iMyanmarHouse.com - Best Property Website for Myanmar
×

ခႏၶာကိုယ္အတြက္ မ႐ွိမျဖစ္လိုအပ္တဲ့ သက္ေစာင့္ဓာတ္ေတြဟာ လံုေလာက္တဲ့ ပမာဏအတုိင္း ရေနဖုိ႔ အေရးႀကီးပါတယ္။ အသက္အ႐ြယ္နဲ႔ က်ား၊မ အမ်ိဳးအစားအလုိက္ လိုအပ္မႈပမာဏက မတူညီပါဘူး။ ဒါေပမဲ့ လိုအပ္တဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြကို လံုလံုေလာက္ေလာက္ မရဘူးဆုိရင္ေတာ့ သင့္ရဲ႕မ်က္ႏွာက ေျပာျပေနပါလိမ့္မယ္။

၁။ မ်က္အိတ္တြဲျခင္း

မ်ားေသာအားျဖင့္ေတာ့ အိပ္ရာကႏိုးထခါစမ်ာ မ်က္အိတ္တြဲေနတတ္ပါတယ္။ အိပ္ရာထစမဟုတ္ဘဲ အခ်ိန္တုိင္းလိုလို မ်က္အိတ္တြဲေနရင္ေတာ့ အိုင္အိုဒင္း (iodine)ဓာတ္ လံုလံုေလာက္ေလာက္မရဘူးဆိုတဲ့သေဘာပါ။ ဒိန္ခ်ဥ္၊ ပင္လယ္ေရေမွာ္၊ အာလူး၊ စေတာ္ဘယ္ရီနဲ႔ ဘိုကိတ္ပဲတုိ႔ကို မ်ားမ်ားစားေပးပါ။

၂။ ျဖဴေဖ်ာ့တဲ့အသားအေရ

ကိုယ့္ရဲ႕အသားအေရက ေဖ်ာ့ေတာ့ေနတဲ့ပံု ေပါက္ေနၿပီလား။ ဒါဆုိရင္ ဗီတာမင္ B12 မလံုေလာက္လို႔ ျဖစ္ပါလိမ့္မယ္။ ဆယ္လ္မြန္ငါး၊ အသား (အမဲသား၊ ဆိတ္သား) ၊ ေကြကာ၊ ဒိန္ခ်ဥ္၊ ဆြစ္ခ်ိစ္တို႔ကို စားသံုးေပးရပါမယ္။

၃။ ဆံသားေျခာက္ေသြ႕မႈ

ေျခာက္ေသြ႕တဲ့ဆံသားေတြက ကိုယ့္ရဲ႕အလွအပကို ဖ်က္လို႔ဖ်က္ဆီးလုပ္ေနတာ ရက္ေပါင္းအေတာ္ၾကာေနၿပီ။ ဘာေၾကာင့္မွန္းမသိဘဲ ဆံပင္ေတြ ေျခာက္ေသြ႕ေနတာက စိတ္ညစ္စရာပါ။ ေဗာက္ေတြလည္း ရွိခ်င္ရွိေနပါလိမ့္မယ္။ ပိုၿပီးစိတ္ညစ္စရာေကာင္းတာကေတာ့ ဒီလကၡဏာဟာ ဘိုင္အိုတင္ (biotin) သို႔မဟုတ္ ဗီတာမင္ B7 ခ်ိဳ႕တဲ့လို႔ ျဖစ္ပါတယ္။ ဥအမ်ိဳးမ်ိဳး၊ အယ္လ္မြန္၊ အခြံမာသီး၊ ပဲအမ်ိဳးမ်ိဳးနဲ႔ ႏွံစားပင္ကရတဲ့အေစ့အဆံေတြကို စားေပးပါ။

၄။ ျဖဴေဖ်ာ့ေနတဲ့ႏႈတ္ခမ္း

ႏႈတ္ခမ္းေတြက ဘာအေရာင္မွေပၚဘဲ ျဖဴေဖ်ာ့ေနတယ္ဆိုရင္ေတာ့ သံဓာတ္အားနည္းလို႔ပါ။ မိန္းကေလးေတြ အျဖစ္မ်ားပါတယ္။ သံဓာတ္မလံုေလာက္တဲ့အခါ ကိုယ္ခံအားစနစ္လည္း အားနည္းလာပါတယ္။ သံဓာတ္အားေကာင္းေစမယ့္ အစားအစာေတြကို မ်ားမ်ားစားဖုိ႔ လိုေနပါၿပီ။ အသား၊ ပင္လယ္စာ၊ ပဲနဲ႔ အခ်ိဳ႕ေသာဟင္းသီးဟင္းရြက္ေတြက သံဓာတ္အားေကာင္းေစပါတယ္။

၅။ သြားဖံုးေသြးယိုျခင္း

floss (သြားသန္႔ရွင္းေရးႀကိဳး)ကို အသံုးျပဳၿပီးလို႔ သြားဖံုးၾကားကေန ေသြးအနည္းငယ္ထြက္တာကေတာ့ ပံုမွန္ပါပဲ။ ဒါေပမဲ့ မၾကာခဏ ျဖစ္ေနၿပီ၊ နည္းနည္းေလာက္ ထိမိဝါးမိရင္ကိုပဲ ေသြးဖံုးထဲကေသြးယိုစိမ့္လာၿပီဆုိရင္ေတာ့ ဗီတာမင္ C လိုအပ္ေနလို႔ ျဖစ္ပါတယ္။ ဗီတာမင္ C အျပည့္အဝ မရတဲ့အခါ ကိုယ္ခံအားစနစ္ အားနည္းလာၿပီး ၾကြက္သားနာက်င္ျခင္း၊ သြားနဲ႔ခံတြင္းဆုိင္ရာျပႆနာေတြ ၾကံဳလာရပါတယ္။ ခ်ဥ္တဲ့သစ္သီးေတြမွာ ဗီတာမင္ C ပမာဏမ်ားမ်ား ပါဝင္ပါတယ္။ ပန္းင႐ုတ္ပြအနီ၊ ဘ႐ိုကိုလီနဲ႔ စပ်စ္သီးေတြကိုလည္း စားေပးလို႔ရပါတယ္။

