iMyanmarHouse.com - Best Property Website for Myanmar
×

1.      ဆဲလ္ေသမ်ားကို ဖယ္ရွားေပးပါ

          အေမႊးရိတ္တဲ့အခ်ိန္မွာ အေရျပားမ်က္ႏွာျပင္ဟာ ဆဲလ္ေသေတြေၾကာင့္ ၾကမ္းတမ္းေနပါက ဘရိတ္ဓားနဲ႔ ထိခိုက္မိၿပီး ပူစပ္ပူေလာင္ျဖစ္တာေတြ ခံစားရႏုိင္ပါတယ္။

          ဒီလိုျဖစ္တာကို ေရွာင္ရွားဖို႔အတြက္ အေမႊးမရိတ္မီမွာ ဆဲလ္ေသမ်ားကို ဖယ္ရွားရွင္းလင္းေပးတဲ့ ဆပ္ျပာၾကမ္းမ်ားကို အသံုးျပဳေပးႏုိင္ပါတယ္။ ၾကမ္းၾကမ္းတမ္းတမ္း ပြတ္တိုက္ျခင္း မျပဳလုပ္ဘဲ အခ်ိန္ေပးၿပီး ညင္ညင္သာသာ ျပဳလုပ္သင့္ပါတယ္။ အေမႊးမရိတ္မီ ဆဲလ္ေသေတြကို ဖယ္ရွားဖို႔ လိုတဲ့အတြက္ အေခါက္တိုင္း အၿမဲျပဳလုပ္ေပးပါ။

 2.      ခရင္မ္ (သို႔) အဆီမ်ားကို ဘရပ္ခ်္ျဖင့္ လိမ္းေပးပါ

          အေမႊးမရိတ္မီအသံုးျပဳတဲ့ ခရင္မ္ (သို႔) အဆီေတြကို လက္ (သို႔) ဘရပ္ခ်္ကိုသံုး၍ ေသခ်ာစြာ လိမ္းေပးပါ။

3.      တစ္ခါသံုး အေမႊးရိတ္ဓားကို သံုးပါ

          အေရျပားပိုး၀င္တာေတြ မျဖစ္ေအာင္ တစ္ခါသံုး အေမႊးရိတ္ဓားေတြကို အသံုးျပဳသင့္ပါတယ္။

 4.      အေမႊးအမွ်င္မ်ားကို ႏူးညံ့ေအာင္ ျပဳလုပ္ပါ

          အေမႊးအမွ်င္ေတြဟာ ပိုမိုႏူးညံ့ေနပါက ရိတ္ရတာ ပိုမိုလြယ္ကူေစႏုိင္ပါတယ္။  ဒီလိုျဖစ္ဖို႔ လုပ္ေဆာင္ဖို႔လိုတာေတြကေတာ့ သဘက္တစ္ထည္ကိုယူ၍ ေရေႏြးထဲမွာ စိမ္ထားပါ။ ထို႔ေနာက္ ငါးမိနစ္ခန္႔ အေမႊးရိတ္လိုတဲ့ေနရာမွာ ကပ္ထားပါ။ ထိုသို႔ ျပဳလုပ္ျခင္းျဖင့္ ေခၽြးေပါက္ေတြကို ပြင့္ေစ႐ံုသာမက အေမႊးအမွ်င္ေတြကိုလည္း ပိုမိုႏူးညံ့ေစပါတယ္။ အေမႊးရိတ္တဲ့အခါမွာလည္း အားစိုက္ထုတ္စရာမလိုဘဲ လြယ္လြယ္ကူကူ ရိတ္ႏိုင္ပါတယ္။ ထို႔ေနာက္ အေမႊးရိတ္ရာတြင္ အသံုးျပဳတဲ့ခရင္မ္ကို အသံုးျပဳေပးျခင္းျဖင့္ အေရျပားနဲ႔ ဘရိတ္ဓားၾကားမွာ အကာအကြယ္တစ္ခု ျဖစ္ေစႏိုင္ပါတယ္။

