iMyanmarHouse.com - Best Property Website for Myanmar
×

ဖုန္ထူ ေနပူတဲ့ ရာသီဥတုေၾကာင့္ အသားအေရဟာ ႐ွိသင့္တဲ့ႏုပ်ိဳကို မရ႐ွိေတာ့ပါဘူး။ မ်က္ႏွာက ေျခာက္ေသြ႕ၾကမ္းတမ္းမယ္၊ အဆီျပန္မယ္၊ ညိဳမည္းေနမယ္ဆိုရင္ေတာ့ ျပန္လည္ထိန္းသိမ္းေပးဖုိ႔ လိုေနပါၿပီ။ ကိုယ့္ရဲ႕မ်က္ႏွာေလးကို ႏုပ်ိဳလန္းဆန္းေနေအာင္ သဘာဝပစၥည္းေတြနဲ႔ ေပါင္းတင္ဖုိ႔ စိတ္ဝင္စားတယ္ဆိုရင္ ဒီနည္းအတုိင္း လုပ္ၾကည့္ပါ။

လိုအပ္တဲ့ပစၥည္း - အရည္ညႇစ္ထားတဲ့လိေမၼာ္ လက္ဖက္စားဇြန္း ၁ ဇြန္္း၊ ဒိန္ခ်ဥ္ လက္ဖက္စားဇြန္း ၁ ဇြန္း၊ စႏၵကူးမႈန္႔ လက္ဖက္စားဇြန္း ၁ ဇြန္း၊ Essential Oil ၃ စက္

ျပဳလုပ္ပံု - ပထမဆံုးအေနနဲ႔ အဓိကက်ဆံုးအရာသံုးမ်ိဳးျဖစ္တဲ့ လိေမၼာ္ရည္၊ ဒိန္ခ်ဥ္နဲ႔ စႏၵကူးမႈန္႔တုိ႔ကို ခြက္တစ္လံုးထဲမွာ ေရာစပ္လိုက္ပါ။ သံုးမ်ိဳးလံုး သမသြားၿပီဆုိေတာ့မွ Essential Oil ကို ထပ္ထည့္ေမႊရပါမယ္။ လိေမၼာ္ရည္က လန္းဆန္းတဲ့ရနံ႔ဆိုေတာ့ essential oil ကိုလည္း လန္းဆန္းတဲ့ရနံ႔ကိုေရြးတာ ေကာင္းပါတယ္။ မ်က္ႏွာေပၚမွာ သုတ္လိမ္းၿပီးရင္ ေျခာက္ေသြ႕သြားတဲ့အထိ ထားလိုက္ပါ။ တစ္ေရးတစ္ေမာအိပ္လို႔ေတာင္ ရပါေသးတယ္။ ေျခာက္သြားေတာ့မွ ေရနဲ႔ျပန္ေဆးလိုက္ရမွာျဖစ္ပါတယ္။ မ်က္ႏွာသစ္ခ်ိန္မွာ မ်က္ႏွာကို လက္ေခ်ာင္းေလးေတြနဲ႔ နွိပ္နယ္ေပးဖုိ႔ မေမ့ပါနဲ႔။

အက်ိဳးရလဒ္ - ဒိန္ခ်ဥ္က အသားအေရကို ေခ်ာေမြ႕စိုေျပေစတယ္။ စႏၵကူးမႈန္႔ကလည္း အသားအေရကို အာဟာရျဖည့္ေပးႏိုင္စြမ္း အမ်ားႀကီး႐ွိပါတယ္။ လိေမၼာ္ရည္ကေတာ့ မ်က္ႏွာေပၚက ဘက္တီးရီးယားေတြကို ရွင္းလင္းေပးၿပီး အသားအေရေလးကို ၾကည္လင္ေစပါတယ္။ Essential Oil ကို အနံ႔အေနနဲ႔သာ ထည့္ရတာမဟုတ္ပါဘူး။ သူ႔မွာလည္း အသားအေရကို အားျဖည့္ေပးႏိုင္စြမ္း၊ ဆဲလ္ေတြ ႀကီးထြားႏုိင္စြမ္းကို ျမင့္တင္ေပးႏိုင္စြမ္းေတြ ရွိပါတယ္။ ဒါေၾကာင့္မို႔လို႔ ခုလိုမ်ိဳး ေနပူ ေလပူနဲ႔ ဖုန္ေတြကပ္ၿငိခံထားရတဲ့ အသားအေရအတြက္ အေကာင္းဆံုးေပါင္းတင္နည္းျဖစ္ပါတယ္။ သဘာဝပစၥည္းေတြခ်ည္းပဲဆုိေတာ့ ေဘးထြက္ဆိုးက်ိဳးျဖစ္မွာလည္း မပူရဘူးေလ။

