iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြရဲ႕ အလွတရားတစ္ခုလုိ႕ သတ္မွတ္ခံရတဲ့ ရင္သားေတြအေၾကာင္း အျမဲတမ္းအမႊမ္းတင္ေျပာဆုိေရးသား ၾကတာမ်ိဳး ဖတ္ဖူးၾကပါလိမ့္မယ္။ ခုေနာက္ပိုင္းမွာဆုိ ရင္သားပိုမိုဖြံ႕ထြားဖုိ႕အတြက္ နည္းလမ္းေပါင္းစံုနဲ႕ ၾကိဳးစားေနၾကတဲ့ ပ်ိဳေမေတြလည္း မနည္းမေနာပါပဲ။ သာမာန္ထက္ ၾကီးမားဖြံ႕ထြားတဲ့ရင္သားကို ပိုင္ဆိုင္ထားၾကတဲ့ အမ်ိဳးသမီးေတြဟာ ရြယ္တူေတြၾကားမွာသာမက လူမႈပတ္၀န္းက်င္မွာပါ အခက္အခဲတစ္ခ်ိဳ႕ကို ရင္ဆုိင္ၾကရေလ့ရွိတယ္ဆုိတာကိုေတာ့ သူတုိ႕သိခ်င္မွ သိၾကပါလိမ့္မယ္။ ဒါ့ေၾကာင့္ ရင္သားဖြံ႕ထြားလြန္းတဲ့ အမ်ိဳးသမီးေတြ ၾကံဳေတြ႕ၾကရတဲ့ အခက္အခဲတစ္ခ်ိဳ႕ကို ေျပာျပေပးလိုက္ပါတယ္။

၁။အက်ႍအ၀တ္အစားေရြးခ်ယ္ေတာ့မယ္ဆို ဆိုက္ဒ္ရယ္၊ လည္ပင္းဟိုက္မဟုိက္ စတာေတြကို အထူးဂရုျပဳေရြးခ်ယ္ရေလ့ရွိတယ္။

အက်ီတစ္ထည္၀ယ္ေတာ့မယ္ဆို ဆိုက္ဒ္က ငါနဲ႔အရမ္းက်ပ္ေနမလား၊ ရင္ဘတ္ေနရာက အဆင္ေျပပါ့မလား ဆုိတာေတြအျပင္ လည္ပင္းက အရမ္းဟိုက္ေနမလားဆိုတာကိုပါ သတိထားေရြးခ်ယ္၀ယ္ယူရပါတယ္။ မဟုတ္လုိ႔ကေတာ့ ေနာက္ပိုင္း အ၀တ္အစား ၀တ္ခါနီးတုိင္း ႀကံဳေတြ႕ရမယ့္ အခက္အခဲေတြက ဆက္တိုက္ဆိုသလိုျဖစ္လာမွာပါ။

၂။ေအာက္ကို နည္းနည္းေလး ကုန္းလိုက္တာနဲ႔ ရင္သားေတြဟာ ထိန္းမႏိုင္၊ သိမ္းမရ ျဖစ္ကုန္ေရာ။

အက်ီလည္ပင္းနည္းနည္းေလး ဟိုက္ၿပီဆုိရင္ေတာ့ အကုန္းအကြ ကိစၥေတြ သတိထားေနရၿပီေပါ့။ သတိလက္လြတ္တစ္ခုခုကို ကုန္းေကာက္လိုက္တာတုိ႔၊ ဘာတုိ႔ဆိုရင္ အဆင္မေျပမႈေတြ ျဖစ္ေပၚလာၿပီသာမွတ္။

၃။ဘရာစီယာ၀ယ္ေတာ့မယ္ဆို အဆင္ေျပတဲ့ ဆိုက္ဒ္က ခပ္ရွားရွားရယ္။

ကိုယ္ေရြးခ်ယ္လိုက္တဲ့ ဒီဇိုင္းေလးက မိုက္ေပမယ့္ ဆိုက္ဒ္မရွိလုိ႔ မ၀ယ္ခဲ့ရတာေတြေၾကာင့္ စိတ္ပ်က္ရတဲ့အထိပါပဲ။ အြန္လိုင္းက မွာလိုက္ရျပန္ရင္လည္း ေစ်းက ေတာ္ေတာ္ေလးႀကီးေသးတာ။

၄။ခႏၶာကိုယ္က နည္းနည္းေလး ျပည့္လာၿပီဆုိရင္ အားလံုးက ဖက္တီးျဖစ္လာတယ္လို႔ ျမင္ၾကတယ္။

ရင္သားက ပံုမွန္အားျဖင့္ ေတာ္ေတာ္ေလး ႀကီးေနတာေၾကာင့္ ၀ိတ္ေလးနည္းနည္းတက္လိုက္တာနဲ႔ ခါးမရွိေတာ့သလိုျဖစ္ၿပီး ၀တုတ္ႀကီး၊ ဖက္တီးလုိ႕ပဲ လူေတြက ျမင္ၾကျပန္တယ္။

