iMyanmarHouse.com - Best Property Website for Myanmar
×







Credit:thithtoolwin


#Unicode Version
ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်တွေဟာ သင့်ရဲ့ နှလုံးကို ထိခိုက်လာစေနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ လေ့လာမှု တစ်ခုက ရှာဖွေတွေ့ရှိခဲ့တာကတော့ ဝမ်းသားလုံးဆို့ခြင်း ၊ ဒေါသထွက်ခြင်း ၊ ကြောက်လန့်ခြင်းတို့လို အစွန်းရောက် ခံစားမှုတွေဟာ ရင်ဘတ် နာကျင်ခြင်း ၊ အသက်ရှုမဝခြင်း ၊ နှလုံးရောဂါ တို့ကို ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအခြေအနေဟာ ရှားပါးဖြစ်စဉ် တစ်မျိုးလည်း ဖြစ်ပါတယ်။ ထိုရောဂါကို takotsubo ရောဂါလို့လည်း ခေါ်ပါတယ်။

ထို ရောဂါဟာ ရုတ်တရက် နှလုံးကြွက်သားတွေကို ယာယီ အားနည်းသွားစေပြီး နှလုံးရဲ့ ဘယ်ဘက် သွေးပြန်ကြော ရဲ့ လုပ်ဆောင်ချက်တွေကို အဆင်မပြေ ဖြစ်သွားစေနိုင်တယ်လို့ သိရပါတယ်။ ထို လေ့လာမှု အသစ်ဟာ လူသားတွေအတွက် ပျော်ရွှင်စရာ အခိုက်အတန့်တွေကနေ ဖြစ်ပေါ်လာတဲ့ ပြဿနာ တွေကို ပထမဆုံးလေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

လေ့လာမှုမှာတော့ သုတေသီတွေဟာ ကမ္ဘာတစ်ဝှမ်းက takotsubo ရောဂါရှင် လူနာပေါင်း ၁၇၅၀ ယောက် တို့ရဲ့ အချက်အလက်တွေကို တွက်ချက်ခဲ့ကြပါတယ်။ သုတေသီတွေ တွေ့ရှိခဲ့တာကတော့ လူနာပေါင်း ၄၈၅ ယောက်တို့မှာ အစွန်းရောက် ခံစားချက်ဖြစ်ပေါ်မှုတွေရှိခဲ့တယ်ဆိုတာပါပဲ။

ထို လူနာတွေထဲကမှ ၄၀ ရာခိုင်နှုန်းခန့်ဟာ မွေးနေ့ပွဲ ၊ မင်္ဂလာဆောင် ၊ အံ့အားသင့်စရာ အောင်ပွဲခံမှု ၊ အားကစားအသင်း နိုင်ပွဲ တို့ကနေ ထို ရောဂါ ဖြစ်လာတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

ထို ရောဂါ ဖြစ်ပွားခဲ့တဲ့ ၉၅ ရာခိုင်နှုန်း ဟာလည်း အမျိုးသမီး တွေဖြစ်နေတာကို တွေ့ရပြန်ပါတယ်။ ပျမ်းမျှ အသက်အရွယ်တွေကတော့ ၆၅ နှစ်ခန့် ဖြစ်ကြပါတယ်။

Credit:thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top