iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္က တကယ္ေတာ့ စစ္ပြဲတစ္ခုနဲ႔တူပါတယ္။စစ္ပြဲတစ္ခုမွာ ဗ်ဴဟာသံုးတတ္ ၾကသလိုပဲ အခ်စ္မွာလည္း ဗ်ဴဟာသံုးတတ္ၾကပါတယ္။ေယာက္်ားတစ္ေယာက္ ဟာ မိန္း ကေလးတစ္ေယာက္ရဲ႕ အခ်စ္ကို ရဖို႔ႀကိဳးစားတဲ့ေနရာမွာ တစ္ခ်ိဳ႕က ဒီအတိုင္း မႀကိဳးစားပဲ မာယာဗ်ဴဟာေတြခင္း တတ္ ၾက ပါတယ္။တကယ္လို႔ အဲ့ဒီဗ်ဴဟာမွာ ကိုယ္က အလြယ္တကူ က်ရႈံးသြားမယ္ ဆိုရင္ေတာ့ လြယ္လိုက္ တာဆိုတဲ့ အေတြးမ်ိဳး သူတို႔ စိတ္ထဲမွာ ၀င္သြားႏိုင္ပါ တယ္။ဒါတင္မကေသး ပါဘူး။ခ်စ္သူ ရည္း စား ဘ၀၊ေနာက္ဆံုး အိမ္ေထာင္သည္ဘ၀မွာပါ ကိုယ္ဘက္ ကေန တစ္သက္လံုး သူ႕ကိုေအာက္က်ိဳ႕ အရႈံးေပး ေနရၿပီး၊ ကိုယ္က ခ်ည္း လို က္ေနရတဲ့ ဘ၀ကို ေရာက္သြားပါလိမ့္မယ္။တကယ္ေတာ့ ဒီနည္းေတြဟာ တစ္ ဖက္လူရဲ႕ စိတ္ကို ကစား၊မာယာေတြသံုးၿပီး ကိုယ့္ဘက္ကို က်လာေအာင္ လုပ္ တဲ့နည္းေတြလုိ႔ေတာင္ ေျပာလို႔ရပါတယ္။အေလွ်ာ႔အတင္းလုပ္ၿပီး ဗ်ဴဟာ ေတြကေတာ့…

(၁)ရုတ္တရက္ အဆက္အသြယ္ျဖတ္တာ

ဒီနည္းလမ္းကို ေယာက္်ားေလးေတာ္ေတာ္မ်ားမ်ား သံုးတတ္ၾကပါတယ္ ။ဒီနည္း က ဘာနဲ႔တူလဲဆိုရင္ေတာ့ ငါးစာခ်ၿပီး ငါးကို လာဟပ္ေအာင္ လုပ္ၿပီးမွ သူ႔ဘက္ က ေျခတစ္လွမ္းျပန္ဆုတ္လိုက္တာပါ။ေန႔တိုင္း အဆက္အ သြယ္လုပ္မယ္၊ေ န႔ တုိင္းဖုန္းဆက္၊မက္ေဆ့ခ်္ပို႔တာ၊ေန႔တိုင္းလာေစာင့္တာမ်ိဳး လုပ္ၿပီးမွ ရုတ္တရ က္ ေပ်ာက္သြား တာ၊အဆက္အသြယ္ျဖတ္လိုက္တာမ်ိဳးပါ။ သူ႔ဘက္ကေနရုတ္ တရက္ ေျခတစ္လွမ္းဆုတ္လိုက္ၿပီဆိုတာနဲ႔ တစ္ဖ က္မိန္းကေလးရဲ႕ စိတ္ထဲမွာ ေသခ်ာေပါက္္ေနမထိ၊ထိုင္မထိျဖစ္လာပါလိမ့္မယ္။အဖယ္ခံလိုက္ရတဲ့ ခံစား ခ်က္မ်ိဳးနဲ႔ ေနမထိ ထိုင္မထိျဖစ္ၿပီး သင့္ဘက္ကေန စၿပီး ဆက္သြယ္လာေအာင္ တမင္ ဂြင္ဆင္လိုက္တာ ပါ။ ဒီပြဲမွာ သူက လိုက္၊သင္ကေျပးေနတဲ့ ဘ၀ကေန သင္ကုိ လိုက္ေနရတဲ့ ဘ၀ေရာက္ေအာင္ အေျခအေနကို ေျပာင္းျပန္လွန္ဖို႔ ႀကိဳးစားလိုက္တာပါ။

