iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလး တစ္ခ်ိဳ႕ဟာ ခ်စ္သူေရြးမယ္ဆိုရင္ အသားျဖဴရမယ္၊အရပ္ရွည္ ရမယ္၊ရုပ္ေခ်ာရမယ္…စသျဖင့္ အခ်က္ေတြကိုစံထားၿပီး ေရြးတတ္ၾက ပါတယ္။လူတစ္ေယာက္ကို ခ်စ္သူေတာ္မယ္ဆုိရင္ ဘာေတြကို ၾကည့္ရမ လဲ.၊ဘာေတြကို စံထားၿပီး ခ်စ္သူအျဖစ္ သတ္မွတ္သင့္၊မသင့္ကို ဆံုးျဖတ္ ရမလဲဆိုၿပီး ေခါင္းစားေနတဲ့ ညီမငယ္ေလးေတြအတြက္ အႀကံျပဳေပးပါရေစ..

(၁)ၾကင္နာတတ္တဲ့ လူမ်ိဳး

ဒါကေတာ့ အေရးအႀကီးဆံုး အခ်က္ေတြထဲက တစ္ခုပါ။ၾကင္နာတတ္ဆိုတာ မိန္းကေလးေတြရဲ႕ ျပယုဂ္္တစ္ခုလို႔သာ သတ္မွတ္ လက္ခံထားသူေတြရွိၿပီး ေယာက္်ားဆိုရင္ေတာ့ ရဲရင့္၊ျပတ္သားရမယ္ဆိုတဲ့ စကားလံုးေတြနဲ႔ပဲ တြဲျမင္ပါ တယ္။ တကယ္ေတာ့ ၾကင္္နာတတ္ျခင္းက လူသားအားလံုးနဲ႔ပတ္သက္ပါ တယ္။ၾကင္နာ သနားတ တ္ၿပီး ကိုယ္ခ်င္းစာစိတ္ရွိတဲ့ ေယာက္်ားမ်ိဳးနဲ႔ေတြ႔ၿပီဆုိ ရင္ လံုး၀လက္ လြတ္မခံ သင့္ပါဘူး။ဒီလိုလူမ်ိဳးက သင့္ကို ဘယ္ေတာ့မွ ထိခိုက္ပ်က္စီးေအာင္ လုပ္မွာမ ဟုတ္တာတစ္ခုကေတာ့ လံုး၀ေသခ်ာပါတယ္။

(၂)ရိုးသားမႈ

ဒါလည္း အေရးႀကီးပါတယ္။ရိုးသားမႈရွိတဲ့ သူမ်ိဳးဟာ ဒီေန႔ေခတ္မွာ အင္မတန္ ရွားပါတယ္။တစ္ခ်ိဳ႕က ရိုးသားတာကို ႏုံအတယ္လို႔ အယူမွားၾကတာေတြ ရွိပါတယ္။ကိုယ္တုိင္ေတာင္ ရိုးသားမႈမရွိတဲ့ သူမ်ိဳးကို ဘယ္သူကမွ စိတ္ခ်ယံုၾက ည္မွမဟုတ္ပါဘူး။မုသားေတြသံုးၿပီး လွည့္ဖ်ားတတ္တဲ့ ေယာက္်ားမ်ိဳးက သင့္အတြက္ ဘယ္ေတာ့မွ စိတ္ခ်ယံုၾကည္ရတဲ့ ခ်စ္သူေကာင္း၊ခင္ပြနး္ေကာင္း ျဖစ္လာမွာ မဟုတ္ပါဘူး။

