iMyanmarHouse.com - Best Property Website for Myanmar
×

ၿပီးျပည့္စံုတဲ့ ဖက္႐ွင္က်မႈအတြက္ အဝတ္အစားေကာင္းေတြ ဝတ္ဆင္႐ံုနဲ႔ မၿပီးပါဘူး။ ေမႊးပ်ံ႕ၿပီး ဆြဲေဆာင္မႈ႐ွိတဲ့ ေရေမႊးရနံ႔ေလး ေပါင္းစပ္လိုက္မွသာ ကိုယ့္ေဘးကလူေတြကို သိမ္းပိုက္ႏိုင္မွာျဖစ္ပါတယ္။ ကိုယ့္ခႏၶာကိုယ္က ေမႊးရနံ႔ေလး ရေနေတာ့ ကိုယ့္ကိုယ္ကိုယ္လည္း ယံုၾကည္မႈ ပိုလာတယ္ေလ။

ေရေမႊးဝယ္မယ္ဆုိရင္ ကိုယ့္အႀကိဳက္အနံ႔ကေလးကို ဝယ္ခ်င္ၾကသလို အနံ႔စြဲတာေလးလည္း လိုခ်င္ၾကတယ္မဟုတ္လား။ တခ်ိဳ႕ေရေမႊးေတြက ၂ နာရီေလာက္နဲ႔ အနံ႔ျပယ္သလို တခ်ိဳ႕က်ေတာ့လည္း ေလွ်ာ္ၿပီးတာေတာင္မွ အနံ႔က က်န္ေနတုန္းပဲ။ ဘယ္လိုေရေမႊးမ်ိဳးက အနံ႔ပိုစြဲသလဲဆုိတာကို သိရဖုိ႔အတြက္ မဝယ္ခင္မွာ ပုလင္းေပၚက အညႊန္းကို အရင္ဖတ္ဖုိ႔ လိုပါတယ္ေနာ္။

ေရေမႊးျပဳလုပ္ရာမွာ အဓိကက်တဲ့ ေမႊးရနံ႔ေတြ (ပန္း၊ ကတိုး၊ သစ္ေမႊး စသည္တုိ႔)ကို အဆီအျဖစ္ရေအာင္ ထုတ္ယူၿပီး ရလာတဲ့ေရေမႊးဆီကိုမွ အျခားပစၥည္းေတြနဲ႔ ေပါင္းစပ္ထုတ္လုပ္ရတာျဖစ္ပါတယ္။ ေရေမႊးဆီပါဝင္မႈ မ်ားေလေလ အနံ႔ပိုစြဲေလေလပါပဲ။ ေအာ္ဒီကလုန္း (Eau de Cologne) အမ်ိဳးအစား ေရေမႊးေတြမွာ ေရေမႊးအဆီပါဝင္မႈက ၂% မွ ၄% အထိသာ ႐ွိတာမုိ႔ အနံ႔က ၂ နာရီေလာက္ထိပဲ ခံပါတယ္။ ေအာ္ဒီတြိဳင္လက္တီ (Eau de Toilette) ကို အတိုေကာက္အေနနဲ႔ EDT လို႔လည္း ေဖာ္ျပေလ့ရွိပါတယ္။ EDT အမ်ိဳးအစား ေရေမႊးေတြမွာ ေရေမႊးဆီပါဝင္မႈက ၅% မွ ၁၅% အထိ ပါဝင္လို႔ ၃ နာရီေက်ာ္ေလာက္ထိ ေမႊးနံ႔ေပၚလြင္ေနပါလိမ့္မယ္။ ပြဲလမ္းသဘင္ေတြ တက္ေရာက္ဖုိ႔အတြက္ ေရြးႏိုင္ပါတယ္။ EDT ထက္ ပိုၿပီးေတာ့ ရနံ႔စြဲတာကေတာ့ EDP (Eau de Parfum) ေတြပါ။ EDP ေတြမွာ ေရေမႊးဆီပါဝင္မႈက ၁၅% မွ ၂၀% အထိ ႐ွိတာမို႔ ေန႔စဥ္ဆြတ္ထားလို႔ရပါတယ္။ ႐ံုးတက္၊ ေက်ာင္းတက္တဲ့အခါ အိမ္ကေနဆြတ္သြားရင္ အခ်ိန္ ၅ နာရီေက်ာ္ေလာက္အထိ ေမႊးေနတတ္ပါတယ္။