(၂)တျခားမိန္းကေလးေတြနဲ႔ရင္းရင္းႏွီးႏွီးေနျပတာ

ကိုယ့္ကိုလည္း ခ်စ္ပါတယ္(သို႔)စိတ္၀င္စားတဲ့ အမူအယာေတြကို ျပၿပီးမွ တျခား မိန္းကေလးေတြနဲ႔ ရင္းရင္းႏီွးႏွီးေနျပတာမ်ိဳးပါ။ဒီနည္းကေတာ့ သင့္ဆီက အခ်စ္စိ တ္ကို တမင္ဗ်ဴဟာခင္းၿပီး ဆြဲထုတ္ဖို႔ ႀကိဳးစားတဲ့ အကြက္ပါ။ဒီလိုလုပ္ျပလိုက္ၿပီ ဆုိတာနဲ႔ မိန္းကေလးေတြေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ရဲ႕ သ၀န္တို စိတ္ကို မထိန္းႏိုင္ေတာ့ပဲ မေနႏိုင္မထိုင္ႏိုင္ျဖစ္ၿပီး ကိုယ့္ဘက္ကေန ဖြင့္ခ်ျပမိသြားပါလိမ့္ မယ္။သင္ဘက္က သ၀န္တို ျပလိုက္ၿပီဆုိတာနဲ႔ သူ႔ဘက္က လံုး၀အႏိုင္ရသြားပါ လိမ့္မယ္။

(၃)ေနာက္က်ၿပီးမွ Reply ျပန္တာ

ဖုန္းေခၚတာကို ျမင္ရဲ႕သားနဲ႔ ခ်က္ခ်င္းမကိုင္ပဲ ေနာက္က်မွ ကိုင္တာမ်ိဳး၊ခ်က္ခ်င္း ျပန္မဆက္ပဲ ေတာ္ေတာ္ႀကီး ၾကာမွ ျပန္ဆက္တာမ်ိဳး၊မက္ေဆ့ ခ်္တစ္ခု ပို႔လိုက္ ရင္ ခ်က္ခ်င္း မျပန္တာမ်ိဳးပါ။ခ်က္ခ်င္း reply ျပန္ရင္ ရရဲ႕သားနဲ႔ ကိုယ့္ကို တမ င္ေစာင့္ေနရေအာင္ လုပ္တာမ်ိဳးပါ။အဲ့ဒီလို ဗ်ဴဟာအကြက္ခင္းေနတာကို မသိပဲနဲ႔ တစ္ေစာင္ၿပီးတစ္ေစာင္ပို႔ေနမယ္၊အႀကိမ္ႀကိမ္ ဖုန္းေခၚလိုက္မိ တယ္ဆိုရင္ေတာ့ သင့္ဘက္က ေသခ်ာေပါက္တစ္ပန္းရႈံးေနပါၿပီ။

(၄)ရုတ္တရက္ ေအးစက္သြားတာ

အရင္တုန္းကေတာ့ သူ႔ဘက္ေန သင့္ကို ခခယယလိုက္ေန၊အရမ္းကို ေႏြးေထြး၊ အရမ္းဂရုစိုက္ျပခဲ့ၿပီးမွ ရုတ္တရက္ႀကီး သူ႔ဘက္ကေရာ၊ကိုယ့္ဘက္မွာပါ ဘာအေၾကာင္းတစ္စံုတစ္ရာမွ မရွိပဲ ေအးစက္သြား တာမ်ိဳးပါ။ဒီလိုအေျခအေန ကိုလည္း ဟန္မပ်က္ျပန္တံု႔ျပန္ ႀကံ့ႀကံ့ခံႏိုင္တဲ့ မိန္းကေလးေတာ္ေတာ္ေလးကို ရွားပါတယ္။ဒီအေျခအေနေလာက္ဆိုရင္ ဘယ္လိုမွ ေနမရေ တာ့ပဲ ကိုယ့္ဘက္ ကစၿပီး အလံျဖဴျပ ေအာက္က်ိဳ႕ေပးမိတတ္ၾကပါတယ္။သူတို႔ဘက္က ေျခတစ္ လွမ္းဆုတ္ၿပီး သင့္ရဲ႕ မခံခ်င္စိတ္ကိုဆြ လိုက္တာ ပါ။ သင့္ဘက္ကေန မေနႏိုင္ မထိုင္ႏိုင္ျဖစ္ၿပီး သူ႔ေနာက္ကို ျပန္လို က္လာေအာင္ လုပ္လိုက္တာပါ။

