iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္တိုင္းမွာ မ႐ွိမျဖစ္ ေဆာင္ထားရတဲ့ ဟင္းခတ္ပစၥည္းကို ျပပါဆုိရင္ေတာ့ ဆားပဲမဟုတ္လား။ ဆားမပါတဲ့ဟင္းက ဘယ္လိုမွကို စားမေကာင္းဘူး။ ဆားအမ်ိဳးအစားက ၆ မ်ိဳးေတာင္ ႐ွိပါတယ္။ ဒါေတြကို ဘယ္လိုသံုးသလဲဆုိတာ ေဖာ္ျပလိုက္ပါတယ္။

၁။ စားပြဲတင္ဆား (table salt)

ခ်က္ျပဳတ္ၿပီးသား အစားစာေတြေပၚမွာ အဆင္သင့္ ျဖဴးၿပီးစားလိုက္လို႔ရေအာင္ ျပဳလုပ္ထားတာျဖစ္ပါတယ္။ ပံုစံကေတာ့ မႈန္႔ညက္ေနတဲ့ ေပါင္ဒါအတိုင္းပါပဲ။ စားေသာက္ဆုိင္ေတြက စားပြဲေပၚမွာ ဘူးေလးေတြနဲ႔ထည့္ၿပီး တင္ထားၾကတာကို ေတြ႔ရမွာပါ။

၂။ ရိုးရိုးဆား (ground salt)

သူ႔ကိုေတာ့ ခ်က္ျပဳတ္ေနရင္းနဲ႔ အသံုးျပဳၾကပါတယ္။ ဥပမာေျပာရရင္ အသားစိမ္းကို နယ္တာမ်ိဳးေပါ့။

၃။ ဆားပြင့္ (salt flake)

သူ႔ရဲ႕ပံုစံေလးေတြက ၾကည့္လို႔အေတာ္ေကာင္းပါတယ္။ ႏွင္းပြင့္ဖတ္ေလးေတြလိုပါပဲ။ ပင္လယ္ေရကို စစ္ထုတ္က်ိဳခ်က္ကာ ပံုေဆာင္ခဲအသြင္ျဖစ္ေအာင္ ဖန္တီးထားတဲ့ ဆားပြင့္ေလးေတြ ျဖစ္ပါတယ္။ စားဖုိမွဴးေတြကေတာ့ ဆားပြင့္ေလးေတြကို ခ်က္ျပဳတ္ၿပီးသား ပါစတာ၊ အရြက္သုတ္ စတာေတြမွာ ျဖဴးဖုိ႔ သံုးၾကပါတယ္။

၄။ ဆားခဲ (rock salt)

ဆားခဲေလးေတြက ပံုမွန္ဆား၊ ဆားပြင့္တုိ႔ထက္ ႀကီးပါတယ္။ အစားအေသာက္ကို အလွဆင္တဲ့အခါ သံုးၾကပါတယ္။ စားေသာက္ဆုိင္ေတြမွာဆို ပုစြန္ သို႔မဟုတ္ အခြံခၽြတ္ထားတဲ့ ခ႐ုကမာေကာင္ေတြေပၚမွာ ျဖဴးပါတယ္။ သူ႔ကို ျပန္ေထာင္းၿပီးေတာ့လည္း သံုးလို႔ရပါေသးတယ္။ ပင္လယ္စာေတြကို ျပင္ဆင္ရာမွာ အသံုးမ်ားပါတယ္။

၅။ ဟိမဝႏၱာဆား (pink himalayan salt)

အေရာင္ေလးက အရမ္းကို ခ်စ္စရာေကာင္းပါတယ္။ သူ႔ရဲ႕သဘာဝကိုက အနီေရာင္၊ ပန္းေရာင္ ရွိပါတယ္။ ဟိမဝႏၱာနဲ႔ ကီလိုမီတာ ၃၀၀ အကြာ႐ွိ ကမၻာ့ဒုတိယအႀကီးဆံုး ဆားတြင္းကေန တူးေဖာ္ထားတာျဖစ္ပါတယ္။ စြပ္ျပဳတ္နဲ႔ ဟင္းသီးဟင္းရြက္သုပ္ေတြမွာ ထည့္ၿပီး ၾကက္သားလိုအသား၊ ငါးဟင္းေတြမွာလည္း သံုးၾကပါတယ္။

၆။ အိမ္သံုးဆား (cooking salt)

