iMyanmarHouse.com - Best Property Website for Myanmar
×

အာလူးတစ္လံုးက ဒီေလာက္စြမ္းေဆာင္ႏိုင္သလားလို႔ ေမးႏိုင္ပါတယ္။ အာလူးတစ္လံုးကို အသံုးျပဳၿပီး မ်က္ႏွာအသားအေရ မည္းတာေတြကေန ျဖဴလာေအာင္ ျပဳလုပ္လို႔ ရပါတယ္။ အာလူးမွာ ပါ၀င္တဲ့ ဗီတာမင္စီဟာ မ်က္ႏွာ အသားအေရကို အေကာင္းဆံု ထိေရာက္ေစတဲ့ သဘာ၀ သီးႏွံျဖစ္ပါတယ္။ ကဲ အာလူးတစ္လံုးနဲ႔ မ်က္ႏွာအသားအေရ ေျပာင္းၾကည့္ၾကရေအာင္

အာလူးကို အခြံႏႊာၿပီး ေရေဆးကာ ပါးပါးေလးလွွီးပါ။ ၿပီးရင္ ႀကိတ္စက္နဲ႔ ထည့္ၿပီး ႀကိတ္ေပးပါ။ ေၾကမြေနတဲ့ အာလူးရရွိၿပီဆိုရင္ ႏွင္းဆီေပါင္းခံရည္ စားပြဲတင္ဇြန္း(၂) ဇြန္းေရာနဲ႔ ေရာပါ။ ကိုယ့္ရဲ႕ မ်က္ႏွာ အသားအေရဟာ အဆီျပန္ကာ စိုစိုေျပေျပေလးဆိုရင္ သံပရာရည္ (၁) စက္ေလာက္ ထည့္ပါ။ ေျခာက္ေသြ႔တဲ့ မ်က္ႏွာအသားအေရဆိုရင္ေတာ့ သံပရာရည္ မထည့္ပဲ ပ်ားရည္ လက္ဖက္စားဇြန္း (၁) ဇြန္းထည့္ပါ။ ဒါဆိုရင္ေတာ့ အာလူး၊ ႏွင္းဆီေပါင္းခံရည္နဲ႔ သံပရာရည္(သို႔မဟုတ္) ပ်ားရည္ အေရာရရွိပါၿပီ။
ဒီအေရာကို မ်က္ႏွာေပၚမွာ လိမ္းေပးထားပါ။ (၁၅) မိနစ္ၾကာေအာင္ ထားေပးၿပီး ေရေအးေအးနဲ႔ မ်က္ႏွာ သစ္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ ၾကည္လင္တဲ့မွန္မွာ မိမိရဲ႕မ်က္ႏွာအသားအေရကို ၾကည့္လိုက္ပါ။ မည္းညစ္တာေတြ မရွိေတာ့ပဲ ျဖဴစင္၀င္းမႊတ္တဲ့ အသားအေရကို ျမင္ရမွာပါ။

Credit:Momolay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
အာလူးတစ်လုံးက ဒီလောက်စွမ်းဆောင်နိုင်သလားလို့ မေးနိုင်ပါတယ်။ အာလူးတစ်လုံးကို အသုံးပြုပြီး မျက်နှာအသားအရေ မည်းတာတွေကနေ ဖြူလာအောင် ပြုလုပ်လို့ ရပါတယ်။ အာလူးမှာ ပါဝင်တဲ့ ဗီတာမင်စီဟာ မျက်နှာ အသားအရေကို အကောင်းဆုံ ထိရောက်စေတဲ့ သဘာ၀ သီးနှံဖြစ်ပါတယ်။ ကဲ အာလူးတစ်လုံးနဲ့ မျက်နှာအသားအရေ ပြောင်းကြည့်ကြရအောင်

အာလူးကို အခွံနွှာပြီး ရေဆေးကာ ပါးပါးလေးလှှီးပါ။ ပြီးရင် ကြိတ်စက်နဲ့ ထည့်ပြီး ကြိတ်ပေးပါ။ ကြေမွနေတဲ့ အာလူးရရှိပြီဆိုရင် နှင်းဆီပေါင်းခံရည် စားပွဲတင်ဇွန်း(၂) ဇွန်းရောနဲ့ ရောပါ။ ကိုယ့်ရဲ့ မျက်နှာ အသားအရေဟာ အဆီပြန်ကာ စိုစိုပြေပြေလေးဆိုရင် သံပရာရည် (၁) စက်လောက် ထည့်ပါ။ ခြောက်သွေ့တဲ့ မျက်နှာအသားအရေဆိုရင်တော့ သံပရာရည် မထည့်ပဲ ပျားရည် လက်ဖက်စားဇွန်း (၁) ဇွန်းထည့်ပါ။ ဒါဆိုရင်တော့ အာလူး၊ နှင်းဆီပေါင်းခံရည်နဲ့ သံပရာရည်(သို့မဟုတ်) ပျားရည် အရောရရှိပါပြီ။
ဒီအရောကို မျက်နှာပေါ်မှာ လိမ်းပေးထားပါ။ (၁၅) မိနစ်ကြာအောင် ထားပေးပြီး ရေအေးအေးနဲ့ မျက်နှာ သစ်ပေးလိုက်ပါ။ ပြီးရင်တော့ ကြည်လင်တဲ့မှန်မှာ မိမိရဲ့မျက်နှာအသားအရေကို ကြည့်လိုက်ပါ။ မည်းညစ်တာတွေ မရှိတော့ပဲ ဖြူစင်ဝင်းမွှတ်တဲ့ အသားအရေကို မြင်ရမှာပါ။

Credit:Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top