iMyanmarHouse.com - Best Property Website for Myanmar
×






Credit:duwun



#Unicode Version
တောင်ကိုရီးယား သရုပ်ဆောင်နဲ့ အဆိုတော် ပါ့ခ်ရှင်ဟီးဟာ ဇွန်လကစပြီး ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ စင်ကာပူတို့ အပါအဝင် အာရှနိုင်ငံတချို့ကို သွားရောက်မယ်လို့ S.A.L.T Entertainment က ကြေညာခဲ့ပါတယ်။

"ပါ့ခ်ရှင်ဟီးက အာရှခရီးစဉ်အတွက် ပြင်ဆင်နေပါတယ်။ ၂၀၁၃ ကစလို့ သူမက တစ်နှစ်တစ်ခါ ပြည်ပနိုင်ငံတွေမှာ ဖျော်ဖြေပါတယ်။ ဒါပေမဲ့ သူက ဇာတ်ကား ရိုက်နေရတဲ့အတွက် အရမ်းအလုပ်များနေတော့ မနှစ်က ပွဲမလုပ်နိုင်ခဲ့ဘူး" လို့ ပါ့ခ်ရှင်ဟီး (Park Shin Hye) ရဲ့အေဂျင်စီ S.A.L.T Entertainment က ပြောခဲ့တာ ဖြစ်ပါတယ်။

"လှည့်လည်ဖျော်ဖြေနေစဉ်အတွင်းမှာလည်း သူက ကိုရီးယားက အကြာကြီး ထွက်မသွားပါဘူး။ ဒီမှာလည်း အဆက်မပြတ်သွားအောင် ကိုရီးယားကို ပြန်လာမှာပါ" လို့လည်း ဖြည့်စွပ်ပြောကြားခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မွေးတဲ့ ပါ့ခ်ရှင်ဟီး (Park Shin Hye) ဟာ တောင်ကိုရီးယား သရုပ်ဆောင် အဆိုတော်တစ်ယောက်ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ  Stairway to Heaven  ဒရာမာဇာတ်လမ်းတွဲကို စရိုက်ခဲ့ပါတယ်။ Tree of Heaven ဂျပန်ဇာတ်လမ်းတွဲတစ်ခုထဲမှာလည်း ပါဝင်ဖူးတ သူမဟာ You're Beautiful (2009), The Heirs (2013), Pinocchio (2014–2015) နဲ့ Doctor Crush (2016) တို့နဲ့ နာမည်ကြီးသူပါ။

Forbes Korea က နှစ်စဉ်ပြုလုပ်တဲ့ Power Celebrity စာရင်းမှာ ပါ့ခ်ရှင်ဟီးဟာ ၂၀၁၀ ပြည့်နှစ်မှာ နံပါတ် ၈ နေရာက ပါဝင်ခဲ့ပြီး ၂၀၁၅ မှာ နံပါတ် ၃၃ နဲ့ ၂၀၁၇ ခုနှစ်မှာ နံပါတ် ၁၂ တို့မှာ ရှိနေခဲ့ပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top