(၃)ရည္မွန္းခ်က္ရွိသူ

ေယာက္်ားတစ္ေယာက္မွာ ပိုက္ဆံရွိျခင္း၊မရွိျခင္းက အေရးမႀကီးပါဘူး။ ခ်စ္သူေ ရြးတဲ့ အခါေငြေၾကးဆိုတာ လံုး၀ကိုထည့္သြင္း စဥ္းစားစားဖုိ႔ကို မလိုပါဘူး။ေငြအ စား သင္စဥ္းစားရမွာက ဒီလူဟာ ရည္မွန္းခ်က္ရွိသူလား၊ဒါမွမဟုတ္ ေလာေ လာဆယ္မွာေတာ့ ေငြရွိေပမယ့္ ဘ၀မွာ ရည္မွန္းခ်က္ရယ္လို႔ ဘာမွမည္ မည္ ရရမရွိဘူးဆိုရင္ေတာ့ မီးနီသာျပလိုက္ပါ။ရည္မွန္းခ်က္ေတာ့ ရွိပါတယ္။လ က္ေ တြ႔အေကာင္အထည္မေဖာ္တဲ့၊ႀကိဳးစားမႈမရွိတဲ့ သူမ်ိဳးဆုိရင္လည္းမရပါဘူး။ ရည္မွ န္းခ်က္လည္းရွိ၊ကိုယ္တိုင္လည္း ႀကိဳးစားေနတဲ့ သူမ်ိဳးကို ေရြးပါ။

(၄)ယံုၾကည္မႈရွိသူ

မိန္းကေလးဆိုတာမ်ိဳးက ဘယ္ေလာက္ပဲ ထက္ျမက္ေနပါတယ္၊ကိုယ့္အား ကိုယ္ကိုးတယ္ဆိုအံုးေတာ့ ခ်စ္သူအေပၚ အနည္းနဲ႔အမ်ား အားကိုးမွီခိုခ်င္ စိတ္ရွိပါတယ္။ကိုယ့္ကိုယ္ကိုေတာင္ ယံုၾကည္မႈမရွိတဲ့ ေယာက္်ားမ်ိဳးက သင့္အတြက္ အားကိုးအားထားစရာျပဳစရာ လူတစ္ေယာက္ ဘယ္ေတာ့မွျဖစ္ လာမွာ မဟုတ္ပါဘူး။

(၅)ယံုၾကည္အားကိုးလို႔ရ

သင့္အတြက္ ယံုၾကည္အားကိုးလို႔ရတဲ့ သူမ်ိဳးကို ေရြးပါ။လူတစ္ေယာက္ကို ခ်စ္သူေတာ္မယ္ဆိုရင္ အနည္းဆံုးေတာ့ သူ႔အေပၚမွာ ကုိယ့္စိတ္္က အခ်စ္္ စိတ္အျပင္ ယံုၾကည္အားကိုးစိတ္ေလးပါ ရွိေနဖို႔ လိုပါတယ္။အခ်စ္ကလည္း အေရးႀကီးေပမယ့္၊ခ်စ္တာတစ္ခုတည္းနဲ႔ ေရြးဖို႔ဆိုတာကလည္း မျဖစ္ႏိုင္ပါဘူး။

(၆)ရက္ေရာေပးကမ္းတတ္သူ

ကပ္ေစးႏွဲတဲ့ ေယာက္်ားမ်ိဳးဟာ ခ်စ္သူေတာ္မယ္ဆုိရင္ေတာ့ ထည့္မစဥ္း စားသ င့္တဲ့ အထဲမွာ ပါတယ္လုိ႔ ေျပာလို႔ရပါတယ္။ကပ္ေစးႏွဲတာန႔ဲ ေငြကို စနစ္တ က်သံုးစြဲတာနဲ႔ေတာ့ မတူဘူးဆိုတာကိုေတာ့ သတိျပဳေစခ်င္ပါတယ္။ အလွဴအ တန္းဆိုရင္လည္းေနာက္တြန္႔ၿပီး ကိုယ္အိတ္ထဲက ပိုက္ဆံကို အျပင္ထြက္မွာ ေသမေလာက္ ေၾကာက္ေနတဲ့ သူမ်ိဳးဆိုရင္ေတာ့ ခ်စ္သူေတာ္ဖို႔ကို နည္းနည္းျပန္ စဥ္းစားေစခ်င္ပါတယ္။ရည္းစားျဖစ္ၿပီးမွ ကိုယ္ကခ်ည္းေငြထုတ္ရွင္းေနရရင္ ၊ကိုယ္က အေပးသမား၊သူကေတာ့ ေတာက္ေလ်ာက္ အယူသမားဆိုရင္ေတာ့ ဒီလိုလူကို ေရရွည္လက္တြဲဖို႔က ဘယ္လိုမွမျဖစ္ႏိုင္ပါဘူး။ဒါေၾကာင့္ ေစတနာေကာင္းၿပီး ရက္ေရာေပးကမ္းတတ္သူမ်ိဳး ကိုေရြးပါ။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

