iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူေတြပဲျဖစ္ျဖစ္ အိမ္ေထာင္ရွင္ေတြပဲျဖစ္ျဖစ္ ခ်စ္ခရီးလမ္းမွာ အျမဲအဆင္ေျပ မေခ်ာေမြ႔ေနႏိုင္ပါဘူး။။ တစ္ခါတစ္ရံ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္အခန္႔မသင့္တာေလးေတြရွိလို႔ စိတ္ဆိုး စိတ္ေကာက္ စကားမ်ားရႏ္ျဖစ္ၾကတဲ့အခါ ျပႆနာေတြၾကီးထြားမလာေအာင္ တစ္ေယာက္အေပၚတစ္ေယာက္ ဘယ္လိုျပဳမႈဆက္ဆံသင့္တယ္ဆိုတာေလး ေျပာျပေပးခ်င္ပါတယ္…။

- မခံႏိုင္တဲ့စကားလံုးေတြမေျပာမိပါေစနဲ႔။

တစ္ခ်ိဳ႕ကရန္ျဖစ္ စကားမ်ားၾကျပီဆိုတာနဲ႔ မခံႏိုင္ေလာက္တဲ့ စကားလံုးေတြနဲ႔ တစ္ေယာက္ကို တစ္ေယာက္ထိုးႏွက္ၾကပါတယ္။ ဒီလိုလုပ္ျခင္းဟာ ေဒါသကိုပိုဆြရာေရာက္သလို အမုန္း စကားေတြေၾကာင့္ ရင္ထဲမွာလည္း အနာတရေတြျဖစ္ေစတတ္တာမို႔ စကားနာထိုးျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္ေနာ္။

- ေအးေဆးတည္ျငိမ္စြာေျဖရွင္းျပပါ။

တစ္ေယာက္က စိတ္ဆိုးေနခဲ့မယ္ဆိုရင္ ေနာက္တစ္ေယာက္က ဘာေၾကာင့္ စိတ္ဆိုး ေနသလဲ ဆိုတာ ေခ်ာ့ေမာ့ေမးသင့္ပါတယ္။ အထင္လြဲျပီး စိတ္ဆိုးေနတာဆိုရင္လည္း နားလည္လာေအာင္ ေျဖရွင္းျပလိုက္ပါ။ ငါမွန္ေနတာပဲ ဒါကစိတ္ဆိုးစရာလားဆိုျပီး ေဒါသတၾကီး မေျဖရွင္းလိုက္ပါနဲ႔ေနာ္…။ ေဒါသပါလာျပီဆိုရင္ေတာ့ ျပႆနာကထပ္ျဖစ္ေနအံုးမွာပါ..။ တစ္ေယာက္တင္းတဲ့အခါ တစ္ေယာက္ကေလ်ာ့မွ သာယာတဲ့ခ်စ္ခရီးလမ္းကို ေလွ်ာက္လွမ္းႏိုင္မွာပါ။

- အရြဲ႕မတိုက္ပါနဲ႕။

ရန္ျဖစ္စကားမ်ားၾကျပီဆိုရင္ တစ္ေယာက္ကိုတစ္ေယာက္အရြဲ႕တိုက္ၾကတာမ်ိဳး တစ္ခ်ိဳ႕ ခ်စ္သူ စံုတြဲေတြၾကားမွာျမင္ေတြ႔ရပါတယ္။ ျပႆနာတိုင္းမွာ အေျဖရွိပါတယ္။ နင္ဘာေၾကာင့္ ဒီလိုလုပ္လဲဆိုတာမ်ိဳး အရင္ ေမးျမန္းသင့္ပါတယ္။ အဲ့လိုပြင့္ပြင့္လင္းလင္း ေမးျမန္းတာမ်ိဳးမရွိဘဲ နင္လုပ္ရင္ငါလည္းလုပ္တယ္ ဆိုျပီး တစ္ေယာက္ကိုတစ္ေယာက္အရြဲ႕တိုက္ေနခဲ့မယ္ဆိုရင္လည္း သင့္တို႔ရဲ႕ ခ်စ္ခရီးလမ္းဟာ မ်ဥ္းျပိဳင္ႏွစ္ေၾကာင္းလို ျဖစ္လာႏိုင္ျပီး ဘယ္ေတာ့မွ ျပန္ဆံုႏိုင္မွာမဟုတ္ေတာ့ပါဘူး။

