iMyanmarHouse.com - Best Property Website for Myanmar
×

 ကုသေပ်ာက္ကင္းႏိုင္မႈႏႈန္း အျမင့္မားဆံုးေသာ ကင္ဆာေရာဂါတစ္မ်ိဳးျဖစ္သည့္ ကပ္ပယ္အိတ္ကင္ဆာသည္ အမ်ိဳးသားမ်ားၾကား ႀကံဳေတာင့္ႀကံဳခဲေရာဂါတစ္မ်ိဳးျဖစ္ေသာ္လည္း ယင္းေရာဂါႏွင့္ ပတ္သက္၍ သိသင့္ေသာအခ်က္အလက္မ်ားကို သိထားမွသာ ေရာဂါကြၽမ္းမလာေအာင္ ႀကိဳတင္ကာကြယ္ႏုိင္မည္ျဖစ္သည္။

ကပ္ပယ္အိတ္ကင္ဆာသည္ ဖိုမ်ိဳးပြားအဂၤါ၏ တစ္စိတ္တစ္ ပိုင္းျဖစ္ေသာ ကပ္ပယ္အိတ္မ်ားထဲတြင္ ျဖစ္ေပၚလာေလ့ရွိ၍ အ ျခားေသာ ကင္ဆာေရာဂါမ်ားႏွင့္ ႏိႈင္းယွဥ္ပါက ျဖစ္ပြားမႈႏႈန္းနည္း ေသာေရာဂါျဖစ္သည္။

ကပ္ပယ္အိတ္ကင္ဆာသည္ ျပင္းထန္ေသာေရာဂါတစ္မ်ိဳးျဖစ္လာႏုိင္ေျခရွိသျဖင့္ ယင္းေရာဂါ၏ လကၡဏာမ်ားကို ေစာေစာစီးစီး သိထားပါက ကုသရာတြင္ မ်ားစြာအေထာက္အကူျပဳႏုိင္သည္။

ကပ္ပယ္အိတ္တြင္ အက်ိတ္ျဖစ္ေပၚလာျခင္း၊ ေ၀ွးေစ့က်ံဳ႕သြား ျခင္း၊ ပိုႀကီးလာျခင္း (သို႔မဟုတ္) ေရာင္ရမ္းျခင္း၊ အရည္မ်ားစုေ၀း ျဖစ္ေပၚျခင္း၊ ၀မ္းဗိုက္ေအာက္ပိုင္း (သို႔မဟုတ္) ေပါင္ၿခံတြင္ ကိုက္ ခဲျခင္း၊ ကပ္ပယ္အိတ္ထဲ၌ မသက္မသာ (သို႔မဟုတ္) နာက်င္မႈကုိ ခံစားရျခင္း၊ ရင္သားမ်ားႀကီးလာျခင္း၊ ေပ်ာ့ရြဲလာျခင္းႏွင့္ ေက်ာ ေအာက္ပိုင္းနာက်င္ျခင္း စေသာလကၡဏာမ်ားသည္ ကပ္ပယ္အိတ္ ကင္ဆာလကၡဏာမ်ားျဖစ္ႏုိင္သည္။

ကပ္ပယ္အိတ္ကင္ဆာေရာဂါျဖစ္ပြားေသာ အမ်ိဳးသားမ်ား၏ ၂ ရာခုိင္ႏႈန္းသည္ ရင္သားမ်ားႀကီးထြားလာေလ့ရွိသည္။

ကင္ဆာဆဲလ္မ်ားပ်ံ႕ႏွံ႔သြားပါက ေခ်ာင္းဆုိးျခင္း၊ အသက္႐ွဴရခက္ခဲျခင္း၊ ရင္ဘတ္ေရာင္ရမ္းျခင္း၊ အစားအစာမ်ိဳခ်ရ ခက္ခဲျခင္းတို႔ ႀကံဳႏုိင္သည္။

ေမြးဖြားခ်ိန္တြင္ ကပ္ပယ္အိတ္မ်ား တြဲမက်ေနျခင္း၊ မိသားစု တြင္ ကပ္ပယ္အိတ္ကင္ဆာရွိျခင္း၊ ကပ္ပယ္အိတ္တစ္ခုတြင္ ကင္ ဆာျဖစ္ဖူးျခင္းတို႔ေၾကာင့္ ကပ္ပယ္အိတ္ကင္ဆာျဖစ္ႏုိင္သည္။