(၅) သံသယ၀င္ေအာင္ေနျပတာ

တျခားေကာင္မေလးတစ္ေယာက္ေယာက္ဆီကို သူ႔စိတ္ေတြပါသြားၿပီ၊ တျခား တစ္ေယာက္နဲ႔ တြဲေနသလားဆိုၿပီး သံသယစိတ္ေတြ ၀င္လာေအာင္ေနျပ တာ ပါ။လူတစ္ေယာက္ဆီကေန ဂရုစိုက္တာေတြအၿမဲရေနတဲ့ ဘ၀ကေန ရုတ္တ ရက္ႀကီး ဂရုစိုက္ မခံရေတာ့တဲ့ အျပင္ ၊ကိုယ္မဟုတ္တဲ့ တျခားတစ္ေယာက္ကို သြားဂရုစိုက္ေနတဲ့ အေျခအေနကို အၿပံဳးမပ်က္ေတာင့္ခံဖုိ႔က နည္း နည္းေတာ့ ခက္ပါတယ္။”သူေျပာင္းလဲသြားတာလား၊သူငါ့ကို မခ်စ္ေတာ့ဘူးလား၊တျခား တစ္ေယာက္ဆီ စိတ္ေျပာင္းသြားၿပီိလား” ဆိုတဲ့ အေတြးေတြန႔ဲ သင့္ကုိ ရူးက်န္ခဲ့ ေအာင္ လုပ္လိုက္တာပါ။အခ်စ္ဗ်ဴဟာေတြ၊ခင္းလာတဲ့ အကြက္ေတြကို တန္ျပန္ တိုက္စစ္အျဖစ္ ဘယ္လို တံု႔ျပန္ေျပာင္းလဲလို႔ ရသလဲဆိုတာကိုေတာ့ အလ်င္း သင့္သလို ဆက္လက္ေဖာ္ျပသြားပါ့မယ္။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အချစ်က တကယ်တော့ စစ်ပွဲတစ်ခုနဲ့တူပါတယ်။စစ်ပွဲတစ်ခုမှာ ဗျူဟာသုံးတတ် ကြသလိုပဲ အချစ်မှာလည်း ဗျူဟာသုံးတတ်ကြပါတယ်။ယောက်ျားတစ်ယောက် ဟာ မိန်း ကလေးတစ်ယောက်ရဲ့ အချစ်ကို ရဖို့ကြိုးစားတဲ့နေရာမှာ တစ်ချို့က ဒီအတိုင်း မကြိုးစားပဲ မာယာဗျူဟာတွေခင်း တတ် ကြ ပါတယ်။တကယ်လို့ အဲ့ဒီဗျူဟာမှာ ကိုယ်က အလွယ်တကူ ကျရှုံးသွားမယ် ဆိုရင်တော့ လွယ်လိုက် တာဆိုတဲ့ အတွေးမျိုး သူတို့ စိတ်ထဲမှာ ဝင်သွားနိုင်ပါ တယ်။ဒါတင်မကသေး ပါဘူး။ချစ်သူ ရည်း စား ဘဝ၊နောက်ဆုံး အိမ်ထောင်သည်ဘဝမှာပါ ကိုယ်ဘက် ကနေ တစ်သက်လုံး သူ့ကိုအောက်ကျို့ အရှုံးပေး နေရပြီး၊ ကိုယ်က ချည်း လို က်နေရတဲ့ ဘဝကို ရောက်သွားပါလိမ့်မယ်။တကယ်တော့ ဒီနည်းတွေဟာ တစ် ဖက်လူရဲ့ စိတ်ကို ကစား၊မာယာတွေသုံးပြီး ကိုယ့်ဘက်ကို ကျလာအောင် လုပ် တဲ့နည်းတွေလို့တောင် ပြောလို့ရပါတယ်။အလျှော့အတင်းလုပ်ပြီး ဗျူဟာ တွေကတော့…