မိန်းကလေး တစ်ချို့ဟာ ချစ်သူရွေးမယ်ဆိုရင် အသားဖြူရမယ်၊အရပ်ရှည် ရမယ်၊ရုပ်ချောရမယ်…စသဖြင့် အချက်တွေကိုစံထားပြီး ရွေးတတ်ကြ ပါတယ်။လူတစ်ယောက်ကို ချစ်သူတော်မယ်ဆိုရင် ဘာတွေကို ကြည့်ရမ လဲ.၊ဘာတွေကို စံထားပြီး ချစ်သူအဖြစ် သတ်မှတ်သင့်၊မသင့်ကို ဆုံးဖြတ် ရမလဲဆိုပြီး ခေါင်းစားနေတဲ့ ညီမငယ်လေးတွေအတွက် အကြံပြုပေးပါရစေ..

(၁)ကြင်နာတတ်တဲ့ လူမျိုး

ဒါကတော့ အရေးအကြီးဆုံး အချက်တွေထဲက တစ်ခုပါ။ကြင်နာတတ်ဆိုတာ မိန်းကလေးတွေရဲ့ ပြယုဂ်တစ်ခုလို့သာ သတ်မှတ် လက်ခံထားသူတွေရှိပြီး ယောက်ျားဆိုရင်တော့ ရဲရင့်၊ပြတ်သားရမယ်ဆိုတဲ့ စကားလုံးတွေနဲ့ပဲ တွဲမြင်ပါ တယ်။ တကယ်တော့ ကြင်နာတတ်ခြင်းက လူသားအားလုံးနဲ့ပတ်သက်ပါ တယ်။ကြင်နာ သနားတ တ်ပြီး ကိုယ်ချင်းစာစိတ်ရှိတဲ့ ယောက်ျားမျိုးနဲ့တွေ့ပြီဆို ရင် လုံးဝလက် လွတ်မခံ သင့်ပါဘူး။ဒီလိုလူမျိုးက သင့်ကို ဘယ်တော့မှ ထိခိုက်ပျက်စီးအောင် လုပ်မှာမ ဟုတ်တာတစ်ခုကတော့ လုံးဝသေချာပါတယ်။

(၂)ရိုးသားမှု

ဒါလည်း အရေးကြီးပါတယ်။ရိုးသားမှုရှိတဲ့ သူမျိုးဟာ ဒီနေ့ခေတ်မှာ အင်မတန် ရှားပါတယ်။တစ်ချို့က ရိုးသားတာကို နုံအတယ်လို့ အယူမှားကြတာတွေ ရှိပါတယ်။ကိုယ်တိုင်တောင် ရိုးသားမှုမရှိတဲ့ သူမျိုးကို ဘယ်သူကမှ စိတ်ချယုံကြ ည်မှမဟုတ်ပါဘူး။မုသားတွေသုံးပြီး လှည့်ဖျားတတ်တဲ့ ယောက်ျားမျိုးက သင့်အတွက် ဘယ်တော့မှ စိတ်ချယုံကြည်ရတဲ့ ချစ်သူကောင်း၊ခင်ပွန်းကောင်း ဖြစ်လာမှာ မဟုတ်ပါဘူး။

