iMyanmarHouse.com - Best Property Website for Myanmar
×

အလွတရားကို ျမတ္ႏိုးတတ္တဲ့မိနး္ကေလးတိုင္း တစ္ကိုယ္လံုးကို ဂရုစိုက္ၾကရတယ္။ မ်က္ႏွာေလးက ၾကည္ေနေပမယ့္ လက္သညး္ေတြက ၀ါထိန္ညစ္ေနရင္ေတာ့ ဆြဲေဆာင္မႈေတြေမွးမွိန္သြားမွာအမွန္ပါပဲ။ ဒါေၾကာင့္မို႔လို႔ အလွျပင္ဆိုင္သြားျပီး ပိုက္ဆံပံုေပးစရာလည္းမလိုတဲ့ လြယ္ကူရုိးရွင္းတဲ့ သဘာ၀နည္းေတြေဖာ္ျပလိုက္ပါတယ္။

၁။သံပုရာသီး

သံပုရာသီးက သဘာ၀လက္သည္းအလွျပင္ေဆးျဖစ္ပါတယ္။လက္သည္းေတြ ျဖဴစင္ေတာက္ပေစခ်င္ရင္ သံပုရာသီးကို ထက္ျခမ္းစိတ္ျပီး လက္သည္းေလးေတြကို ပြတ္ေပးပါ။ သံပုရာရည္နဲ႔ေဆးခ်လို႔လည္းရပါတယ္။

၂။သံပုရာသီးနဲ႔ ဆပ္ျပာရည္

သံပုရာရည္နဲ႔ ဆပ္ျပာရည္ကိုေရာျပီး ဇလံုတစ္ခုထဲ ထည့္ထားပါ။ လက္သည္းကို ၅မိနစ္ေလာက္ထည့္စိမ္ျပီး ေရနဲ႔ေဆးခ်ပါ။ ျပီးရင္ moisturizer တစ္ခုခုလိမ္းေပးလုိက္ပါ။

၃။မုန္႔ဖုတ္ဆုိဒါ

မုန္႔ဖုတ္ဆိုဒါကို ေရေႏြးနဲ႔ေရာျပီး လက္သည္းေလးေတြစိမ္ထားရင္လညး္ ျဖဴေဖြးေတာက္ပေစပါတယ္။ တစ္ပတ္တစ္ခါေလာက္လုပ္ေပးပါ။

၄။ရွာလကာရည္

ရွာလကာရည္ကိုေရေႏြးနဲ႔ေရာျပီး လက္ေခ်ာင္းေလးေတြကို ၈ မိနစ္ေလာက္စိမ္ထားေပးပါ။ လက္သည္းေလးေတြကို ၾကည္လာေစပါတယ္။

၅။သြားတုိက္ေဆး

သြားတုိက္ေဆးကို လက္သည္းေပၚလိမ္းျပီး ၅-၆ မိနစ္ေလာက္ထားပါ။ ျပီးရင္ေရေႏြးေလးနဲ႔ ေဆးခ်လိုက္ပါ။

၆။သံပုရာသီးနဲ႔ ဆား

သံပုရာသီးနဲ႔ ဆားကိုေရာျပီး လက္သည္းေပၚပြတ္ေပးပါ။ ျပီးရင္ေတာ့ ေရေႏြးေလးနဲ႔ေဆးခ်လိုက္ပါ။

ကဲ..ေယာင္းတို႔ေရ..လက္သည္းေလးေတြ ၀ါညစ္ေနလို႔ စိတ္ညစ္ေနရင္ အလွျပင္ဆုိင္အစား မီးဖိုေခ်ာင္သာေျပး၀င္လုိက္ပါ။ မီးဖိုေခ်ာင္က ပစၥညး္ေတြက လက္သည္းအတြက္ ပိုျပီးအက်ိဳးရွိတယ္ဆိုတာ ေယာင္းတို႔လည္း သိသြားျပီးမို႔လား။
Credit:For Her Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
အလှတရားကို မြတ်နိုးတတ်တဲ့မိန်းကလေးတိုင်း တစ်ကိုယ်လုံးကို ဂရုစိုက်ကြရတယ်။ မျက်နှာလေးက ကြည်နေပေမယ့် လက်သည်းတွေက ဝါထိန်ညစ်နေရင်တော့ ဆွဲဆောင်မှုတွေမှေးမှိန်သွားမှာအမှန်ပါပဲ။ ဒါကြောင့်မို့လို့ အလှပြင်ဆိုင်သွားပြီး ပိုက်ဆံပုံပေးစရာလည်းမလိုတဲ့ လွယ်ကူရိုးရှင်းတဲ့ သဘာဝနည်းတွေဖော်ပြလိုက်ပါတယ်။

၁။သံပုရာသီး

သံပုရာသီးက သဘာဝလက်သည်းအလှပြင်ဆေးဖြစ်ပါတယ်။လက်သည်းတွေ ဖြူစင်တောက်ပစေချင်ရင် သံပုရာသီးကို ထက်ခြမ်းစိတ်ပြီး လက်သည်းလေးတွေကို ပွတ်ပေးပါ။ သံပုရာရည်နဲ့ဆေးချလို့လည်းရပါတယ်။

၂။သံပုရာသီးနဲ့ ဆပ်ပြာရည်

သံပုရာရည်နဲ့ ဆပ်ပြာရည်ကိုရောပြီး ဇလုံတစ်ခုထဲ ထည့်ထားပါ။ လက်သည်းကို ၅မိနစ်လောက်ထည့်စိမ်ပြီး ရေနဲ့ဆေးချပါ။ ပြီးရင် moisturizer တစ်ခုခုလိမ်းပေးလိုက်ပါ။

၃။မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကို ရေနွေးနဲ့ရောပြီး လက်သည်းလေးတွေစိမ်ထားရင်လည်း ဖြူဖွေးတောက်ပစေပါတယ်။ တစ်ပတ်တစ်ခါလောက်လုပ်ပေးပါ။

၄။ရှာလကာရည်

ရှာလကာရည်ကိုရေနွေးနဲ့ရောပြီး လက်ချောင်းလေးတွေကို ၈ မိနစ်လောက်စိမ်ထားပေးပါ။ လက်သည်းလေးတွေကို ကြည်လာစေပါတယ်။

၅။သွားတိုက်ဆေး

သွားတိုက်ဆေးကို လက်သည်းပေါ်လိမ်းပြီး ၅-၆ မိနစ်လောက်ထားပါ။ ပြီးရင်ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။

၆။သံပုရာသီးနဲ့ ဆား

သံပုရာသီးနဲ့ ဆားကိုရောပြီး လက်သည်းပေါ်ပွတ်ပေးပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ဆေးချလိုက်ပါ။

ကဲ..ယောင်းတို့ရေ..လက်သည်းလေးတွေ ဝါညစ်နေလို့ စိတ်ညစ်နေရင် အလှပြင်ဆိုင်အစား မီးဖိုချောင်သာပြေးဝင်လိုက်ပါ။ မီးဖိုချောင်က ပစ္စည်းတွေက လက်သည်းအတွက် ပိုပြီးအကျိုးရှိတယ်ဆိုတာ ယောင်းတို့လည်း သိသွားပြီးမို့လား။
Credit:For Her Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top