- ဘယ္ေလာက္စိတ္ဆိုးဆိုး လက္ပါတဲ့အထိမျဖစ္ပါေစနဲ႔။

ဒီကိစၥကိုအမ်ိဳးသားမ်ား သတိထားသင့္ပါတယ္။ လင္နဲ႔မယား လွ်ာနဲ႔သြားဆိုသလို အခက္မသင့္ျပႆနာေတြက အျမဲၾကံဳေနရမွာပါပဲ။ ေဒါသထြက္ စကားမ်ားတိုင္း လက္ပါတတ္တဲ့သူဆိုရင္ေတာ့ သင့္အိမ္ေထာင္ေရးက သာယာႏိုင္ေတာ့မယ္မထင္ပါဘူး။ အမ်ိဳးသမီးျဖစ္သူကလည္း နာက်ည္းခ်က္ေတြရင္ထဲအျပည့္နဲ႔ သင့္ကိုရြံ႕ေၾကာက္ၾကီးအျဖစ္သာ သေဘာထားလာပါလိမ့္မယ္။

- ေ၀းေ၀းကိုခဏထြက္သြားလိုုက္ပါ။

စကားမ်ားၾကတဲ့အခါ ကိုယ္က ေဒါသၾကီးသူ လက္ပါတတ္သူျဖစ္ေနမယ္ဆိုရင္ေတာ့ အေ၀းကိုခဏထြက္သြားလိုက္တာဟာ အေကာင္းဆံုးပါပဲ…။ ေဒါသထြက္ေနတဲ့အခ်ိန္ ေသြးပူေနတဲ့အခ်ိန္မွာ လူသတ္ဆိုရင္ေတာင္ သတ္ျဖစ္သြားႏိုင္တယ္မဟုတ္လား။ ဒါမို႔ ေဒါသေျပတဲ့အခါမွ ျပန္လာျပီး ေခါင္းေအးေအးထားလို႔ ျပႆနာကို ေျဖရွင္းလိုက္တာဟာ အေကာင္းဆံုးနည္းလမ္းျဖစ္ႏိုင္ပါတယ္။
Credit:Momolay
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ချစ်သူတွေပဲဖြစ်ဖြစ် အိမ်ထောင်ရှင်တွေပဲဖြစ်ဖြစ် ချစ်ခရီးလမ်းမှာ အမြဲအဆင်ပြေ မချောမွေ့နေနိုင်ပါဘူး။။ တစ်ခါတစ်ရံ တစ်ယောက်နဲ့တစ်ယောက် စိတ်အခန့်မသင့်တာလေးတွေရှိလို့ စိတ်ဆိုး စိတ်ကောက် စကားများရန်ဖြစ်ကြတဲ့အခါ ပြဿနာတွေကြီးထွားမလာအောင် တစ်ယောက်အပေါ်တစ်ယောက် ဘယ်လိုပြုမှုဆက်ဆံသင့်တယ်ဆိုတာလေး ပြောပြပေးချင်ပါတယ်…။

- မခံနိုင်တဲ့စကားလုံးတွေမပြောမိပါစေနဲ့။

တစ်ချို့ကရန်ဖြစ် စကားများကြပြီဆိုတာနဲ့ မခံနိုင်လောက်တဲ့ စကားလုံးတွေနဲ့ တစ်ယောက်ကို တစ်ယောက်ထိုးနှက်ကြပါတယ်။ ဒီလိုလုပ်ခြင်းဟာ ဒေါသကိုပိုဆွရာရောက်သလို အမုန်း စကားတွေကြောင့် ရင်ထဲမှာလည်း အနာတရတွေဖြစ်စေတတ်တာမို့ စကားနာထိုးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်နော်။