(၁)ရုတ်တရက် အဆက်အသွယ်ဖြတ်တာ

ဒီနည်းလမ်းကို ယောက်ျားလေးတော်တော်များများ သုံးတတ်ကြပါတယ် ။ဒီနည်း က ဘာနဲ့တူလဲဆိုရင်တော့ ငါးစာချပြီး ငါးကို လာဟပ်အောင် လုပ်ပြီးမှ သူ့ဘက် က ခြေတစ်လှမ်းပြန်ဆုတ်လိုက်တာပါ။နေ့တိုင်း အဆက်အ သွယ်လုပ်မယ်၊ေ န့ တိုင်းဖုန်းဆက်၊မက်ဆေ့ချ်ပို့တာ၊နေ့တိုင်းလာစောင့်တာမျိုး လုပ်ပြီးမှ ရုတ်တရ က် ပျောက်သွား တာ၊အဆက်အသွယ်ဖြတ်လိုက်တာမျိုးပါ။ သူ့ဘက်ကနေရုတ် တရက် ခြေတစ်လှမ်းဆုတ်လိုက်ပြီဆိုတာနဲ့ တစ်ဖ က်မိန်းကလေးရဲ့ စိတ်ထဲမှာ သေချာပေါက်နေမထိ၊ထိုင်မထိဖြစ်လာပါလိမ့်မယ်။အဖယ်ခံလိုက်ရတဲ့ ခံစား ချက်မျိုးနဲ့ နေမထိ ထိုင်မထိဖြစ်ပြီး သင့်ဘက်ကနေ စပြီး ဆက်သွယ်လာအောင် တမင် ဂွင်ဆင်လိုက်တာ ပါ။ ဒီပွဲမှာ သူက လိုက်၊သင်ကပြေးနေတဲ့ ဘဝကနေ သင်ကို လိုက်နေရတဲ့ ဘဝရောက်အောင် အခြေအနေကို ပြောင်းပြန်လှန်ဖို့ ကြိုးစားလိုက်တာပါ။

(၂)တခြားမိန်းကလေးတွေနဲ့ရင်းရင်းနှီးနှီးနေပြတာ

ကိုယ့်ကိုလည်း ချစ်ပါတယ်(သို့)စိတ်ဝင်စားတဲ့ အမူအယာတွေကို ပြပြီးမှ တခြား မိန်းကလေးတွေနဲ့ ရင်းရင်းနှီးနှီးနေပြတာမျိုးပါ။ဒီနည်းကတော့ သင့်ဆီက အချစ်စိ တ်ကို တမင်ဗျူဟာခင်းပြီး ဆွဲထုတ်ဖို့ ကြိုးစားတဲ့ အကွက်ပါ။ဒီလိုလုပ်ပြလိုက်ပြီ ဆိုတာနဲ့ မိန်းကလေးတွေတော်တော်များများဟာ သူတို့ရဲ့ သဝန်တို စိတ်ကို မထိန်းနိုင်တော့ပဲ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး ကိုယ့်ဘက်ကနေ ဖွင့်ချပြမိသွားပါလိမ့် မယ်။သင်ဘက်က သဝန်တို ပြလိုက်ပြီဆိုတာနဲ့ သူ့ဘက်က လုံးဝအနိုင်ရသွားပါ လိမ့်မယ်။