5.      အစိုဓာတ္ ျဖည့္ေပးမယ့္လိုးရွင္း အသံုးျပဳပါ

          ေဆာင္းရာသီလိုအခ်ိန္မ်ိဳးေတြမွာ အသားအေရဟာ ပိုမိုေျခာက္ေသြ႕တာေၾကာင့္ အေရျပားဟာ ပိုမိုထိခိုက္လြယ္ပါတယ္။ ေျဖရွင္းဖို႔ အလြယ္ကူဆံုးနည္းလမ္းကေတာ့ အစိုဓာတ္ပါတဲ့ ခရင္မ္ကို လိမ္းေပးဖို႔ပါပဲ။

6.      အေမႊးအမွ်င္မ်ား ေပါက္ရာလမ္းေၾကာင္းအတုိင္း ရိတ္ျခင္း

          ထိခိုက္လြယ္တဲ့ အသားအေရပိုင္ရွင္ေတြဟာ အေမႊးေပါက္ရာလမ္းေၾကာင္းနဲ႔ ဆန္႔က်င္ၿပီးေတာ့ မရိတ္သင့္ပါဘူး။

          ဒါဟာ လူအမ်ားစု ျပဳလုပ္ေနၾကတဲ့ အလြန္ပင္႐ိုးရွင္းလွတဲ့ အမွားတစ္ခုပဲ ျဖစ္ပါတယ္။ ထိခိုက္လြယ္တဲ့ အသားအေရပိုင္ရွင္ မဟုတ္တဲ့သူေတြအတြက္ ျပႆနာမဟုတ္ေပမယ့္ ထိခိုက္လြယ္တဲ့ အသားအေရပိုင္ရွင္ေတြ အတြက္ကေတာ့ အၿမဲပင္ အေမႊးေပါက္ရာ ဦးတည္ရာဘက္သို႔သာ ရိတ္သင့္ပါတယ္။

7.      အေမႊးရိတ္ၿပီးေနာက္ ေသခ်ာစြာ ေဆးေၾကာပါ

          ေနာက္ဆံုးအေနနဲ႔ အေမႊးအမွ်င္ေတြကို ဖယ္ရွားၿပီးတဲ့အခ်ိန္မွာေတာ့ ေရေအးနဲ႔ ေဆးခ်သင့္ပါတယ္။ ထိုကဲ့သို႔ ျပဳလုပ္ျခင္းျဖင့္ ေရာင္ရမ္းမႈေတြကို ေလွ်ာ့ခ်ၿပီး ေခၽြးေပါက္ေတြကို က်ဥ္းေစပါတယ္။

Credit:Dr. Thinzar Wynn (www.drmyanmar.com)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
1.      ဆဲလ်သေများကို ဖယ်ရှားပေးပါ

          အမွှေးရိတ်တဲ့အချိန်မှာ အရေပြားမျက်နှာပြင်ဟာ ဆဲလ်သေတွေကြောင့် ကြမ်းတမ်းနေပါက ဘရိတ်ဓားနဲ့ ထိခိုက်မိပြီး ပူစပ်ပူလောင်ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။

          ဒီလိုဖြစ်တာကို ရှောင်ရှားဖို့အတွက် အမွှေးမရိတ်မီမှာ ဆဲလ်သေများကို ဖယ်ရှားရှင်းလင်းပေးတဲ့ ဆပ်ပြာကြမ်းများကို အသုံးပြုပေးနိုင်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ခြင်း မပြုလုပ်ဘဲ အချိန်ပေးပြီး ညင်ညင်သာသာ ပြုလုပ်သင့်ပါတယ်။ အမွှေးမရိတ်မီ ဆဲလ်သေတွေကို ဖယ်ရှားဖို့ လိုတဲ့အတွက် အခေါက်တိုင်း အမြဲပြုလုပ်ပေးပါ။