Credit:duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ဖုန်ထူ နေပူတဲ့ ရာသီဥတုကြောင့် အသားအရေဟာ ရှိသင့်တဲ့နုပျိုကို မရရှိတော့ပါဘူး။ မျက်နှာက ခြောက်သွေ့ကြမ်းတမ်းမယ်၊ အဆီပြန်မယ်၊ ညိုမည်းနေမယ်ဆိုရင်တော့ ပြန်လည်ထိန်းသိမ်းပေးဖို့ လိုနေပါပြီ။ ကိုယ့်ရဲ့မျက်နှာလေးကို နုပျိုလန်းဆန်းနေအောင် သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီနည်းအတိုင်း လုပ်ကြည့်ပါ။

လိုအပ်တဲ့ပစ္စည်း - အရည်ညှစ်ထားတဲ့လိမ္မော် လက်ဖက်စားဇွန်း ၁ ဇွန်း၊ ဒိန်ချဉ် လက်ဖက်စားဇွန်း ၁ ဇွန်း၊ စန္ဒကူးမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း၊ Essential Oil ၃ စက်

ပြုလုပ်ပုံ - ပထမဆုံးအနေနဲ့ အဓိကကျဆုံးအရာသုံးမျိုးဖြစ်တဲ့ လိမ္မော်ရည်၊ ဒိန်ချဉ်နဲ့ စန္ဒကူးမှုန့်တို့ကို ခွက်တစ်လုံးထဲမှာ ရောစပ်လိုက်ပါ။ သုံးမျိုးလုံး သမသွားပြီဆိုတော့မှ Essential Oil ကို ထပ်ထည့်မွှေရပါမယ်။ လိမ္မော်ရည်က လန်းဆန်းတဲ့ရနံ့ဆိုတော့ essential oil ကိုလည်း လန်းဆန်းတဲ့ရနံ့ကိုရွေးတာ ကောင်းပါတယ်။ မျက်နှာပေါ်မှာ သုတ်လိမ်းပြီးရင် ခြောက်သွေ့သွားတဲ့အထိ ထားလိုက်ပါ။ တစ်ရေးတစ်မောအိပ်လို့တောင် ရပါသေးတယ်။ ခြောက်သွားတော့မှ ရေနဲ့ပြန်ဆေးလိုက်ရမှာဖြစ်ပါတယ်။ မျက်နှာသစ်ချိန်မှာ မျက်နှာကို လက်ချောင်းလေးတွေနဲ့ နှိပ်နယ်ပေးဖို့ မမေ့ပါနဲ့။

အကျိုးရလဒ် - ဒိန်ချဉ်က အသားအရေကို ချောမွေ့စိုပြေစေတယ်။ စန္ဒကူးမှုန့်ကလည်း အသားအရေကို အာဟာရဖြည့်ပေးနိုင်စွမ်း အများကြီးရှိပါတယ်။ လိမ္မော်ရည်ကတော့ မျက်နှာပေါ်က ဘက်တီးရီးယားတွေကို ရှင်းလင်းပေးပြီး အသားအရေလေးကို ကြည်လင်စေပါတယ်။ Essential Oil ကို အနံ့အနေနဲ့သာ ထည့်ရတာမဟုတ်ပါဘူး။ သူ့မှာလည်း အသားအရေကို အားဖြည့်ပေးနိုင်စွမ်း၊ ဆဲလ်တွေ ကြီးထွားနိုင်စွမ်းကို မြင့်တင်ပေးနိုင်စွမ်းတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ခုလိုမျိုး နေပူ လေပူနဲ့ ဖုန်တွေကပ်ငြိခံထားရတဲ့ အသားအရေအတွက် အကောင်းဆုံးပေါင်းတင်နည်းဖြစ်ပါတယ်။ သဘာဝပစ္စည်းတွေချည်းပဲဆိုတော့ ဘေးထွက်ဆိုးကျိုးဖြစ်မှာလည်း မပူရဘူးလေ။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top