၅။သူစိမ္းတစ္ေယာက္ေယာက္နဲ႔ စတင္မိတ္ေဆြျဖစ္ၿပီေဟ့ဆိုရင္ ကိုယ့္ကိုစသတိထားမိတာ အဲ့ဒီေနရာပဲ။

ခုမွ စခင္တဲ့ လူေတြကလည္း ကိုယ့္ကို ရင္သားႀကီးႀကီးနဲ႔ ေကာင္မေလးအျဖစ္သာ မွတ္ထားတတ္ၾကတယ္။ ကုိယ့္ကိုတန္းသတိျပဳမိတတ္တာလည္း အဲ့ဒီေနရာနဲ႔ပါပဲ။

၆။အိမ္မွာ လြတ္လြတ္လပ္လပ္ေနမယ္ဆိုရင္ေတာ့ အတြင္းခံကို ခၽြတ္ထားလို႔ မရဘူး။

ရင္သားေသးတဲ့ မိန္းကေလးေတြဆို အိမ္မွာ လြတ္လြတ္လပ္လပ္ ေပါ့ေပါ့ပါးပါးနဲ႔ ေအာက္ခံဘာမွမ၀တ္ပဲ ေနလို႔ရေပမယ့္ ရင္သားႀကီးတဲ့သူေတြက်ေတာ့ အဲ့ဒီလိုေနဖုိ႔ေတာင္ အဆင္မေျပတတ္ၾကဘူး။

၇။ကိုယ္လက္ေလ့က်င့္ခန္းလုပ္တဲ့အခါ အခက္အခဲေတြ႕ရတတ္တယ္။

ခုန္ရတဲ့ ေလ့က်င့္ခန္း၊ အေျပးေလ့က်င့္ခန္း စတာေတြ လုုပ္တဲ့အခါ သီးသန္႔ဘရာမ၀တ္ထားရင္ ေလ့က်င့္ခန္းလုပ္ဖုိ႔ အဆင္မေျပႏိုင္ဘူး။

၈။ကေလးမီးဖြားၿပီးလို႔ ႏို႔တိုက္တဲ့အခ်ိန္ဆိုရင္ ငါ့ရင္သားပိုႀကီးလာမလားဆိုၿပီး စိုးရိမ္ရျပန္တယ္။

အစကတည္းက သူမ်ားေတြနဲ႔ မတူတဲ့ အခ်ိဳးအစားနဲ႔မုိ႔ ကေလးမီးဖြားၿပီးခ်ိန္ မိခင္ႏို႔တုိက္ေကၽြးရခ်ိန္ဆုိရင္ ရင္သားႀကီးတဲ့အမ်ိဳးသမီးေတြဟာ ဒီလိုႏို႔တိုက္ရလို႔ ငါတုိ႔ရင္သားပိုမ်ားႀကီးသြားေလမလားဆိုၿပီး စိုးရိမ္တတ္ၾကပါတယ္။

Credit: Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

အမျိုးသမီးတွေရဲ့ အလှတရားတစ်ခုလို့ သတ်မှတ်ခံရတဲ့ ရင်သားတွေအကြောင်း အမြဲတမ်းအမွှမ်းတင်ပြောဆိုရေးသား ကြတာမျိုး ဖတ်ဖူးကြပါလိမ့်မယ်။ ခုနောက်ပိုင်းမှာဆို ရင်သားပိုမိုဖွံ့ထွားဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေကြတဲ့ ပျိုမေတွေလည်း မနည်းမနောပါပဲ။ သာမာန်ထက် ကြီးမားဖွံ့ထွားတဲ့ရင်သားကို ပိုင်ဆိုင်ထားကြတဲ့ အမျိုးသမီးတွေဟာ ရွယ်တူတွေကြားမှာသာမက လူမှုပတ်ဝန်းကျင်မှာပါ အခက်အခဲတစ်ချို့ကို ရင်ဆိုင်ကြရလေ့ရှိတယ်ဆိုတာကိုတော့ သူတို့သိချင်မှ သိကြပါလိမ့်မယ်။ ဒါ့ကြောင့် ရင်သားဖွံ့ထွားလွန်းတဲ့ အမျိုးသမီးတွေ ကြုံတွေ့ကြရတဲ့ အခက်အခဲတစ်ချို့ကို ပြောပြပေးလိုက်ပါတယ်။

၁။အကျႍအဝတ်အစားရွေးချယ်တော့မယ်ဆို ဆိုက်ဒ်ရယ်၊ လည်ပင်းဟိုက်မဟိုက် စတာတွေကို အထူးဂရုပြုရွေးချယ်ရလေ့ရှိတယ်။

