iMyanmarHouse.com - Best Property Website for Myanmar
×

ေ႐ႊတိဂုံေစတီေတာ္ႀကီးဟာ ျမန္မာလူမ်ိဳးတို႔ရဲ႕ အထြတ္အျမတ္ေနရာတစ္ခုျဖစ္ပါတယ္ ။

ျမန္မာ ဆိုတာနဲ႔ ေ႐ႊတိဂုံေစတီေတာ္ႀကီးကိုတန္းျမင္ေယာင္မိေလာက္ေအာင္ ထင္ရွားပါတယ္ ။

ျမန္မာႏိုင္ငံကိုလာေရာက္လည္ပါတ္တဲ့ ႏိုင္ငံျခားသားမ်ားေတာင္မျဖစ္မေနေရာက္ေအာင္သြားဖူးၾကတဲ့ေနရာမို႔

ျမန္မာလူမ်ိဳးေတြကေတာ့ ေ႐ႊတိဂုံဘုရားမေရာက္ဖူးသူ ရွားလွပါတယ္ ။

သို႔ေသာ္လည္း ေ႐ႊတိဂုံဘုရားရဲ႕ ေစတီေတာ္ေအာက္က လ်ိဳ႕ဝွက္ခ်က္ေတြ အေၾကာင္းေရာ သိၾကလားလို႔ေမးရင္ ၾကားဖူးသူလဲရွိသလို မၾကားဖူးသူမ်ားလဲရွိမွာပါ ။ ေရွးေခတ္က အာေမးနီးယန္းလူမ်ိဳး တစ္ေယာက္ကေတာ့ ေ႐ႊတိဂုံေစတီေတာ္ ေအာက္ကလ်ိဳ႕ဝွက္ခ်က္ ၂ ခု ကို ေျပာျပခဲ့ဖူးပါတယ္ ။

ဗုဒၶဘာသာဝင္ျမန္မာလူမ်ိဳးတို႔ရဲ႕ ယုံၾကည္ကိုးကြယ္ရာ ေစတီေတာ္ႀကီးျဖစ္တဲ့ ေ႐ႊတိဂုံေစတီေတာ္ႀကီးေအာက္မွာ ပင္လယ္ေရ အတက္အက်အလိုက္ ေရအနိမ့္အျမင့္ျဖစ္ေပၚေစတဲ့ (၁၀) ေပပတ္လည္ေလာက္ရွိတဲ့ ေရတြင္းနဲ႔ အဲဒီေရတြင္းထဲမွာ (၆) ေပခြဲေလာက္ရွိၿပီး ရတနာမ်ားစီခ်ယ္ထားတဲ့ေ႐ႊေလွတစ္စီးရွိတယ္လို႔ မ်က္ျမင္ကိုယ္ေတြ႕ ႀကဳံဖူးခဲ့တဲ့ ျမန္မာႏိုင္ငံဖြား အာေမးနီးယားလူမ်ိဳး ဒီအက္စ္အပရေမ ကေျပာၾကားခဲ့တယ္လို႔ ၁၃. ၃. ၆၈ ေန႔ထုတ္ ေၾကးမုံသတင္းစာမွာ ေဖာ္ျပခဲ့တာကို က်ီးမႏိုးတင္ဝင္း (ေပါင္းတည္) ရဲ႕ျပန္လည္ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

မစၥတာအပရေမကို ေၾကးမုံသတင္းစာက ေတြ႕ဆုံေမးျမန္းရာမွာ ၁၉၀၄ခု၊ သူ႔ရဲ႕အသက္(၇) ႏွစ္သားအ႐ြယ္မွာ သူငယ္ခ်င္းေတြနဲ႔အတူ ေ႐ႊတိဂုံဘုရားကို သြားေရာက္ခဲ့တယ္။ ေ႐ႊတိဂုံရင္ျပင္ေတာ္ရဲ႕ အေရွ႕ေျမာက္ေထာင့္၊ တနဂၤေႏြေထာင့္ရွိ ဌာပနာတိုက္ဝကို ေရာက္တဲ့အခါမွာ ရေသ့ႀကီးတစ္ပါးနဲ႔ေတြ႕လို႔ ခ်ဥ္းကပ္ေတာင္းပန္ၿပီး ဌာပနာတိုက္ထဲကို ဆင္းခဲ့တယ္လို႔ဆိုပါတယ္။

