iMyanmarHouse.com - Best Property Website for Myanmar
×

လည္ပင္းရဲ႕ အသားအေရက မ်က္ႏွာနဲ႔ ခႏၶာကိုယ္ အသားအေရလို တေျပးညီထဲ ျဖစ္မေနပဲ အမည္းေရာင္ ညိဳညစ္ညစ္ေတြ ျဖစ္ေနတာဟာ စိတ္ညစ္စရာေကာင္းတဲ့ ကိစၥပါပဲ။ ဒီလိုအမည္းေတြကို လံုး၀မရွိေတာ့ေအာင္ ေပ်ာက္ခ်င္တယ္ဆိုရင္ေတာ့ အလြယ္တကူ ျပဳလုပ္လို႔ ရတဲ့ နည္းလမ္းရွိပါတယ္။

လည္ပင္းအသားအေရ မည္းတာဟာ ဆဲလ္ေသေတြ ရွိေနတာပါပဲ။ ဒီလို ဆဲလ္ေသေတြကို ဖယ္ရွားဖို႔အတြက္ေတာ့ သံပရာသီးက အစြမ္းေဆာင္ႏိုင္ဆံုးပါပဲ။ သံပရာသီးက အမည္းေတြကို ဖယ္ေပးၿပီးၿပီဆိုရင္ အသားအေရညီညာၿပီး ျဖဴေဖြးေစဖို႔ ျပန္လည္ လုပ္ေဆာင္ဖို႔ စဥ္းစားရဦးမွာပါ။ အခုနည္းလမ္းကေတာ့ ဆဲလ္ေသေတြဖယ္ၿပီး ျပန္လည္ျဖဴေဖြးေစမယ့္ နည္းလမ္းေလးပါ။
သံပရာသီးကို ထက္ျခမ္းျခမ္းၿပီး အရည္ညွစ္လိုက္ပါ။ အဲဒီအရည္ထဲမွာ ပ်ားရည္ လက္ဖက္စားဇြန္း(၁) ဇြန္းနဲ႔ ႏွင္းဆီရည္ လက္ဖက္စားဇြန္း(၁) ဇြန္းတို႔ကို ေရာစပ္လိုက္ပါ။ ၿပီးရင္ လည္ပင္းတ၀ိုက္ အမည္းရွိတဲ့ ေနရာမွာ လိမ္းေပးထားပါ။ ဂြမ္းေလးနဲ႔ အရည္ကို ယူၿပီး လိမ္းေပးပါ။ လိမ္းေနရင္း ပြတ္ေပးမယ္ဆိုရင္ အမည္းေတြ ျမန္ျမန္ေပ်ာက္ကင္းေစႏိုင္ပါတယ္။ (၁၅) မိနစ္ေလာက္ ၾကာတဲ့အခါမွာေတာ့ ေရေႏြးေႏြးေလးနဲ႔ သစ္ေပးလိုက္ပါ။ တစ္ႀကိမ္တည္းမွာေတာင္ သိသာေစပါတယ္။ ပံုမွန္ေလး ျပဳလုပ္ေပးမယ္ဆိုရင္ေတာ့ စိတ္ေက်နပ္စရာ လည္ပင္းအသားအေရကို ပိုင္ဆိုင္ရမွာပါ။

Credit:မိုမိုေလး
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လည်ပင်းရဲ့ အသားအရေက မျက်နှာနဲ့ ခန္ဓာကိုယ် အသားအရေလို တပြေးညီထဲ ဖြစ်မနေပဲ အမည်းရောင် ညိုညစ်ညစ်တွေ ဖြစ်နေတာဟာ စိတ်ညစ်စရာကောင်းတဲ့ ကိစ္စပါပဲ။ ဒီလိုအမည်းတွေကို လုံးဝမရှိတော့အောင် ပျောက်ချင်တယ်ဆိုရင်တော့ အလွယ်တကူ ပြုလုပ်လို့ ရတဲ့ နည်းလမ်းရှိပါတယ်။

လည်ပင်းအသားအရေ မည်းတာဟာ ဆဲလ်သေတွေ ရှိနေတာပါပဲ။ ဒီလို ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက်တော့ သံပရာသီးက အစွမ်းဆောင်နိုင်ဆုံးပါပဲ။ သံပရာသီးက အမည်းတွေကို ဖယ်ပေးပြီးပြီဆိုရင် အသားအရေညီညာပြီး ဖြူဖွေးစေဖို့ ပြန်လည် လုပ်ဆောင်ဖို့ စဉ်းစားရဦးမှာပါ။ အခုနည်းလမ်းကတော့ ဆဲလ်သေတွေဖယ်ပြီး ပြန်လည်ဖြူဖွေးစေမယ့် နည်းလမ်းလေးပါ။
သံပရာသီးကို ထက်ခြမ်းခြမ်းပြီး အရည်ညှစ်လိုက်ပါ။ အဲဒီအရည်ထဲမှာ ပျားရည် လက်ဖက်စားဇွန်း(၁) ဇွန်းနဲ့ နှင်းဆီရည် လက်ဖက်စားဇွန်း(၁) ဇွန်းတို့ကို ရောစပ်လိုက်ပါ။ ပြီးရင် လည်ပင်းတဝိုက် အမည်းရှိတဲ့ နေရာမှာ လိမ်းပေးထားပါ။ ဂွမ်းလေးနဲ့ အရည်ကို ယူပြီး လိမ်းပေးပါ။ လိမ်းနေရင်း ပွတ်ပေးမယ်ဆိုရင် အမည်းတွေ မြန်မြန်ပျောက်ကင်းစေနိုင်ပါတယ်။ (၁၅) မိနစ်လောက် ကြာတဲ့အခါမှာတော့ ရေနွေးနွေးလေးနဲ့ သစ်ပေးလိုက်ပါ။ တစ်ကြိမ်တည်းမှာတောင် သိသာစေပါတယ်။ ပုံမှန်လေး ပြုလုပ်ပေးမယ်ဆိုရင်တော့ စိတ်ကျေနပ်စရာ လည်ပင်းအသားအရေကို ပိုင်ဆိုင်ရမှာပါ။

Credit:မိုမိုလေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top