iMyanmarHouse.com - Best Property Website for Myanmar
×


ပရဟိတလုပ်ငန်းတွေ






ရန်ပုံငွေပွဲတွေ


Facebook




မင်္ဂလာဆောင်ပွဲမှာ




ပို့သပေးပါတယ်။

#Unicode Version
ချစ်သူရှိတယ်ဆိုရင် ကိုယ့်ချစ်သူကို ဘယ်မှာတွေ့ခဲ့သလဲဆိုတာ Comment လေးတွေ ပေးခဲ့ဦးနော်။ တကယ်အရည်အသွေးရှိပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသားကောင်း အမျိုးသမီးကောင်းတွေကို ဒီလိုနေရာမှာ ရှာတွေ့နိုင်ပါတယ်။

ပရဟိတလုပ်ငန်းတွေ

ပရဟိတတွေ လုပ်ဆောင်နေတဲ့နေရာတွေမှာ ချစ်သူကောင်းတစ်ယောက်ကို တွေ့ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ ရပ်ရေးရွာရေး လုပ်အားပေး ဆောင်ရွက်တဲ့နေရာတွေမှာ စေတနာလုပ်အားပေးအဖြစ် ပါဝင်ဆောင်ရွက်တဲ့ လူငယ်တွေ အများကြီးပါပဲနော်။ ကိုယ့်ရဲ့ ဖူးစာရှင်ကိုလည်း ဒီလိုနေရာမှာ ရှာတွေ့နိုင်ပါတယ်။

ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ

ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲ ဒါမှမဟုတ် ကျောင်းပေါင်စုံတွေ့ဆုံပွဲတွေမှာ ချစ်သူကို ရှာတွေ့နိုင်ပါတယ်။ ငယ်ငယ်ကခင်ခဲ့တဲ့ သူငယ်ချင်းကို ပြန်ပြီးတွေ့ပြီး ချစ်မိရင်တော့ ကျောင်းတုန်းက အဖြစ်အပျက်လေးတွေ ပြောလို့ကုန်မယ်မထင်ဘူးနော်။

သင်စိတ်ဝင်စားတဲ့ အားကစား ဒါမှမဟုတ် Activity တစ်ခုခုမှာ

ဥပမာ ကိုယ်က သင်တန်းတက်နေရင်လည်း သင်တန်းမှာ ကိုယ့်ရဲ့ ဖူးစာရှင်ကို ရှာတွေ့နိုင်ပါတယ်တဲ့။ ကိုယ်နဲ့ နီးစပ်ရာ ကိုယ်သွားတတ်တဲ့နေရာတွေမှာ သင့်ရဲ့ မျက်စိရှေ့မှာသာ ရှိနေတဲ့ သူတွေကပဲ ချစ်သူဖြစ်လာတာပါ။ မြင်မြင်းချင်း ချစ်တယ်ဆိုရင်တောင် မမြင်ဘဲနဲ့တော့ ဘယ်လိုချစ်မှာလဲနော်။

ရန်ပုံငွေပွဲတွေ

ရန်ပုံငွေပွဲတွေ လူမှုရေးပွဲတွေမှာလည်း ချစ်သူကောင်းတစ်ယောက်ကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒီလိုနေရာတွေမှာ ချစ်သူကောင်းသာမက လူကောင်းကိုပါ ရှာတွေ့နိုင်ပါတယ်။

Facebook

Facebook မှာလည်း ချစ်သူကောင်းတစ်ယောက်ကို ရှာတွေ့နိုင်ပါတယ်။ တစ်ချို့ဆို FB မှာ ချစ်သူဖြစ်ရင် တကယ်လက်ထပ်သွားတဲ့သူတွေရှိပါတယ်။ ဒါပေမယ့်လည်း အပြင်မှာ တကယ်ဆုံကြည်ပြီး သူ့အကြောင်း သေသေချာချာသိမှ ရွေးချယ်ပါ။

သင့်ရဲ့ အိမ် (သို့) အလုပ် (သို့) ဆိုင်တစ်ခုခုမှာ

သင့်ရဲ့ အလုပ်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် ဆိုင်မှာပဲဖြစ်ဖြစ် တစ်ခါတလေမှာ ဖေဖေက ဒါမှမဟုတ် သူငယ်ချင်းက ဖိတ်ကြားလိုက်တဲ့ ဧည့်သည်တွေထဲမှာ မထင်မှတ်ပဲ ကိုယ့်ရဲ့ ဖူးစာရှင် ပါလာတတ်ပါတယ်နော်။

မင်္ဂလာဆောင်ပွဲမှာ

မင်္ဂလာဆောင်ပွဲတွေမှာလည်း ကိုယ့်ရဲ့ချစ်သူကို ရှာတွေ့နိုင်ပါတယ်။ မထင်မှတ်ဘဲ ကိုယ့်အတွက် ပြီးပြည့်စုံတဲ့ချစ်သူတစ်ယောက်ကို ဒီမှာ တွေ့နိုင်ပါသေးတယ်။

Matchmaker (အောင်သွယ်) တွေကနေတဆင့်

တစ်ချို့ကတော့ အရင်ကမသိခဲ့ဘဲ အောင်သွယ်တွေ မိတ်ဆက်ပေးရာကနေပြီးတော့ ချစ်ကြိုးသွယ်ပြီး တကယ်လက်ထပ်သွားတဲ့သူတွေရှိပါတယ်။

Credit;Mystylemyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top