ရေသ့ႀကီးရဲ႕ခြင့္ျပဳခ်က္အရ ဌာပနာတိုက္ထဲကို ဆင္းသြားတဲ့လမ္း တစ္ေလွ်ာက္လုံးမွာ ေယာဂီဝတ္နဲ႔နီဝါေရာင္ဝတ္ပုဂၢိဳလ္ (၇) ဦးကို (၈) ေပ၊ (၉) ေပစီျခားၿပီးေတြ႕ရတယ္လို႔ဆိုပါ တယ္။ ဌာပနာတိုက္ရဲ႕ ပတ္ပတ္လည္ကို အုတ္မ်ားနဲ႔အခန္း (၃၆) ခန္း တည္ေဆာက္ထားတယ္။ အလယ္တိုင္မရွိ ဘူး။ အလယ္ဗဟိုမွာေတာ့ (၁၀) ေပပတ္လည္ေလာက္ရွိတဲ့ ေရတြင္းရွိတယ္။ ေရတြင္းဟာ ပင္လယ္ေရ အတက္အက်အလိုက္ ေရအနိမ့္အျမင့္ ျဖစ္ေပၚတယ္လို႔ ဆိုပါတယ္။ ေရတြင္းထဲမွာ အလ်ား (၆) ေပခြဲခန႔္ရွိၿပီး ေက်ာက္မ်က္ရတနာမ်ားနဲ႔ စီခ်ယ္ထားတဲ့ ေ႐ႊကရဝိတ္ေလွ တစ္စင္းရွိတယ္။ ေလွဟာ ဒီေရ အတက္အက်အလိုက္ ေရတြင္းထဲမွာ အနိမ့္အျမင့္လႈပ္ရွားေနတယ္။ ကရဝိတ္ေ႐ႊေလွေပၚမွာ ဆံေတာ္မ်ားလို႔ ယူဆရတဲ့ ဌာပနာေတြ ကိန္းဝပ္လွ်က္ရွိတယ္။ ဒါေပမဲ့ပုဝါလႊမ္းထားလို႔ ဆံေတာ္လို႔ အတိအက် မေျပာႏိုင္ဘူးလို႔ ဆိုပါတယ္။ ဌာပနာတိုက္ရဲ႕ ထူျခားခ်က္မွာ တစ္ခန္းလုံး ထိန္လင္းေနျခင္းျဖစ္တယ္။ တစ္ခုတည္းေသာ အလင္းေရာင္ဟာ အခ်ိန္အခါမေ႐ြး ေ႐ႊေလွေပၚကို အခ်ိန္မေ႐ြး ထိုးစိုက္က်ေရာက္ေနတယ္။ ထုထည္ႀကီးမားလွတဲ့ ေစတီအေဆာက္အအုံႀကီးကို ပင္မအလယ္တိုင္မပါ၊ သံယက္မ မရွိပဲ ေက်ာက္တုံးေက်ာက္ခဲမ်ားနဲ႔ သာတည္ေဆာက္ခဲ့တယ္။ ပင္လယ္ေရဝင္ေပါက္၊ ထြက္ေပါက္နဲ႔အလင္းေရာင္ ယူထားပုံက ေရွးဗိသုကာေတြရဲ႕ လက္ရာျဖစ္တယ္။

