iMyanmarHouse.com - Best Property Website for Myanmar
×
Xcofx9frgwa86e3bcfbs
P0ncna2qvon8d4qonvjt
Credit:momolay
#Unicode Version
လက်မောင်းမှာအဆီတွေရှိနေလို့ လက်ပြတ်နဲ့လက်တို ဝတ်ရမှာ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ မိန်းကလေးတွေအတွက်တော့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်မှာပါ။ ဘယ်လိုအကြောင်းကြောင့်ပဲ လက်မောင်းအဆီတွေရှိပြီး တွဲကျနေပါစေ ဒီလေ့ကျင့်ခန်းကို လုပ်ပြီးတာနဲ့ ကျစ်လစ်တဲ့ လက်မောင်းကို ပိုင်ဆိုင်ရပါပြီ။ ဘယ်လိုလေ့ကျင့်ခန်းတွေလည်း လုပ်ရမလဲဆိုတော့…..
မတ်တပ်ရပ်ထားပြီး လက်တစ်ဖက်စီမှာ တစ်ပေါင်တုံး(သို့မဟုတ်) တစ်လီတာဆန့် ရေသန့်ဘူး ကိုင်ထားပေးပါ။ လက်ကို ပေါင်ဘေးမှာ ကပ်ထားပါ။ ပြီးရင်တော့ လက်နှစ်ဖက်ကို ရှေ့ဘက်သို့ ဆန့်ထုတ်ကာ V ပုံသဏ္ဍန်ထားပါ။ (၅) စက္ကန့်လောက် ထားပြီးတဲ့အခါ မူလပုံစံ ပြန်နေပေးပါ။
ခြေထောက်ကို အနည်းငယ်ခွဲပြီး မတ်တပ်တန်းတန်း ရပ်ပါ။ လက်တစ်ဖက်စီမှာ တစ်ပေါင်တုံး(သို့မဟုတ်) တစ်လီတာဆန့် ရေသန့်ဘူးကိုင်ထားပေးပါ။ လက်ကို တံတောင်ဆစ်ကနေ ကွေးပြီး ပခုံးကို ထိထားပါ။ ပြီးရင် အပေါ်သို့ တန်းတန်းမြှောက်ပါ။ (၃) စက္ကန့်လောက် ကြာပြီးသွားတဲ့အခါ လက်ပြန်ချပါ။
မှောက်လျက်အနေအထားအတိုင်း နေပေးပြီး လက်နှစ်ဖက်ကို ဘေးဘက်သို့ တန်းနေအောင် ဆန့်ထားပါ။ ခြေထောက်နှစ်ချောင်းလုံးကို (၄၅) ဒီဂရီ အပေါ်သို့မြှောက်ပါ။မှောက်လျက် အနေအထားအတိုင်း ရင်ဘတ်ကို ကြွပါ။ ပြီးရင် လက်ကို ရှေ့သို့ ဆန့်ထုတ်ပါ။ (၃) စက္ကန့်လောက် ကြာတဲ့အခါ မူလအနေအထားအတိုင်း ထားပေးပါ။
Credit:momolay
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top