(၃)ရည်မှန်းချက်ရှိသူ

ယောက်ျားတစ်ယောက်မှာ ပိုက်ဆံရှိခြင်း၊မရှိခြင်းက အရေးမကြီးပါဘူး။ ချစ်သူေ ရွးတဲ့ အခါငွေကြေးဆိုတာ လုံးဝကိုထည့်သွင်း စဉ်းစားစားဖို့ကို မလိုပါဘူး။ငွေအ စား သင်စဉ်းစားရမှာက ဒီလူဟာ ရည်မှန်းချက်ရှိသူလား၊ဒါမှမဟုတ် လောေ လာဆယ်မှာတော့ ငွေရှိပေမယ့် ဘဝမှာ ရည်မှန်းချက်ရယ်လို့ ဘာမှမည် မည် ရရမရှိဘူးဆိုရင်တော့ မီးနီသာပြလိုက်ပါ။ရည်မှန်းချက်တော့ ရှိပါတယ်။လ က်ေ တွ့အကောင်အထည်မဖော်တဲ့၊ကြိုးစားမှုမရှိတဲ့ သူမျိုးဆိုရင်လည်းမရပါဘူး။ ရည်မှ န်းချက်လည်းရှိ၊ကိုယ်တိုင်လည်း ကြိုးစားနေတဲ့ သူမျိုးကို ရွေးပါ။

(၄)ယုံကြည်မှုရှိသူ

မိန်းကလေးဆိုတာမျိုးက ဘယ်လောက်ပဲ ထက်မြက်နေပါတယ်၊ကိုယ့်အား ကိုယ်ကိုးတယ်ဆိုအုံးတော့ ချစ်သူအပေါ် အနည်းနဲ့အများ အားကိုးမှီခိုချင် စိတ်ရှိပါတယ်။ကိုယ့်ကိုယ်ကိုတောင် ယုံကြည်မှုမရှိတဲ့ ယောက်ျားမျိုးက သင့်အတွက် အားကိုးအားထားစရာပြုစရာ လူတစ်ယောက် ဘယ်တော့မှဖြစ် လာမှာ မဟုတ်ပါဘူး။

(၅)ယုံကြည်အားကိုးလို့ရ

သင့်အတွက် ယုံကြည်အားကိုးလို့ရတဲ့ သူမျိုးကို ရွေးပါ။လူတစ်ယောက်ကို ချစ်သူတော်မယ်ဆိုရင် အနည်းဆုံးတော့ သူ့အပေါ်မှာ ကိုယ့်စိတ်က အချစ် စိတ်အပြင် ယုံကြည်အားကိုးစိတ်လေးပါ ရှိနေဖို့ လိုပါတယ်။အချစ်ကလည်း အရေးကြီးပေမယ့်၊ချစ်တာတစ်ခုတည်းနဲ့ ရွေးဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။

(၆)ရက်ရောပေးကမ်းတတ်သူ

ကပ်စေးနှဲတဲ့ ယောက်ျားမျိုးဟာ ချစ်သူတော်မယ်ဆိုရင်တော့ ထည့်မစဉ်း စားသ င့်တဲ့ အထဲမှာ ပါတယ်လို့ ပြောလို့ရပါတယ်။ကပ်စေးနှဲတာနဲ့ ငွေကို စနစ်တ ကျသုံးစွဲတာနဲ့တော့ မတူဘူးဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။ အလှူအ တန်းဆိုရင်လည်းနောက်တွန့်ပြီး ကိုယ်အိတ်ထဲက ပိုက်ဆံကို အပြင်ထွက်မှာ သေမလောက် ကြောက်နေတဲ့ သူမျိုးဆိုရင်တော့ ချစ်သူတော်ဖို့ကို နည်းနည်းပြန် စဉ်းစားစေချင်ပါတယ်။ရည်းစားဖြစ်ပြီးမှ ကိုယ်ကချည်းငွေထုတ်ရှင်းနေရရင် ၊ကိုယ်က အပေးသမား၊သူကတော့ တောက်လျောက် အယူသမားဆိုရင်တော့ ဒီလိုလူကို ရေရှည်လက်တွဲဖို့က ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဒါကြောင့် စေတနာကောင်းပြီး ရက်ရောပေးကမ်းတတ်သူမျိုး ကိုရွေးပါ။
Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top