iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္မွာအလုပ္ေတြမ်ားေနမယ္၊ စိတ္ဖိစီးမႈမ်ားေနမယ္ဆိုပါက ေရေသာက္ဖို႔ေမ့ေလ်ာ့ေန တတ္ၾကပါတယ္။ ခႏၶာကိုယ္မွာေရဓာတ္ခမ္းေျခာက္သြားျခင္းက လူကိုျဖဴဖပ္ျဖဴေရာ္ျဖစ္ေစတဲ့ အေၾကာင္းရင္းျဖစ္သလို စိတ္ဖိစီးမႈမ်ားခ်ိန္၊ ပင္ပန္းေနခ်ိန္မွာထြက္လာတဲ့ ေအဒရီနယ္လင္းေဟာ္မုန္းေၾကာင့္ျဖစ္ ပါတယ္။ ယင္းေဟာ္မုန္းက ခႏၶာကိုယ္အား တံု႔ျပန္မႈျမန္ေစရန္ကူညီေပးၿပီး ခႏၶာကိုယ္ရွိေသြးေၾကာ (အထူးသျဖင့္ အေရျပားမ်က္ႏွာျပင္အနီးရွိေသြးေၾကာ) ေတြကိုက်ဥ္းသြားေအာင္လုပ္ေဆာင္ႏုိင္ပါတယ္။ ဒါေၾကာင့့္ အေရျပားဆီသို႔ေသြးစီးဆင္းမႈနည္းသြားၿပီး ပံုမွန္ထက္ျဖဴေဖ်ာ့လာျခင္းျဖစ္ပါတယ္။

          ေရဓာတ္ခမ္းေျခာက္ျခင္းေၾကာင့္ အသားအေရျဖဴေရာ္လာရသလဲဆိုရာမွာ ခႏၶာကိုယ္မွာေရဓာတ္ ကုန္ခန္းသြားျခင္းက ေသြးလွည့္ပတ္ရာတြင္လိုအပ္တဲ့ အရည္ေတြနည္းသြားျခင္းေၾကာင့္ျဖစ္ၿပီး ေသြးေထာက္ပ့ံ ရာမွာအေရျပားထက္ ခႏၶာကိုယ္ရဲ႕အေရးႀကီးတဲ့ အဂၤါအစိတ္အပိုင္းေတြျဖစ္တဲ့ ဦးေႏွာက္၊ ႏွလံုးဆီသို႔ ဦးစားေပးကာ ေသြးေထာက္ပံ့ေပးရျခင္းေၾကာင့္လည္းျဖစ္ပါတယ္။ အသားအေရျဖဴဖပ္ျဖဴေရာ္ျဖစ္ရျခင္း ရဲ႕ ေနာက္ထပ္အေၾကာင္းရင္းတစ္ခုက ေသြးနီဥ နည္းသြားျခင္းေၾကာင့္ျဖစ္ေစတဲ့ ေသြးအားနည္းေရာဂါ ရွိျခင္းေၾကာင့္ျဖစ္ပါတယ္။ ေသြးနီဥက ေအာက္ဆီဂ်င္ကို သယ္ေဆာင္ေပးၿပီး ခႏၶာကိုယ္မွာေသြးနီဥ လံုလံုေလာက္ေလာက္မရွိပါက ေအာက္ဆီဂ်င္ရရွိမႈနည္းကာ လူကိုျဖဴဖပ္ျဖဴေရာ္ျဖစ္ေစ႐ံုသာမက ပင္ပန္းေနသလိုလည္း ခံစားရေစႏုိင္ပါတယ္။

Credit:drmyanmar.com
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
လူတစ်ယောက်မှာအလုပ်တွေများနေမယ်၊ စိတ်ဖိစီးမှုများနေမယ်ဆိုပါက ရေသောက်ဖို့မေ့လျော့နေ တတ်ကြပါတယ်။ ခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်သွားခြင်းက လူကိုဖြူဖပ်ဖြူရော်ဖြစ်စေတဲ့ အကြောင်းရင်းဖြစ်သလို စိတ်ဖိစီးမှုများချိန်၊ ပင်ပန်းနေချိန်မှာထွက်လာတဲ့ အေဒရီနယ်လင်းဟော်မုန်းကြောင့်ဖြစ် ပါတယ်။ ယင်းဟော်မုန်းက ခန္ဓာကိုယ်အား တုံ့ပြန်မှုမြန်စေရန်ကူညီပေးပြီး ခန္ဓာကိုယ်ရှိသွေးကြော (အထူးသဖြင့် အရေပြားမျက်နှာပြင်အနီးရှိသွေးကြော) တွေကိုကျဉ်းသွားအောင်လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့့် အရေပြားဆီသို့သွေးစီးဆင်းမှုနည်းသွားပြီး ပုံမှန်ထက်ဖြူဖျော့လာခြင်းဖြစ်ပါတယ်။

          ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် အသားအရေဖြူရော်လာရသလဲဆိုရာမှာ ခန္ဓာကိုယ်မှာရေဓာတ် ကုန်ခန်းသွားခြင်းက သွေးလှည့်ပတ်ရာတွင်လိုအပ်တဲ့ အရည်တွေနည်းသွားခြင်းကြောင့်ဖြစ်ပြီး သွေးထောက်ပံ့ ရာမှာအရေပြားထက် ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ ဦးနှောက်၊ နှလုံးဆီသို့ ဦးစားပေးကာ သွေးထောက်ပံ့ပေးရခြင်းကြောင့်လည်းဖြစ်ပါတယ်။ အသားအရေဖြူဖပ်ဖြူရော်ဖြစ်ရခြင်း ရဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုက သွေးနီဥ နည်းသွားခြင်းကြောင့်ဖြစ်စေတဲ့ သွေးအားနည်းရောဂါ ရှိခြင်းကြောင့်ဖြစ်ပါတယ်။ သွေးနီဥက အောက်ဆီဂျင်ကို သယ်ဆောင်ပေးပြီး ခန္ဓာကိုယ်မှာသွေးနီဥ လုံလုံလောက်လောက်မရှိပါက အောက်ဆီဂျင်ရရှိမှုနည်းကာ လူကိုဖြူဖပ်ဖြူရော်ဖြစ်စေရုံသာမက ပင်ပန်းနေသလိုလည်း ခံစားရစေနိုင်ပါတယ်။

Credit:drmyanmar.com

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top