iMyanmarHouse.com - Best Property Website for Myanmar
×
၁။ တိုတိုကပ်ကပ်
၂။ ပုခုံးအထက်
၃။ ပုခုံးကျော်ကျော်
Credit:Duwun
#Unicode Version
ဆံပင်စတိုင်လ်တွေကလည်း မျိုးစုံ၊ အတိုအရှည်၊ အကောက် အဖြောင့် စုံနေရော။ ကိုယ့်ရဲ့စိတ်ကြိုက် ဆံပင်က ဘယ်လိုပုံစံမျိုးဖြစ်မလဲ? အမြဲတမ်းထားလေ့ရှိတဲ့ ဆံပင်အရှည်က သင့်စိတ်ကို ပြောပြနေပါတယ်။
၁။ တိုတိုကပ်ကပ်
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူ၊ ဆိုရှယ်ကျသူပါ။ လူတွေကလည်း သင့်ကိုသဘောကျကြပါတယ်။ အပေါင်းအသင်းဖြစ်ဖို့လည်းလွယ်တာမို့ နေရာတိုင်းမှာ မိတ်ဆွေတွေချည်း။ ကိုယ့်ရဲ့ဉာဏ်ရည်ကို အသုံးပြုရတဲ့အလုပ်တွေကို နှစ်သက်ပြီး ပြဿနာတွေကြုံလာရင် ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်သူဖြစ်ပါတယ်။
၂။ ပုခုံးအထက်
ဒဲ့ဒိုးသမား။ ပြောစရာရှိ ဝေ့ဝိုက်မနေဘူး။ နာကျင်ရမယ်ဆိုရင်တောင်မှ အမှန်အတိုင်းပဲပြောတတ်သူပါ။ ကိုယ့်ရဲ့ဘဝနဲ့ အလုပ်ကို ဟန်ချက်ညီအောင်ထိန်းနိုင်သူ ဖြစ်ပါတယ်။ အကြောက်အလန့်မရှိဘူး၊ အတွေ့အကြုံသစ်တွေ ရှာဖွေရတာ သဘောကျသူပါ။
၃။ ပုခုံးကျော်ကျော်
အမျိုးသမီးဆန်ဆန် နေထိုင်ရတာကို သဘောကျသူပါ။ အလှအပနဲ့ဖက်ရှင်ကို စိတ်ဝင်စားပေမဲ့ သဘာဝကျကျနဲ့လည်း တစ်ဖက်သားကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ စိန်ခေါ်မှုတွေကို သဘောကျတယ်။ မိတ်ဆွေသစ်တွေဖွဲ့တယ်။ ပြီးတော့ အဲ့ဒီမိတ်ဆွေတွေနဲ့လည်း အချိန်ကြာကြာပေါင်းသင်းပါတယ်။
၄။ ရှည်လျားတဲ့ဆံနွယ်တွေ
အရမ်းကို ဂရုစိုက်တတ်သူပါ။ စိတ်လည်းရှည်တယ်၊ စိတ်ကူးယဉ်ဆန်တယ်။ အချစ်ရေးမှာဆိုရင်လည်း ရေရှည်တွဲရမယ့်အချစ်ကိုပဲ ရှာဖွေတယ်။ လွယ်လွယ်နဲ့ အချစ်ကိုမရွေးချယ်ဘူး။ ချစ်မိရင်လည်း အားလုံးပုံပြီးချစ်မိသူမျိုး။ ချစ်သူဆီကနေ တောင်းဆိုချက်တွေ အရမ်းများတယ်။ မရအရလည်း တောင်းတတ်သူမျိုးပါ။ အချစ်ကြီးသူတွေလို့လည်း ပြောလို့ရပါတယ်။
Credit:Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top