွတ်ခြင်းကနေ ပြန်လည်နည်းပါးသွားတတ်ပါတယ်။ ဆံပင်ဟာ ဘယ်လောက်ကျွတ်ကျွတ် ဆံပင်ပေါက်တာတွ၊ ဆံပင်အရှည် စတာတွေကတော့ ပုံမှန်အတိုင်းပါပဲ။ ဆံပင်ကျွတ်လွန်းလို့ ဆံပင်မပေါက်တော့ဘူးဆိုတာမျိုး၊ အရှည်နှေးသွားတယ်၊ မရှည်လာတော့ဘူးဆိုတာတွေ မရှိပါဘူး။

သင်ဟာ သင့်ဆံပင်ကို ဘယ်လို ဂရုစိုက်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ ဆံပင်အမျိုးအစားနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် ဆံပင်ကျွတ်နှုန်းကတော့ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ ဒီအချက်ဟာ ခုနအပေါ်မှာ ပြောတဲ့ ဆံပင်အရေအတွက် ၆၀ကနေ ၁၀၀ပင်ထိ ကျွတ်နိုင်တယ်ဆိုတာကို ပြောခြင်းဖြစ်ပါတယ်။ သင်ဟာ တစ်နေ့ကို အပင် ၁၀၀လောက် ကျွတ်နေချိန် သင့်သူငယ်ချင်းကတော့ အပင် ၆၀လောက်သာ ကျွတ်ချင်ကျွတ်နေပါလိမ့်မယ်။

ဒီတော့ သုံးလထက်ပိုပြီး သာမာန်ထက်များတဲ့ ဆံပင်အရေအတွက်၊ အထွေးလိုက်ကျွတ်နေမယ်ဆိုရင်တော့ သင်ဟာ ဆရာဝန်နဲ့တွေ့ဆုံပြီးမေးတာမျိုး၊ သိနားလည်တဲ့သူတစ်ယောက်ယောက်ကို မေးတာမျိုးတွေ လုပ်သင့်ပါတယ်။ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ဖို့ဆိုရင် သံဓာတ်အားဖြည့်ဖို့ရယ်၊ ဗီတာမင် D၊ ဗီတာမင် B12 စတာတွေ အားဖြည့်ပေးဖို့လိုပါတယ်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top