Credit:duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သက်စောင့်ဓာတ်တွေဟာ လုံလောက်တဲ့ ပမာဏအတိုင်း ရနေဖို့ အရေးကြီးပါတယ်။ အသက်အရွယ်နဲ့ ကျား၊မ အမျိုးအစားအလိုက် လိုအပ်မှုပမာဏက မတူညီပါဘူး။ ဒါပေမဲ့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို လုံလုံလောက်လောက် မရဘူးဆိုရင်တော့ သင့်ရဲ့မျက်နှာက ပြောပြနေပါလိမ့်မယ်။

၁။ မျက်အိတ်တွဲခြင်း

များသောအားဖြင့်တော့ အိပ်ရာကနိုးထခါစမျာ မျက်အိတ်တွဲနေတတ်ပါတယ်။ အိပ်ရာထစမဟုတ်ဘဲ အချိန်တိုင်းလိုလို မျက်အိတ်တွဲနေရင်တော့ အိုင်အိုဒင်း (iodine)ဓာတ် လုံလုံလောက်လောက်မရဘူးဆိုတဲ့သဘောပါ။ ဒိန်ချဉ်၊ ပင်လယ်ရေမှော်၊ အာလူး၊ စတော်ဘယ်ရီနဲ့ ဘိုကိတ်ပဲတို့ကို များများစားပေးပါ။

၂။ ဖြူဖျော့တဲ့အသားအရေ

ကိုယ့်ရဲ့အသားအရေက ဖျော့တော့နေတဲ့ပုံ ပေါက်နေပြီလား။ ဒါဆိုရင် ဗီတာမင် B12 မလုံလောက်လို့ ဖြစ်ပါလိမ့်မယ်။ ဆယ်လ်မွန်ငါး၊ အသား (အမဲသား၊ ဆိတ်သား) ၊ ကွေကာ၊ ဒိန်ချဉ်၊ ဆွစ်ချိစ်တို့ကို စားသုံးပေးရပါမယ်။

၃။ ဆံသားခြောက်သွေ့မှု

ခြောက်သွေ့တဲ့ဆံသားတွေက ကိုယ့်ရဲ့အလှအပကို ဖျက်လို့ဖျက်ဆီးလုပ်နေတာ ရက်ပေါင်းအတော်ကြာနေပြီ။ ဘာကြောင့်မှန်းမသိဘဲ ဆံပင်တွေ ခြောက်သွေ့နေတာက စိတ်ညစ်စရာပါ။ ဗောက်တွေလည်း ရှိချင်ရှိနေပါလိမ့်မယ်။ ပိုပြီးစိတ်ညစ်စရာကောင်းတာကတော့ ဒီလက္ခဏာဟာ ဘိုင်အိုတင် (biotin) သို့မဟုတ် ဗီတာမင် B7 ချို့တဲ့လို့ ဖြစ်ပါတယ်။ ဥအမျိုးမျိုး၊ အယ်လ်မွန်၊ အခွံမာသီး၊ ပဲအမျိုးမျိုးနဲ့ နှံစားပင်ကရတဲ့အစေ့အဆံတွေကို စားပေးပါ။

၄။ ဖြူဖျော့နေတဲ့နှုတ်ခမ်း

နှုတ်ခမ်းတွေက ဘာအရောင်မှပေါ်ဘဲ ဖြူဖျော့နေတယ်ဆိုရင်တော့ သံဓာတ်အားနည်းလို့ပါ။ မိန်းကလေးတွေ အဖြစ်များပါတယ်။ သံဓာတ်မလုံလောက်တဲ့အခါ ကိုယ်ခံအားစနစ်လည်း အားနည်းလာပါတယ်။ သံဓာတ်အားကောင်းစေမယ့် အစားအစာတွေကို များများစားဖို့ လိုနေပါပြီ။ အသား၊ ပင်လယ်စာ၊ ပဲနဲ့ အချို့သောဟင်းသီးဟင်းရွက်တွေက သံဓာတ်အားကောင်းစေပါတယ်။

၅။ သွားဖုံးသွေးယိုခြင်း

floss (သွားသန့်ရှင်းရေးကြိုး)ကို အသုံးပြုပြီးလို့ သွားဖုံးကြားကနေ သွေးအနည်းငယ်ထွက်တာကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ မကြာခဏ ဖြစ်နေပြီ၊ နည်းနည်းလောက် ထိမိဝါးမိရင်ကိုပဲ သွေးဖုံးထဲကသွေးယိုစိမ့်လာပြီဆိုရင်တော့ ဗီတာမင် C လိုအပ်နေလို့ ဖြစ်ပါတယ်။ ဗီတာမင် C အပြည့်အဝ မရတဲ့အခါ ကိုယ်ခံအားစနစ် အားနည်းလာပြီး ကြွက်သားနာကျင်ခြင်း၊ သွားနဲ့ခံတွင်းဆိုင်ရာပြဿနာတွေ ကြုံလာရပါတယ်။ ချဉ်တဲ့သစ်သီးတွေမှာ ဗီတာမင် C ပမာဏများများ ပါဝင်ပါတယ်။ ပန်းငရုတ်ပွအနီ၊ ဘရိုကိုလီနဲ့ စပျစ်သီးတွေကိုလည်း စားပေးလို့ရပါတယ်။


Credit:duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top