မီးဖုိေခ်ာင္ထဲမွာ ထားရွိတဲ့ ဆားျဖစ္ပါတယ္။ ဆားပြင့္ေလးေတြက စားပြဲတင္ဆားထက္ နည္းနည္းပိုႀကီးပါတယ္။ ခ်က္ျပဳတ္တဲ့ေနရာ အားလံုးမွာ သံုးၾကပါတယ္။

Credit:Duwun


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အိမ်တိုင်းမှာ မရှိမဖြစ် ဆောင်ထားရတဲ့ ဟင်းခတ်ပစ္စည်းကို ပြပါဆိုရင်တော့ ဆားပဲမဟုတ်လား။ ဆားမပါတဲ့ဟင်းက ဘယ်လိုမှကို စားမကောင်းဘူး။ ဆားအမျိုးအစားက ၆ မျိုးတောင် ရှိပါတယ်။ ဒါတွေကို ဘယ်လိုသုံးသလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ စားပွဲတင်ဆား (table salt)

ချက်ပြုတ်ပြီးသား အစားစာတွေပေါ်မှာ အဆင်သင့် ဖြူးပြီးစားလိုက်လို့ရအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ပုံစံကတော့ မှုန့်ညက်နေတဲ့ ပေါင်ဒါအတိုင်းပါပဲ။ စားသောက်ဆိုင်တွေက စားပွဲပေါ်မှာ ဘူးလေးတွေနဲ့ထည့်ပြီး တင်ထားကြတာကို တွေ့ရမှာပါ။

၂။ ရိုးရိုးဆား (ground salt)

သူ့ကိုတော့ ချက်ပြုတ်နေရင်းနဲ့ အသုံးပြုကြပါတယ်။ ဥပမာပြောရရင် အသားစိမ်းကို နယ်တာမျိုးပေါ့။

၃။ ဆားပွင့် (salt flake)

သူ့ရဲ့ပုံစံလေးတွေက ကြည့်လို့အတော်ကောင်းပါတယ်။ နှင်းပွင့်ဖတ်လေးတွေလိုပါပဲ။ ပင်လယ်ရေကို စစ်ထုတ်ကျိုချက်ကာ ပုံဆောင်ခဲအသွင်ဖြစ်အောင် ဖန်တီးထားတဲ့ ဆားပွင့်လေးတွေ ဖြစ်ပါတယ်။ စားဖိုမှူးတွေကတော့ ဆားပွင့်လေးတွေကို ချက်ပြုတ်ပြီးသား ပါစတာ၊ အရွက်သုတ် စတာတွေမှာ ဖြူးဖို့ သုံးကြပါတယ်။

၄။ ဆားခဲ (rock salt)

ဆားခဲလေးတွေက ပုံမှန်ဆား၊ ဆားပွင့်တို့ထက် ကြီးပါတယ်။ အစားအသောက်ကို အလှဆင်တဲ့အခါ သုံးကြပါတယ်။ စားသောက်ဆိုင်တွေမှာဆို ပုစွန် သို့မဟုတ် အခွံချွတ်ထားတဲ့ ခရုကမာကောင်တွေပေါ်မှာ ဖြူးပါတယ်။ သူ့ကို ပြန်ထောင်းပြီးတော့လည်း သုံးလို့ရပါသေးတယ်။ ပင်လယ်စာတွေကို ပြင်ဆင်ရာမှာ အသုံးများပါတယ်။

၅။ ဟိမဝန္တာဆား (pink himalayan salt)

အရောင်လေးက အရမ်းကို ချစ်စရာကောင်းပါတယ်။ သူ့ရဲ့သဘာဝကိုက အနီရောင်၊ ပန်းရောင် ရှိပါတယ်။ ဟိမဝန္တာနဲ့ ကီလိုမီတာ ၃၀၀ အကွာရှိ ကမ္ဘာ့ဒုတိယအကြီးဆုံး ဆားတွင်းကနေ တူးဖော်ထားတာဖြစ်ပါတယ်။ စွပ်ပြုတ်နဲ့ ဟင်းသီးဟင်းရွက်သုပ်တွေမှာ ထည့်ပြီး ကြက်သားလိုအသား၊ ငါးဟင်းတွေမှာလည်း သုံးကြပါတယ်။

၆။ အိမ်သုံးဆား (cooking salt)

မီးဖိုချောင်ထဲမှာ ထားရှိတဲ့ ဆားဖြစ်ပါတယ်။ ဆားပွင့်လေးတွေက စားပွဲတင်ဆားထက် နည်းနည်းပိုကြီးပါတယ်။ ချက်ပြုတ်တဲ့နေရာ အားလုံးမှာ သုံးကြပါတယ်။

Credit:Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top