ခမ္းနားဆန္းၾကယ္တဲ့ ဌာပနာတိုက္ကို ကိုယ္တိုင္ ေတြ႕ျမင္ခဲ့ရတာျဖစ္လို႔ ေႏွာင္းလူေတြ သုေတသနျပဳႏိုင္ေအာင္ ေ႐ႊတိဂုံေဂါပကအဖြဲ႕ကို ေျမပုံဆြဲလို႔ တင္ျပခဲ့တယ္။ ေ႐ႊတိဂုံေဂါပကအဖြဲ႕ကလည္း မစၥတာအပရေမကို ေတြ႕ဆုံ ေမးျမန္းၿပီး ဌာပနာတိုက္တည္ေနရာကို လိုက္လံျပသေစတဲ့အခါမွာ ဌာပနာတိုက္ လႈိဏ္ဂူဟာ ေ႐ႊတိဂုံရင္ျပင္ေတာ္ တနဂၤေႏြေထာင့္ရွိ ဆုေတာင္းျပည့္ဘုရားနဲ႔ ဆုေတာင္းျပည့္တန္ေဆာင္း ေနရာမွာ ရွိတယ္ဆိုေပမဲ့လည္း ေနာက္တိုး တန္ေဆာင္းေတြနဲ႔ ဘုရားမ်ား ထပ္မံ မြမ္းမံျပင္ဆင္ထားမႈေၾကာင့္ အတိအက်ျပသႏိုင္ျခင္းမရွိပဲ ဆုေတာင္းျပည့္ေစတီရဲ႕ လႈိဏ္ဂူေအာက္မွာသာ ရွိတယ္လို႔ ခန႔္မွန္းၫႊန္ျပ သြားႏိုင္တယ္လို႔ သိရပါတယ္။

မစၥတာအပရေမ ကို လြစၥလမ္း (ယခုဆိပ္ကမ္းသာလမ္း) အမွတ္ (၂၅) မွာ ၁၈၉၅ ခုႏွစ္က ဖြားျမင္ခဲ့တာပါ။ မိဘမ်ားမွာ မစၥတာအက္စ္အပရေမ နဲ႔ မစၥက္႐ိုစ္လူကပ္စ္ တို႔ျဖစ္ပါတယ္။ ျမန္မာအမ်ိဳးသမီး ေဒၚသိန္းေ႐ႊနဲ႔အိမ္ေထာင္က်ၿပီး သားသမီး ၅ ေယာက္ ထြန္းကားခဲ့ကာ သားသမီးေျမးမ်ားနဲ႔အတူ ေဘာက္ေထာ္မွာ ေနထိုင္တယ္လို႔ သတင္းမွာ

ေဖာ္ျပထားပါတယ္။ မစၥတာအပရေမ ကိုယေန႔ေၾကးမုံက ေတြ႕ဆုံေျမးျမန္းၿပီး ၁၃. ၃. ၆၈ ေန႔မွာ ေဖာ္ျပခဲ့ျခင္း ျဖစ္ပါတယ္။ ေတြ႕ဆုံ ေမးျမန္းခ်ိန္မွာ မစၥတာအပရေမ ဟာ (၇၃) ႏွစ္ရွိၿပီလို႔ ေဖာ္ျပထားပါတယ္။

ဗုဒၶဘာသာဝင္ေတြ ယုံၾကည္ကိုးကြယ္တဲ့ ေ႐ႊတိဂုံဘုရားႀကီးရဲ႕ေအာက္ ေပ (၆၀) ခန႔္အကြာမွာ တည္ရွိတဲ့ ဆံေတာ္တြင္း ဌာပနာတိုက္ႀကီးအေၾကာင္းကို ေႏွာင္းလူမ်ား သိရွိေစရန္ထပ္မံ ေဖာ္ျပရျခင္းျဖစ္ပါတယ္။

Credit:Moe Ma Kha
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
 ရွှေတိဂုံစေတီတော်ကြီးဟာ မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်နေရာတစ်ခုဖြစ်ပါတယ် ။