ရနံ႔စြဲၿမဲမႈမွာ အၾကာဆံုးကေတာ့ ေရေမႊးဆီပါဝင္မႈ အျမင့္ဆံုးျဖစ္တဲ့ Perfume (Parfum) ေတြပဲ ျဖစ္ပါတယ္။ ေရေမႊးဆီပါဝင္မႈက ၂၀ % မွ ၃၀ % အထိ ရွိလို႔ အနည္းဆံုး ၆ နာရီမွ ၈ နာရီအထိ ရနံ႔စြဲက်န္ေနပါလိမ့္မယ္။ အခ်ိန္ၾကာၾကာ အနံ႔စြဲတာကိုမွ လိုခ်င္တယ္ဆုိရင္ေတာ့ ဘာတံဆိပ္ျဖစ္ျဖစ္ ပုလင္းမွာ Perfume (Parfum) လို႔ ေရးထားတာကိုသာ ေရြးေပေတာ့။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ပြီးပြည့်စုံတဲ့ ဖက်ရှင်ကျမှုအတွက် အဝတ်အစားကောင်းတွေ ဝတ်ဆင်ရုံနဲ့ မပြီးပါဘူး။ မွှေးပျံ့ပြီး ဆွဲဆောင်မှုရှိတဲ့ ရေမွှေးရနံ့လေး ပေါင်းစပ်လိုက်မှသာ ကိုယ့်ဘေးကလူတွေကို သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်က မွှေးရနံ့လေး ရနေတော့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုလာတယ်လေ။

ရေမွှေးဝယ်မယ်ဆိုရင် ကိုယ့်အကြိုက်အနံ့ကလေးကို ဝယ်ချင်ကြသလို အနံ့စွဲတာလေးလည်း လိုချင်ကြတယ်မဟုတ်လား။ တချို့ရေမွှေးတွေက ၂ နာရီလောက်နဲ့ အနံ့ပြယ်သလို တချို့ကျတော့လည်း လျှော်ပြီးတာတောင်မှ အနံ့က ကျန်နေတုန်းပဲ။ ဘယ်လိုရေမွှေးမျိုးက အနံ့ပိုစွဲသလဲဆိုတာကို သိရဖို့အတွက် မဝယ်ခင်မှာ ပုလင်းပေါ်က အညွှန်းကို အရင်ဖတ်ဖို့ လိုပါတယ်နော်။

ရေမွှေးပြုလုပ်ရာမှာ အဓိကကျတဲ့ မွှေးရနံ့တွေ (ပန်း၊ ကတိုး၊ သစ်မွှေး စသည်တို့)ကို အဆီအဖြစ်ရအောင် ထုတ်ယူပြီး ရလာတဲ့ရေမွှေးဆီကိုမှ အခြားပစ္စည်းတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ရတာဖြစ်ပါတယ်။ ရေမွှေးဆီပါဝင်မှု များလေလေ အနံ့ပိုစွဲလေလေပါပဲ။ အော်ဒီကလုန်း (Eau de Cologne) အမျိုးအစား ရေမွှေးတွေမှာ ရေမွှေးအဆီပါဝင်မှုက ၂% မှ ၄% အထိသာ ရှိတာမို့ အနံ့က ၂ နာရီလောက်ထိပဲ ခံပါတယ်။ အော်ဒီတွိုင်လက်တီ (Eau de Toilette) ကို အတိုကောက်အနေနဲ့ EDT လို့လည်း ဖော်ပြလေ့ရှိပါတယ်။ EDT အမျိုးအစား ရေမွှေးတွေမှာ ရေမွှေးဆီပါဝင်မှုက ၅% မှ ၁၅% အထိ ပါဝင်လို့ ၃ နာရီကျော်လောက်ထိ မွှေးနံ့ပေါ်လွင်နေပါလိမ့်မယ်။ ပွဲလမ်းသဘင်တွေ တက်ရောက်ဖို့အတွက် ရွေးနိုင်ပါတယ်။ EDT ထက် ပိုပြီးတော့ ရနံ့စွဲတာကတော့ EDP (Eau de Parfum) တွေပါ။ EDP တွေမှာ ရေမွှေးဆီပါဝင်မှုက ၁၅% မှ ၂၀% အထိ ရှိတာမို့ နေ့စဉ်ဆွတ်ထားလို့ရပါတယ်။ ရုံးတက်၊ ကျောင်းတက်တဲ့အခါ အိမ်ကနေဆွတ်သွားရင် အချိန် ၅ နာရီကျော်လောက်အထိ မွှေးနေတတ်ပါတယ်။

ရနံ့စွဲမြဲမှုမှာ အကြာဆုံးကတော့ ရေမွှေးဆီပါဝင်မှု အမြင့်ဆုံးဖြစ်တဲ့ Perfume (Parfum) တွေပဲ ဖြစ်ပါတယ်။ ရေမွှေးဆီပါဝင်မှုက ၂၀ % မှ ၃၀ % အထိ ရှိလို့ အနည်းဆုံး ၆ နာရီမှ ၈ နာရီအထိ ရနံ့စွဲကျန်နေပါလိမ့်မယ်။ အချိန်ကြာကြာ အနံ့စွဲတာကိုမှ လိုချင်တယ်ဆိုရင်တော့ ဘာတံဆိပ်ဖြစ်ဖြစ် ပုလင်းမှာ Perfume (Parfum) လို့ ရေးထားတာကိုသာ ရွေးပေတော့။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top