(၃)နောက်ကျပြီးမှ Reply ပြန်တာ

ဖုန်းခေါ်တာကို မြင်ရဲ့သားနဲ့ ချက်ချင်းမကိုင်ပဲ နောက်ကျမှ ကိုင်တာမျိုး၊ချက်ချင်း ပြန်မဆက်ပဲ တော်တော်ကြီး ကြာမှ ပြန်ဆက်တာမျိုး၊မက်ဆေ့ ချ်တစ်ခု ပို့လိုက် ရင် ချက်ချင်း မပြန်တာမျိုးပါ။ချက်ချင်း reply ပြန်ရင် ရရဲ့သားနဲ့ ကိုယ့်ကို တမ င်စောင့်နေရအောင် လုပ်တာမျိုးပါ။အဲ့ဒီလို ဗျူဟာအကွက်ခင်းနေတာကို မသိပဲနဲ့ တစ်စောင်ပြီးတစ်စောင်ပို့နေမယ်၊အကြိမ်ကြိမ် ဖုန်းခေါ်လိုက်မိ တယ်ဆိုရင်တော့ သင့်ဘက်က သေချာပေါက်တစ်ပန်းရှုံးနေပါပြီ။

(၄)ရုတ်တရက် အေးစက်သွားတာ

အရင်တုန်းကတော့ သူ့ဘက်နေ သင့်ကို ခခယယလိုက်နေ၊အရမ်းကို နွေးထွေး၊ အရမ်းဂရုစိုက်ပြခဲ့ပြီးမှ ရုတ်တရက်ကြီး သူ့ဘက်ကရော၊ကိုယ့်ဘက်မှာပါ ဘာအကြောင်းတစ်စုံတစ်ရာမှ မရှိပဲ အေးစက်သွား တာမျိုးပါ။ဒီလိုအခြေအနေ ကိုလည်း ဟန်မပျက်ပြန်တုံ့ပြန် ကြံ့ကြံ့ခံနိုင်တဲ့ မိန်းကလေးတော်တော်လေးကို ရှားပါတယ်။ဒီအခြေအနေလောက်ဆိုရင် ဘယ်လိုမှ နေမရေ တာ့ပဲ ကိုယ့်ဘက် ကစပြီး အလံဖြူပြ အောက်ကျို့ပေးမိတတ်ကြပါတယ်။သူတို့ဘက်က ခြေတစ် လှမ်းဆုတ်ပြီး သင့်ရဲ့ မခံချင်စိတ်ကိုဆွ လိုက်တာ ပါ။ သင့်ဘက်ကနေ မနေနိုင် မထိုင်နိုင်ဖြစ်ပြီး သူ့နောက်ကို ပြန်လို က်လာအောင် လုပ်လိုက်တာပါ။

(၅) သံသယဝင်အောင်နေပြတာ

တခြားကောင်မလေးတစ်ယောက်ယောက်ဆီကို သူ့စိတ်တွေပါသွားပြီ၊ တခြား တစ်ယောက်နဲ့ တွဲနေသလားဆိုပြီး သံသယစိတ်တွေ ဝင်လာအောင်နေပြ တာ ပါ။လူတစ်ယောက်ဆီကနေ ဂရုစိုက်တာတွေအမြဲရနေတဲ့ ဘဝကနေ ရုတ်တ ရက်ကြီး ဂရုစိုက် မခံရတော့တဲ့ အပြင် ၊ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကို သွားဂရုစိုက်နေတဲ့ အခြေအနေကို အပြုံးမပျက်တောင့်ခံဖို့က နည်း နည်းတော့ ခက်ပါတယ်။”သူပြောင်းလဲသွားတာလား၊သူငါ့ကို မချစ်တော့ဘူးလား၊တခြား တစ်ယောက်ဆီ စိတ်ပြောင်းသွားပြီလား” ဆိုတဲ့ အတွေးတွေနဲ့ သင့်ကို ရူးကျန်ခဲ့ အောင် လုပ်လိုက်တာပါ။အချစ်ဗျူဟာတွေ၊ခင်းလာတဲ့ အကွက်တွေကို တန်ပြန် တိုက်စစ်အဖြစ် ဘယ်လို တုံ့ပြန်ပြောင်းလဲလို့ ရသလဲဆိုတာကိုတော့ အလျင်း သင့်သလို ဆက်လက်ဖော်ပြသွားပါ့မယ်။
Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top