iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ဦးနဲ႔ တစ္ဦးခင္မင္ေပမယ့္ ေတြ႕တဲ့အခါက်ရင္ မဝံ့မရဲျဖစ္ေနတာမ်ိဳး ရွိတတ္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ထင္သေလာက္ မရင္းႏွီးသလို ျဖစ္ေနပါတယ္။ ဒီလိုျဖစ္ေနတယ္ဆိုရင္ေတာ့ ႏွစ္ေယာက္သားေတြ႕ဆံုဖို႔နဲ႔ ပတ္သက္ျပီး အၾကံညဏ္ေလးေပးခ်င္ပါတယ္။

၁ - ဝါသနာ

ဝါသနာပါရာကို လုပ္ေနတဲ့အခ်ိန္မွာ ေတြ႕တာအေကာင္းဆံုး ျဖစ္ပါတယ္။ သင့္ဝါသနာက မနက္ေစာေစာ ထေျပးတာဆိုရင္ မနက္ခင္းေျပးဖို႔ခ်ိန္းရင္း ေတြ႕ၾကတာ ျဖစ္ပါတယ္။ ကိုယ္ႏွစ္သက္ရာကို လုပ္ရတဲ့ အခ်ိန္မွာ ေတြ႕ရတဲ့ အတြက္ စိတ္က ရႊင္ျမဴးေနတာပါ။ သင္ဝါသနာပါရာနဲ႔ ပတ္သက္တဲ့ေနရာမွာ ေတြ႕တဲ့အတြက္ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈလည္း ရွိပါတယ္။ သင္ဝါသနာပါရာေနရာမွာ မေတြ႕ရဘူးဆုိရင္ေတာင္မွာ သူဝါသနာပါရာေနရာမွာ ေတြ႕ပါ။ တစ္ဖက္က သင္နဲ႔ ေတြ႕ရင္ ရွိန္ေနတာ၊ မဝံ့မရဲ ျဖစ္ေနတာေတြရွိရင္ သူဝါသနာပါရာေနရာမွာ ေတြ႕ဖို႔ တိုက္တြန္းပါ။ တိုက္ရုိက္ေတာ့ မဟုတ္ပါဘူး။ သြယ္ဝိုက္ျပီးတုိက္တြန္းရမွာပါ။

၂ - စာအုပ္ဆုိင္၊ စာၾကည့္တုိက္

စာအုပ္အငွားဆုိင္ေတြ တြင္က်ယ္တဲ့ ေခတ္ကို အရမ္းငယ္တဲ့ ဒီဘက္ေခတ္လူငယ္ေတြဆို မမီေတာ့ပါဘူး။ အရင္က ရန္ကုန္ျမိဳ႕ေပၚက စာအုပ္အငွားဆုိင္ေတြဟာ စာအုပ္အေရာင္းဆုိင္ေလာက္ၾကီးတဲ့ ဆုိင္ေတြရွိပါတယ္။ စာအုပ္ေတြၾကည့္ရင္း၊ ငွားရင္း တစ္ေယာက္နဲ႔တစ္ေယာက္ဆံုရတာ အဆင္ေျပပါတယ္။ အၾကာၾကီး သူ႔နားမွာ ရစ္ဝဲေနႏုိင္တာပါ။ စာအုပ္ဆုိင္မွာ၊ စာၾကည့္တိုက္မွာ ေတြ႕တဲ့အခါ သူဖတ္တဲ့စာအုပ္အေၾကာင္း ေျပာရင္း၊ ကိုယ္ဖတ္တဲ့စာအုပ္အေၾကာင္းေျပာရင္းနဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္ၾကား ေျပာစရာစကားလည္း မရွားပါဘူး။
၃ - သီခ်င္း

သူၾကိဳက္တဲ့ သီခ်င္းေတြဖြင့္တဲ့ဆုိင္မွာ ထုိင္တာ၊ ကိုယ္ၾကိဳက္တဲ့ သီခ်င္းေတြ ဖြင့္တဲ့ ဆုိင္မွာ ထုိင္တာမ်ိဳးပါ။ စာအုပ္ဆုိင္လိုပါပဲ ႏွစ္ေယာက္သား သီခ်င္းေတြအေၾကာင္းေျပာရင္း ေျပာစရာေတြရွိလာမွာပါ။ ေကာ္ဖီေကာင္းတယ္၊ အစားအေသာက္ေကာင္းတယ္ဆိုရင္ေတာ့ အတုိင္းထက္အလြန္ပါပဲ။ အရမ္းၾကီး ရိုမန္တစ္ျဖစ္တဲ့ ဆုိင္မ်ိဳးေရြးမယ္ဆိုရင္လည္း သတိထားပါ။ ဆုိင္က အရမ္းရိုမန္႔ျဖစ္ေနတာေၾကာင့္ တစ္ေယာက္ကို တစ္ေယာက္ ပိုရွိန္သြားႏုိင္ပါတယ္။

