iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ၂၀ ဆုိတာ ကေလးမဟုတ္ေတာ့ပါဘူး။ ေက်ာင္းၿပီးလို႔ တခ်ိဳ႕ဆုိ လုပ္ငန္းခြင္ထဲေတာင္ ေရာက္ေနပါၿပီ။ အသက္ ၂၀ ဝန္းက်င္ဟာ အခ်စ္နဲ႔ပတ္သက္လာရင္ အနည္းငယ္တီးမိေခါက္မိတာလည္း ႐ွိသလို အလုပ္ကိုပဲ လံုးလံုးလ်ားလ်ား အာ႐ံုထားလိုက္သူေတြလည္း ရွိေနပါၿပီ။ ဒီလိုအခ်ိန္မွာ အခ်စ္နဲ႔ပတ္သက္လာရင္ ေဝေဝဝါးဝါးနဲ႔ အေတြးမွားေတြလည္း ဝင္လာတတ္ၾကပါတယ္။ ဘာေတြလဲဲဆုိေတာ့ ........

၁။ ေနာက္ထပ္ရည္းစားမထားေတာ့ဘူး

ဒီအသက္အရြယ္မွာ ရည္းစားအေရအတြက္က ႏွစ္ဦးထက္မကေတာ့ပါဘူး။ ခ်စ္လိုက္၊ ျပတ္လိုက္၊ အသည္းကြဲလိုက္နဲ႔ တစ္ေယာက္ၿပီးတစ္ေယာက္ ကိုယ့္အနားက ထြက္သြားၾကေတာ့ စိတ္ကုန္လာတယ္။ ဘယ္သူနဲ႔မွလည္း မေတြ႕ခ်င္ေတာ့ဘူး။ ဒီတစ္သက္ေတာ့ ရည္းစားထားမေနေတာ့ဘူး၊ ဘယ္သူနဲ႔မွလည္း ထပ္မေတြ႔ခ်င္ေတာ့ဘူးလို႔ ေတြးမိတတ္ၾကပါတယ္။ တကယ္က အသက္ ၂၀ ဆုိတာ ဘဝအေၾကာင္း၊ အခ်စ္အေၾကာင္း ေသေသခ်ာခ်ာေတာင္ သိေသးတာမဟုတ္ဘူး။ ေနာက္ထပ္ခ်စ္စရာေတြ ၾကံဳဦးမွာပဲ။ မပူနဲ႔။

၂။ အိမ္ေထာင္ျပဳရေတာ့မလား

No ပါ။ မျဖစ္မေန အိမ္ ေထာင္ျပဳဖုိ႔ မလိုပါဘူး။ ဘယ္သူေတြ ဘာေျပာေျပာ ကိုယ့္ရဲ႕အေျခအေနေပၚမွာသာ ရာႏႈန္းျပည့္မူတည္ပါတယ္။ ရည္းစားတစ္ေယာက္ထားၿပီးတုိင္းမွာ သူနဲ႔ပဲ ယူလိုက္ရေတာ့မွာလား? ဒါမွမဟုတ္ အရင္လူေတြလိုပဲ ျပတ္သြားဦးမွာလားဆုိၿပီး သံသယေတြလည္း ဝင္တတ္ပါတယ္။ အဓိက် လိုအပ္တာကေတာ့ ကိုယ့္ခ်စ္သူကို ကိုယ္ကခ်စ္ေနဖုိ႔ပဲမဟုတ္လား။ အိမ္ေထာင္ျပဳဖုိ႔ဆုိတာ အလုပ္အကိုင္ေလး တည္ၿမဲၿပီဆိုမွ၊ သံသယေတြလည္း ကင္းၿပီး တစ္ေယာက္ကိုတစ္ေယာက္ သိေနၿပီဆိုမွ ဆက္ေတြးပါ။

