iMyanmarHouse.com - Best Property Website for Myanmar
×
မလုံလောက်နိုင်ပါဘူး။
Credit:Shwemom
#Unicode Version
မိတ်ကပ်အလှကုန်ပစ္စည်းတွေဟာ လူတစ်ယောက်ရဲ့ အလှကို ပိုပြီး ထင်ရှားပေါ်လွင်လာအောင် အားဖြည့်ပေးနိုင်တယ်
ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် မိတ်ကပ်ဘယ်လောက်ပဲ လိမ်းလိမ်း လှပတဲ့ အသားအရေကို ပိုင်ဆိုင်မထားဘူး
ဆိုရင်တော့ အလကားပါ။ဒါကြောင့် မိတ်ကပ်လိမ်းရုံ၊အလှကုန်ပစ္စည်းတွေ သုံးရုံလောက်နဲ့တော့ အလှအပအတွက်
မလုံလောက်နိုင်ပါဘူး။
အရင်ဆုံးလုပ်ရာမှာက အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ပါ။ နူးညံ့ပြီး ပန်းရောင်တောက်ပတဲ့ အသားအရေကိုသာ ပိုင်ဆိုင်ထား
မယ်ဆိုရင် အလှကုန် ပစ္စည်းတွေရဲ့ အကူအညီမပါပဲနဲ့လည်း မိန်းမလှလေးတစ်ယောက်ဖြ စ်နိုင်ပါတယ်။ဘာကြောင့် အသားအရေထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးကြီးတာလဲ.?လူ့တစ်ယောက်ရဲ့ အရေပြားဟာ လူ့ခန္ဓာကိုယ်အတွက်
ကြီးမားတဲ့ မဟာတံတိုင်းကြီးပါ။ အသားအရေကို ကျန်းမာအောင် ထားတာ၊ခြောက်သွေ့ပျက်စီးတာမျိုးမဖြစ်အောင်
စောင့်ရှောက် တာတွေဟာ ရောဂါတွေမဖြစ်လာအောင်ကာကွယ်ပေးတာပါ။ အသားအရေနဲ့မတည့်တဲ့ ဆပ်ပြာတွေ
အသုံးပြုမိတဲ့ အခါမျိုးတွေမှာလည်း အရေပြားခြောက်သွေ့တဲ့အခြေအနေမျိုးနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အသားအရေ
ထိန်းသိမ်းစောင့်ရှောက်မှုဆိုတာဟာ အလှအပအတွက်တော့ အရေးအကြီးဆုံး အခြေခံအုတ်မြစ်တစ်ခုပါ။
လှပတဲ့ အသားအရေက လူတစ်ယောက်ရဲ့ အဓိကအကျဆုံး စွဲဆောင်မှုတစ်ခုပါ။ဖြူတာ၊မည်းတာနဲ့မဆိုင်ပဲ ကျန်းမာတဲ့
အသားအရေ ဖြစ်ဖို့လိုပါတယ်။အသားအရေကတော့ ဖြူပေမယ့် စိုပြေမှုမရှိပဲ ခြောက်သွေ့နေ၊မွဲခြောက်နေတဲ့ အသား
အရေမျိုးဆိုရင်တော့ ဘယ်လိုမှ စွဲဆောင်မှုရှိနိုင်မှာမဟုတ်ပါဘူး။ အမျိုးသမီးတွေရဲ့ ဒုတိယမျက်နှာလို့ ဆိုနိုင်တဲ့ အသားအရေဟာ အမျိုးသမီးတွေ စွဲဆောင်မှုရှိရှိနဲ့လှနေဖို့ အများကြီး အထောက်အကူ ပေးနေပါတယ်။
အသားအရေထိန်းသိမ်းဖို့အတွက်က skin care products တွေ သုံးနေရုံနဲ့မရပါဘူး။မှန်ကန်တဲ့ ရေချိုးဆပ်ပြာရည်ကို
အသုံးပြုပေးဖို့ လည်း လိုပါသေးတယ်။ဘာကြောင့်လဲဆိုတော့ အရင်ဆုံး အသားအရေ လှ ပစေတဲ့ ပစ္စည်းတွေ ကို မသုံးခင်
မှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ဟာ ဘက် တီးရီးယားတွေ၊ချွေးတွေ ကင်းစင်နေဖို့ လိုအပ်ပါတယ်။ ရေချိုးတဲ့ အခါမျိုးမှာ ရေချိုး
ဆပ်ပြာကို သုံးတာထက် shower Gel(ရေချိုးဆပ်ပြာရည်)ကို သုံးသင့်ပါတယ်။ရေချိုးဆပ်ပြာရည်က ရေကို အခြေခံ
ထားတာဖြစ်တာကြောင့် အသုံးပြုရတာ အရမ်းလွယ်ကူသလို၊ဆပ်ပြာနဲ့ယှဉ်ရင်ခြောက်သွေ့နေတဲ့ အသားအရေကို
အစိုဓါတ်ပြန်လည် ရရှိအောင် ပိုမိုစွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါတင်မကပဲ အမြှုပ်ထွက်အားပိုကောင်းသလို၊မွှေးရနံ့
ကိုလည်း အရေပြားမှာ ပိုစွဲနေစေပါတယ်။အခုနောက်ပိုင်း ထုတ်တဲ့ ရေချိုးဆပ်ပြာရည်တွေမှာ ဆိုရင် အသားအရေလှပမှု
အတွက်ပါ ရည်ရွယ်ထုတ်လုပ်လာတာကို တွေ့ရပါတယ်။ဥပမာ- LUX Sakura Dream ပါ။ချယ်ရီပန်းလို့ လူသိများတဲ့ ဂျပန်ဆာကူရာရဲ့ အဆီအနှစ်နဲ့ပြုလုပ်ထားလို့ အမြှုပ်ထွက်အားကောင်းပြီး အသားအရေကို ပိုမိုစိုပြေစေပါတယ်။မွှေးပျံ့တဲ့ ကိုယ်သင်းရနံ့အပြင် နူးညံ့တောက်ပပြီး ပန်းနုရောင်သမ်းတဲ့ အသားအရေကိုပါ ပေးစွမ်းနိုင်ပါတယ်။ဒါကြောင့် ရေချိုး
ဆပ်ပြာရည်ကို ရွေးမယ်ဆိုရင် အသားအရေလှပမှုအတွက်ကိုပါ အလေးပေးထုတ်လာတဲ့ Products မျိုးကို ရွေးချယ်
အသုံးပြုဖို့တိုက်တွန်းချင်ပါတယ်။
Credit:Shwemom
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top