မ်ိဳးမေအာင္ႏုိင္ေသာ အမ်ိဳးသားမ်ားသည္ ကပ္ပယ္အိတ္ကင္ဆာ ျဖစ္ပြားႏုိင္သည့္အႏၲရာယ္ ျမင့္မားေၾကာင္း ေလ့လာမႈတစ္ရပ္အရ သိရသည္။

Credit:7day daily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
 ကုသပျောက်ကင်းနိုင်မှုနှုန်း အမြင့်မားဆုံးသော ကင်ဆာရောဂါတစ်မျိုးဖြစ်သည့် ကပ်ပယ်အိတ်ကင်ဆာသည် အမျိုးသားများကြား ကြုံတောင့်ကြုံခဲရောဂါတစ်မျိုးဖြစ်သော်လည်း ယင်းရောဂါနှင့် ပတ်သက်၍ သိသင့်သောအချက်အလက်များကို သိထားမှသာ ရောဂါကျွမ်းမလာအောင် ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။

ကပ်ပယ်အိတ်ကင်ဆာသည် ဖိုမျိုးပွားအင်္ဂါ၏ တစ်စိတ်တစ် ပိုင်းဖြစ်သော ကပ်ပယ်အိတ်များထဲတွင် ဖြစ်ပေါ်လာလေ့ရှိ၍ အ ခြားသော ကင်ဆာရောဂါများနှင့် နှိုင်းယှဉ်ပါက ဖြစ်ပွားမှုနှုန်းနည်း သောရောဂါဖြစ်သည်။

ကပ်ပယ်အိတ်ကင်ဆာသည် ပြင်းထန်သောရောဂါတစ်မျိုးဖြစ်လာနိုင်ခြေရှိသဖြင့် ယင်းရောဂါ၏ လက္ခဏာများကို စောစောစီးစီး သိထားပါက ကုသရာတွင် များစွာအထောက်အကူပြုနိုင်သည်။

ကပ်ပယ်အိတ်တွင် အကျိတ်ဖြစ်ပေါ်လာခြင်း၊ ဝှေးစေ့ကျုံ့သွား ခြင်း၊ ပိုကြီးလာခြင်း (သို့မဟုတ်) ရောင်ရမ်းခြင်း၊ အရည်များစုဝေး ဖြစ်ပေါ်ခြင်း၊ ဝမ်းဗိုက်အောက်ပိုင်း (သို့မဟုတ်) ပေါင်ခြံတွင် ကိုက် ခဲခြင်း၊ ကပ်ပယ်အိတ်ထဲ၌ မသက်မသာ (သို့မဟုတ်) နာကျင်မှုကို ခံစားရခြင်း၊ ရင်သားများကြီးလာခြင်း၊ ပျော့ရွဲလာခြင်းနှင့် ကျော အောက်ပိုင်းနာကျင်ခြင်း စသောလက္ခဏာများသည် ကပ်ပယ်အိတ် ကင်ဆာလက္ခဏာများဖြစ်နိုင်သည်။

ကပ်ပယ်အိတ်ကင်ဆာရောဂါဖြစ်ပွားသော အမျိုးသားများ၏ ၂ ရာခိုင်နှုန်းသည် ရင်သားများကြီးထွားလာလေ့ရှိသည်။

ကင်ဆာဆဲလ်များပျံ့နှံ့သွားပါက ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်ရောင်ရမ်းခြင်း၊ အစားအစာမျိုချရ ခက်ခဲခြင်းတို့ ကြုံနိုင်သည်။

မွေးဖွားချိန်တွင် ကပ်ပယ်အိတ်များ တွဲမကျနေခြင်း၊ မိသားစု တွင် ကပ်ပယ်အိတ်ကင်ဆာရှိခြင်း၊ ကပ်ပယ်အိတ်တစ်ခုတွင် ကင် ဆာဖြစ်ဖူးခြင်းတို့ကြောင့် ကပ်ပယ်အိတ်ကင်ဆာဖြစ်နိုင်သည်။

မျိုးမအောင်နိုင်သော အမျိုးသားများသည် ကပ်ပယ်အိတ်ကင်ဆာ ဖြစ်ပွားနိုင်သည့်အန္တရာယ် မြင့်မားကြောင်း လေ့လာမှုတစ်ရပ်အရ သိရသည်။

Credit:7day daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top