မြန်မာ ဆိုတာနဲ့ ရွှေတိဂုံစေတီတော်ကြီးကိုတန်းမြင်ယောင်မိလောက်အောင် ထင်ရှားပါတယ် ။

မြန်မာနိုင်ငံကိုလာရောက်လည်ပါတ်တဲ့ နိုင်ငံခြားသားများတောင်မဖြစ်မနေရောက်အောင်သွားဖူးကြတဲ့နေရာမို့

မြန်မာလူမျိုးတွေကတော့ ရွှေတိဂုံဘုရားမရောက်ဖူးသူ ရှားလှပါတယ် ။

သို့သော်လည်း ရွှေတိဂုံဘုရားရဲ့ စေတီတော်အောက်က လျို့ဝှက်ချက်တွေ အကြောင်းရော သိကြလားလို့မေးရင် ကြားဖူးသူလဲရှိသလို မကြားဖူးသူများလဲရှိမှာပါ ။ ရှေးခေတ်က အာမေးနီးယန်းလူမျိုး တစ်ယောက်ကတော့ ရွှေတိဂုံစေတီတော် အောက်ကလျို့ဝှက်ချက် ၂ ခု ကို ပြောပြခဲ့ဖူးပါတယ် ။

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးအောက်မှာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထားတဲ့ရွှေလှေတစ်စီးရှိတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့ မြန်မာနိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေ ကပြောကြားခဲ့တယ်လို့ ၁၃. ၃. ၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည်ဖော်ပြချက်အရ သိရှိရပါတယ်။

မစ္စတာအပရမေကို ကြေးမုံသတင်းစာက တွေ့ဆုံမေးမြန်းရာမှာ ၁၉၀၄ခု၊ သူ့ရဲ့အသက်(၇) နှစ်သားအရွယ်မှာ သူငယ်ချင်းတွေနဲ့အတူ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံရင်ပြင်တော်ရဲ့ အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်ရှိ ဌာပနာတိုက်ဝကို ရောက်တဲ့အခါမှာ ရသေ့ကြီးတစ်ပါးနဲ့တွေ့လို့ ချဉ်းကပ်တောင်းပန်ပြီး ဌာပနာတိုက်ထဲကို ဆင်းခဲ့တယ်လို့ဆိုပါတယ်။

ရသေ့ကြီးရဲ့ခွင့်ပြုချက်အရ ဌာပနာတိုက်ထဲကို ဆင်းသွားတဲ့လမ်း တစ်လျှောက်လုံးမှာ ယောဂီဝတ်နဲ့နီဝါရောင်ဝတ်ပုဂ္ဂိုလ် (၇) ဦးကို (၈) ပေ၊ (၉) ပေစီခြားပြီးတွေ့ရတယ်လို့ဆိုပါ တယ်။ ဌာပနာတိုက်ရဲ့ ပတ်ပတ်လည်ကို အုတ်များနဲ့အခန်း (၃၆) ခန်း တည်ဆောက်ထားတယ်။ အလယ်တိုင်မရှိ ဘူး။ အလယ်ဗဟိုမှာတော့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းရှိတယ်။ ရေတွင်းဟာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့် ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။ ရေတွင်းထဲမှာ အလျား (၆) ပေခွဲခန့်ရှိပြီး ကျောက်မျက်ရတနာများနဲ့ စီချယ်ထားတဲ့ ရွှေကရဝိတ်လှေ တစ်စင်းရှိတယ်။ လှေဟာ ဒီရေ အတက်အကျအလိုက် ရေတွင်းထဲမှာ အနိမ့်အမြင့်လှုပ်ရှားနေတယ်။ ကရဝိတ်ရွှေလှေပေါ်မှာ ဆံတော်များလို့ ယူဆရတဲ့ ဌာပနာတွေ ကိန်းဝပ်လျှက်ရှိတယ်။ ဒါပေမဲ့ပုဝါလွှမ်းထားလို့ ဆံတော်လို့ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ ထူခြားချက်မှာ တစ်ခန်းလုံး ထိန်လင်းနေခြင်းဖြစ်တယ်။ တစ်ခုတည်းသော အလင်းရောင်ဟာ အချိန်အခါမရွေး ရွှေလှေပေါ်ကို အချိန်မရွေး ထိုးစိုက်ကျရောက်နေတယ်။ ထုထည်ကြီးမားလှတဲ့ စေတီအဆောက်အအုံကြီးကို ပင်မအလယ်တိုင်မပါ၊ သံယက်မ မရှိပဲ ကျောက်တုံးကျောက်ခဲများနဲ့ သာတည်ဆောက်ခဲ့တယ်။ ပင်လယ်ရေဝင်ပေါက်၊ ထွက်ပေါက်နဲ့အလင်းရောင် ယူထားပုံက ရှေးဗိသုကာတွေရဲ့ လက်ရာဖြစ်တယ်။