၄ - ဒီေနရာမွာ မေတြ႕နဲ႔

ႏွစ္ေယာက္စလံုး ေဝးတဲ့ေနရာ၊ ႏွစ္ေယာက္စလံုး စိတ္ဝင္စားျခင္းမရွိတ့ဲ ေနရာမွာ ေတြ႕မယ္ဆိုရင္ စဥ္းစားပါ။ သင္ေရာ သူေရာ သက္ေသာင့္သက္သာမျဖစ္ဘဲ ရွိေနႏုိင္ပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
တစ်ဦးနဲ့ တစ်ဦးခင်မင်ပေမယ့် တွေ့တဲ့အခါကျရင် မဝံ့မရဲဖြစ်နေတာမျိုး ရှိတတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ထင်သလောက် မရင်းနှီးသလို ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေတယ်ဆိုရင်တော့ နှစ်ယောက်သားတွေ့ဆုံဖို့နဲ့ ပတ်သက်ပြီး အကြံညဏ်လေးပေးချင်ပါတယ်။

၁ - ဝါသနာ

ဝါသနာပါရာကို လုပ်နေတဲ့အချိန်မှာ တွေ့တာအကောင်းဆုံး ဖြစ်ပါတယ်။ သင့်ဝါသနာက မနက်စောစော ထပြေးတာဆိုရင် မနက်ခင်းပြေးဖို့ချိန်းရင်း တွေ့ကြတာ ဖြစ်ပါတယ်။ ကိုယ်နှစ်သက်ရာကို လုပ်ရတဲ့ အချိန်မှာ တွေ့ရတဲ့ အတွက် စိတ်က ရွှင်မြူးနေတာပါ။ သင်ဝါသနာပါရာနဲ့ ပတ်သက်တဲ့နေရာမှာ တွေ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း ရှိပါတယ်။ သင်ဝါသနာပါရာနေရာမှာ မတွေ့ရဘူးဆိုရင်တောင်မှာ သူဝါသနာပါရာနေရာမှာ တွေ့ပါ။ တစ်ဖက်က သင်နဲ့ တွေ့ရင် ရှိန်နေတာ၊ မဝံ့မရဲ ဖြစ်နေတာတွေရှိရင် သူဝါသနာပါရာနေရာမှာ တွေ့ဖို့ တိုက်တွန်းပါ။ တိုက်ရိုက်တော့ မဟုတ်ပါဘူး။ သွယ်ဝိုက်ပြီးတိုက်တွန်းရမှာပါ။

၂ - စာအုပ်ဆိုင်၊ စာကြည့်တိုက်

စာအုပ်အငှားဆိုင်တွေ တွင်ကျယ်တဲ့ ခေတ်ကို အရမ်းငယ်တဲ့ ဒီဘက်ခေတ်လူငယ်တွေဆို မမီတော့ပါဘူး။ အရင်က ရန်ကုန်မြို့ပေါ်က စာအုပ်အငှားဆိုင်တွေဟာ စာအုပ်အရောင်းဆိုင်လောက်ကြီးတဲ့ ဆိုင်တွေရှိပါတယ်။ စာအုပ်တွေကြည့်ရင်း၊ ငှားရင်း တစ်ယောက်နဲ့တစ်ယောက်ဆုံရတာ အဆင်ပြေပါတယ်။ အကြာကြီး သူ့နားမှာ ရစ်ဝဲနေနိုင်တာပါ။ စာအုပ်ဆိုင်မှာ၊ စာကြည့်တိုက်မှာ တွေ့တဲ့အခါ သူဖတ်တဲ့စာအုပ်အကြောင်း ပြောရင်း၊ ကိုယ်ဖတ်တဲ့စာအုပ်အကြောင်းပြောရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက်ကြား ပြောစရာစကားလည်း မရှားပါဘူး။
၃ - သီချင်း

သူကြိုက်တဲ့ သီချင်းတွေဖွင့်တဲ့ဆိုင်မှာ ထိုင်တာ၊ ကိုယ်ကြိုက်တဲ့ သီချင်းတွေ ဖွင့်တဲ့ ဆိုင်မှာ ထိုင်တာမျိုးပါ။ စာအုပ်ဆိုင်လိုပါပဲ နှစ်ယောက်သား သီချင်းတွေအကြောင်းပြောရင်း ပြောစရာတွေရှိလာမှာပါ။ ကော်ဖီကောင်းတယ်၊ အစားအသောက်ကောင်းတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။ အရမ်းကြီး ရိုမန်တစ်ဖြစ်တဲ့ ဆိုင်မျိုးရွေးမယ်ဆိုရင်လည်း သတိထားပါ။ ဆိုင်က အရမ်းရိုမန့်ဖြစ်နေတာကြောင့် တစ်ယောက်ကို တစ်ယောက် ပိုရှိန်သွားနိုင်ပါတယ်။

၄ - ဒီနေရာမှာ မတွေ့နဲ့

နှစ်ယောက်စလုံး ဝေးတဲ့နေရာ၊ နှစ်ယောက်စလုံး စိတ်ဝင်စားခြင်းမရှိတဲ့ နေရာမှာ တွေ့မယ်ဆိုရင် စဉ်းစားပါ။ သင်ရော သူရော သက်သောင့်သက်သာမဖြစ်ဘဲ ရှိနေနိုင်ပါတယ်။

Credit:duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top