၃။ အြန္လိုင္းေပၚကအခ်စ္

လူႀကီးေတြကေတာ့ အြန္လိုင္းေပၚမွာဆံံုတဲ့လူကို မခ်စ္ဖုိ႔၊ မယံုဖုိ႔ ခဏခဏ ေျပာၾကပါလိမ့္မယ္။ ဒီစကားက အထိုက္အေလ်ာက္လည္း မွန္ပါတယ္။ ဒါေပမဲ့ ဒီေန႔ေခတ္မွာ လူေတြဆံုၾကတာက အြန္လိုင္းေပၚမွာပဲမဟုတ္လား။ အြန္လိုင္းေပၚမွာဆံု႐ံုနဲ႔ အရာအားလံုးကို တစ္ထစ္ခ် မယံုမိဖုိ႔ပဲလိုတာပါ။ ကိုယ့္မွာ စဥ္းစားဆံုးျဖတ္ႏိုင္စြမ္းေတြ ရွိေနပါၿပီ။ ဒါကို အသံုးခ်ရပါမယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အသက် ၂၀ ဆိုတာ ကလေးမဟုတ်တော့ပါဘူး။ ကျောင်းပြီးလို့ တချို့ဆို လုပ်ငန်းခွင်ထဲတောင် ရောက်နေပါပြီ။ အသက် ၂၀ ဝန်းကျင်ဟာ အချစ်နဲ့ပတ်သက်လာရင် အနည်းငယ်တီးမိခေါက်မိတာလည်း ရှိသလို အလုပ်ကိုပဲ လုံးလုံးလျားလျား အာရုံထားလိုက်သူတွေလည်း ရှိနေပါပြီ။ ဒီလိုအချိန်မှာ အချစ်နဲ့ပတ်သက်လာရင် ဝေဝေဝါးဝါးနဲ့ အတွေးမှားတွေလည်း ဝင်လာတတ်ကြပါတယ်။ ဘာတွေလဲဆိုတော့ ........

၁။ နောက်ထပ်ရည်းစားမထားတော့ဘူး

ဒီအသက်အရွယ်မှာ ရည်းစားအရေအတွက်က နှစ်ဦးထက်မကတော့ပါဘူး။ ချစ်လိုက်၊ ပြတ်လိုက်၊ အသည်းကွဲလိုက်နဲ့ တစ်ယောက်ပြီးတစ်ယောက် ကိုယ့်အနားက ထွက်သွားကြတော့ စိတ်ကုန်လာတယ်။ ဘယ်သူနဲ့မှလည်း မတွေ့ချင်တော့ဘူး။ ဒီတစ်သက်တော့ ရည်းစားထားမနေတော့ဘူး၊ ဘယ်သူနဲ့မှလည်း ထပ်မတွေ့ချင်တော့ဘူးလို့ တွေးမိတတ်ကြပါတယ်။ တကယ်က အသက် ၂၀ ဆိုတာ ဘဝအကြောင်း၊ အချစ်အကြောင်း သေသေချာချာတောင် သိသေးတာမဟုတ်ဘူး။ နောက်ထပ်ချစ်စရာတွေ ကြုံဦးမှာပဲ။ မပူနဲ့။

၂။ အိမ်ထောင်ပြုရတော့မလား

No ပါ။ မဖြစ်မနေ အိမ်ထောင်ပြုဖို့ မလိုပါဘူး။ ဘယ်သူတွေ ဘာပြောပြော ကိုယ့်ရဲ့အခြေအနေပေါ်မှာသာ ရာနှုန်းပြည့်မူတည်ပါတယ်။ ရည်းစားတစ်ယောက်ထားပြီးတိုင်းမှာ သူနဲ့ပဲ ယူလိုက်ရတော့မှာလား? ဒါမှမဟုတ် အရင်လူတွေလိုပဲ ပြတ်သွားဦးမှာလားဆိုပြီး သံသယတွေလည်း ဝင်တတ်ပါတယ်။ အဓိကျ လိုအပ်တာကတော့ ကိုယ့်ချစ်သူကို ကိုယ်ကချစ်နေဖို့ပဲမဟုတ်လား။ အိမ်ထောင်ပြုဖို့ဆိုတာ အလုပ်အကိုင်လေး တည်မြဲပြီဆိုမှ၊ သံသယတွေလည်း ကင်းပြီး တစ်ယောက်ကိုတစ်ယောက် သိနေပြီဆိုမှ ဆက်တွေးပါ။

၃။ အွန်လိုင်းပေါ်ကအချစ်

လူကြီးတွေကတော့ အွန်လိုင်းပေါ်မှာဆံုံတဲ့လူကို မချစ်ဖို့၊ မယုံဖို့ ခဏခဏ ပြောကြပါလိမ့်မယ်။ ဒီစကားက အထိုက်အလျောက်လည်း မှန်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ လူတွေဆုံကြတာက အွန်လိုင်းပေါ်မှာပဲမဟုတ်လား။ အွန်လိုင်းပေါ်မှာဆုံရုံနဲ့ အရာအားလုံးကို တစ်ထစ်ချ မယုံမိဖို့ပဲလိုတာပါ။ ကိုယ့်မှာ စဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေ ရှိနေပါပြီ။ ဒါကို အသုံးချရပါမယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top