အကျီတစ်ထည်ဝယ်တော့မယ်ဆို ဆိုက်ဒ်က ငါနဲ့အရမ်းကျပ်နေမလား၊ ရင်ဘတ်နေရာက အဆင်ပြေပါ့မလား ဆိုတာတွေအပြင် လည်ပင်းက အရမ်းဟိုက်နေမလားဆိုတာကိုပါ သတိထားရွေးချယ်ဝယ်ယူရပါတယ်။ မဟုတ်လို့ကတော့ နောက်ပိုင်း အဝတ်အစား ဝတ်ခါနီးတိုင်း ကြုံတွေ့ရမယ့် အခက်အခဲတွေက ဆက်တိုက်ဆိုသလိုဖြစ်လာမှာပါ။

၂။အောက်ကို နည်းနည်းလေး ကုန်းလိုက်တာနဲ့ ရင်သားတွေဟာ ထိန်းမနိုင်၊ သိမ်းမရ ဖြစ်ကုန်ရော။

အကျီလည်ပင်းနည်းနည်းလေး ဟိုက်ပြီဆိုရင်တော့ အကုန်းအကွ ကိစ္စတွေ သတိထားနေရပြီပေါ့။ သတိလက်လွတ်တစ်ခုခုကို ကုန်းကောက်လိုက်တာတို့၊ ဘာတို့ဆိုရင် အဆင်မပြေမှုတွေ ဖြစ်ပေါ်လာပြီသာမှတ်။

၃။ဘရာစီယာဝယ်တော့မယ်ဆို အဆင်ပြေတဲ့ ဆိုက်ဒ်က ခပ်ရှားရှားရယ်။

ကိုယ်ရွေးချယ်လိုက်တဲ့ ဒီဇိုင်းလေးက မိုက်ပေမယ့် ဆိုက်ဒ်မရှိလို့ မဝယ်ခဲ့ရတာတွေကြောင့် စိတ်ပျက်ရတဲ့အထိပါပဲ။ အွန်လိုင်းက မှာလိုက်ရပြန်ရင်လည်း ဈေးက တော်တော်လေးကြီးသေးတာ။

၄။ခန္ဓာကိုယ်က နည်းနည်းလေး ပြည့်လာပြီဆိုရင် အားလုံးက ဖက်တီးဖြစ်လာတယ်လို့ မြင်ကြတယ်။

ရင်သားက ပုံမှန်အားဖြင့် တော်တော်လေး ကြီးနေတာကြောင့် ဝိတ်လေးနည်းနည်းတက်လိုက်တာနဲ့ ခါးမရှိတော့သလိုဖြစ်ပြီး ဝတုတ်ကြီး၊ ဖက်တီးလို့ပဲ လူတွေက မြင်ကြပြန်တယ်။

၅။သူစိမ်းတစ်ယောက်ယောက်နဲ့ စတင်မိတ်ဆွေဖြစ်ပြီဟေ့ဆိုရင် ကိုယ့်ကိုစသတိထားမိတာ အဲ့ဒီနေရာပဲ။

ခုမှ စခင်တဲ့ လူတွေကလည်း ကိုယ့်ကို ရင်သားကြီးကြီးနဲ့ ကောင်မလေးအဖြစ်သာ မှတ်ထားတတ်ကြတယ်။ ကိုယ့်ကိုတန်းသတိပြုမိတတ်တာလည်း အဲ့ဒီနေရာနဲ့ပါပဲ။

၆။အိမ်မှာ လွတ်လွတ်လပ်လပ်နေမယ်ဆိုရင်တော့ အတွင်းခံအကျႍကို ချွတ်ထားလို့ မရဘူး။

ရင်သားသေးတဲ့ မိန်းကလေးတွေဆို အိမ်မှာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ အောက်ခံဘာမှမဝတ်ပဲ နေလို့ရပေမယ့် ရင်သားကြီးတဲ့သူတွေကျတော့ အဲ့ဒီလိုနေဖို့တောင် အဆင်မပြေတတ်ကြဘူး။

၇။ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အခါ အခက်အခဲတွေ့ရတတ်တယ်။

ခုန်ရတဲ့ လေ့ကျင့်ခန်း၊ အပြေးလေ့ကျင့်ခန်း စတာတွေ လုုပ်တဲ့အခါ သီးသန့်ဘရာမဝတ်ထားရင် လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေနိုင်ဘူး။

၈။ကလေးမီးဖွားပြီးလို့ နို့တိုက်တဲ့အချိန်ဆိုရင် ငါ့ရင်သားပိုကြီးလာမလားဆိုပြီး စိုးရိမ်ရပြန်တယ်။

အစကတည်းက သူများတွေနဲ့ မတူတဲ့ အချိုးအစားနဲ့မို့ ကလေးမီးဖွားပြီးချိန် မိခင်နို့တိုက်ကျွေးရချိန်ဆိုရင် ရင်သားကြီးတဲ့အမျိုးသမီးတွေဟာ ဒီလိုနို့တိုက်ရလို့ ငါတို့ရင်သားပိုများကြီးသွားလေမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။

Credit: Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top