 2.      ခရင်မ် (သို့) အဆီများကို ဘရပ်ချ်ဖြင့် လိမ်းပေးပါ

          အမွှေးမရိတ်မီအသုံးပြုတဲ့ ခရင်မ် (သို့) အဆီတွေကို လက် (သို့) ဘရပ်ချ်ကိုသုံး၍ သေချာစွာ လိမ်းပေးပါ။

3.      တစ်ခါသုံး အမွှေးရိတ်ဓားကို သုံးပါ

          အရေပြားပိုးဝင်တာတွေ မဖြစ်အောင် တစ်ခါသုံး အမွှေးရိတ်ဓားတွေကို အသုံးပြုသင့်ပါတယ်။

 4.      အမွှေးအမျှင်များကို နူးညံ့အောင် ပြုလုပ်ပါ

          အမွှေးအမျှင်တွေဟာ ပိုမိုနူးညံ့နေပါက ရိတ်ရတာ ပိုမိုလွယ်ကူစေနိုင်ပါတယ်။  ဒီလိုဖြစ်ဖို့ လုပ်ဆောင်ဖို့လိုတာတွေကတော့ သဘက်တစ်ထည်ကိုယူ၍ ရေနွေးထဲမှာ စိမ်ထားပါ။ ထို့နောက် ငါးမိနစ်ခန့် အမွှေးရိတ်လိုတဲ့နေရာမှာ ကပ်ထားပါ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ချွေးပေါက်တွေကို ပွင့်စေရုံသာမက အမွှေးအမျှင်တွေကိုလည်း ပိုမိုနူးညံ့စေပါတယ်။ အမွှေးရိတ်တဲ့အခါမှာလည်း အားစိုက်ထုတ်စရာမလိုဘဲ လွယ်လွယ်ကူကူ ရိတ်နိုင်ပါတယ်။ ထို့နောက် အမွှေးရိတ်ရာတွင် အသုံးပြုတဲ့ခရင်မ်ကို အသုံးပြုပေးခြင်းဖြင့် အရေပြားနဲ့ ဘရိတ်ဓားကြားမှာ အကာအကွယ်တစ်ခု ဖြစ်စေနိုင်ပါတယ်။

5.      အစိုဓာတ် ဖြည့်ပေးမယ့်လိုးရှင်း အသုံးပြုပါ

          ဆောင်းရာသီလိုအချိန်မျိုးတွေမှာ အသားအရေဟာ ပိုမိုခြောက်သွေ့တာကြောင့် အရေပြားဟာ ပိုမိုထိခိုက်လွယ်ပါတယ်။ ဖြေရှင်းဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ အစိုဓာတ်ပါတဲ့ ခရင်မ်ကို လိမ်းပေးဖို့ပါပဲ။

6.      အမွှေးအမျှင်များ ပေါက်ရာလမ်းကြောင်းအတိုင်း ရိတ်ခြင်း

          ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေဟာ အမွှေးပေါက်ရာလမ်းကြောင်းနဲ့ ဆန့်ကျင်ပြီးတော့ မရိတ်သင့်ပါဘူး။

          ဒါဟာ လူအများစု ပြုလုပ်နေကြတဲ့ အလွန်ပင်ရိုးရှင်းလှတဲ့ အမှားတစ်ခုပဲ ဖြစ်ပါတယ်။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင် မဟုတ်တဲ့သူတွေအတွက် ပြဿနာမဟုတ်ပေမယ့် ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေ အတွက်ကတော့ အမြဲပင် အမွှေးပေါက်ရာ ဦးတည်ရာဘက်သို့သာ ရိတ်သင့်ပါတယ်။

7.      အမွှေးရိတ်ပြီးနောက် သေချာစွာ ဆေးကြောပါ

          နောက်ဆုံးအနေနဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားပြီးတဲ့အချိန်မှာတော့ ရေအေးနဲ့ ဆေးချသင့်ပါတယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ရောင်ရမ်းမှုတွေကို လျှော့ချပြီး ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။

Credit:Dr. Thinzar Wynn (www.drmyanmar.com)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top