ခမ်းနားဆန်းကြယ်တဲ့ ဌာပနာတိုက်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ရတာဖြစ်လို့ နှောင်းလူတွေ သုတေသနပြုနိုင်အောင် ရွှေတိဂုံဂေါပကအဖွဲ့ကို မြေပုံဆွဲလို့ တင်ပြခဲ့တယ်။ ရွှေတိဂုံဂေါပကအဖွဲ့ကလည်း မစ္စတာအပရမေကို တွေ့ဆုံ မေးမြန်းပြီး ဌာပနာတိုက်တည်နေရာကို လိုက်လံပြသစေတဲ့အခါမှာ ဌာပနာတိုက် လှိုဏ်ဂူဟာ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့်ဘုရားနဲ့ ဆုတောင်းပြည့်တန်ဆောင်း နေရာမှာ ရှိတယ်ဆိုပေမဲ့လည်း နောက်တိုး တန်ဆောင်းတွေနဲ့ ဘုရားများ ထပ်မံ မွမ်းမံပြင်ဆင်ထားမှုကြောင့် အတိအကျပြသနိုင်ခြင်းမရှိပဲ ဆုတောင်းပြည့်စေတီရဲ့ လှိုဏ်ဂူအောက်မှာသာ ရှိတယ်လို့ ခန့်မှန်းညွှန်ပြ သွားနိုင်တယ်လို့ သိရပါတယ်။

မစ္စတာအပရမေ ကို လွစ္စလမ်း (ယခုဆိပ်ကမ်းသာလမ်း) အမှတ် (၂၅) မှာ ၁၈၉၅ ခုနှစ်က ဖွားမြင်ခဲ့တာပါ။ မိဘများမှာ မစ္စတာအက်စ်အပရမေ နဲ့ မစ္စက်ရိုစ်လူကပ်စ် တို့ဖြစ်ပါတယ်။ မြန်မာအမျိုးသမီး ဒေါ်သိန်းရွှေနဲ့အိမ်ထောင်ကျပြီး သားသမီး ၅ ယောက် ထွန်းကားခဲ့ကာ သားသမီးမြေးများနဲ့အတူ ဘောက်ထော်မှာ နေထိုင်တယ်လို့ သတင်းမှာ

ဖော်ပြထားပါတယ်။ မစ္စတာအပရမေ ကိုယနေ့ကြေးမုံက တွေ့ဆုံမြေးမြန်းပြီး ၁၃. ၃. ၆၈ နေ့မှာ ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ တွေ့ဆုံ မေးမြန်းချိန်မှာ မစ္စတာအပရမေ ဟာ (၇၃) နှစ်ရှိပြီလို့ ဖော်ပြထားပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကိုးကွယ်တဲ့ ရွှေတိဂုံဘုရားကြီးရဲ့အောက် ပေ (၆၀) ခန့်အကွာမှာ တည်ရှိတဲ့ ဆံတော်တွင်း ဌာပနာတိုက်ကြီးအကြောင်းကို နှောင်းလူများ သိရှိစေရန်ထပ်မံ ဖော်ပြရခြင်းဖြစ်ပါတယ်။

Credit:Moe Ma Kha

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top