- အေးဆေးတည်ငြိမ်စွာဖြေရှင်းပြပါ။

တစ်ယောက်က စိတ်ဆိုးနေခဲ့မယ်ဆိုရင် နောက်တစ်ယောက်က ဘာကြောင့် စိတ်ဆိုး နေသလဲ ဆိုတာ ချော့မော့မေးသင့်ပါတယ်။ အထင်လွဲပြီး စိတ်ဆိုးနေတာဆိုရင်လည်း နားလည်လာအောင် ဖြေရှင်းပြလိုက်ပါ။ ငါမှန်နေတာပဲ ဒါကစိတ်ဆိုးစရာလားဆိုပြီး ဒေါသတကြီး မဖြေရှင်းလိုက်ပါနဲ့နော်…။ ဒေါသပါလာပြီဆိုရင်တော့ ပြဿနာကထပ်ဖြစ်နေအုံးမှာပါ..။ တစ်ယောက်တင်းတဲ့အခါ တစ်ယောက်ကလျော့မှ သာယာတဲ့ချစ်ခရီးလမ်းကို လျှောက်လှမ်းနိုင်မှာပါ။

- အရွဲ့မတိုက်ပါနဲ့။

ရန်ဖြစ်စကားများကြပြီဆိုရင် တစ်ယောက်ကိုတစ်ယောက်အရွဲ့တိုက်ကြတာမျိုး တစ်ချို့ ချစ်သူ စုံတွဲတွေကြားမှာမြင်တွေ့ရပါတယ်။ ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။ နင်ဘာကြောင့် ဒီလိုလုပ်လဲဆိုတာမျိုး အရင် မေးမြန်းသင့်ပါတယ်။ အဲ့လိုပွင့်ပွင့်လင်းလင်း မေးမြန်းတာမျိုးမရှိဘဲ နင်လုပ်ရင်ငါလည်းလုပ်တယ် ဆိုပြီး တစ်ယောက်ကိုတစ်ယောက်အရွဲ့တိုက်နေခဲ့မယ်ဆိုရင်လည်း သင့်တို့ရဲ့ ချစ်ခရီးလမ်းဟာ မျဉ်းပြိုင်နှစ်ကြောင်းလို ဖြစ်လာနိုင်ပြီး ဘယ်တော့မှ ပြန်ဆုံနိုင်မှာမဟုတ်တော့ပါဘူး။

- ဘယ်လောက်စိတ်ဆိုးဆိုး လက်ပါတဲ့အထိမဖြစ်ပါစေနဲ့။

ဒီကိစ္စကိုအမျိုးသားများ သတိထားသင့်ပါတယ်။ လင်နဲ့မယား လျှာနဲ့သွားဆိုသလို အခက်မသင့်ပြဿနာတွေက အမြဲကြုံနေရမှာပါပဲ။ ဒေါသထွက် စကားများတိုင်း လက်ပါတတ်တဲ့သူဆိုရင်တော့ သင့်အိမ်ထောင်ရေးက သာယာနိုင်တော့မယ်မထင်ပါဘူး။ အမျိုးသမီးဖြစ်သူကလည်း နာကျည်းချက်တွေရင်ထဲအပြည့်နဲ့ သင့်ကိုရွံ့ကြောက်ကြီးအဖြစ်သာ သဘောထားလာပါလိမ့်မယ်။

- ဝေးဝေးကိုခဏထွက်သွားလိုုက်ပါ။

စကားများကြတဲ့အခါ ကိုယ်က ဒေါသကြီးသူ လက်ပါတတ်သူဖြစ်နေမယ်ဆိုရင်တော့ အဝေးကိုခဏထွက်သွားလိုက်တာဟာ အကောင်းဆုံးပါပဲ…။ ဒေါသထွက်နေတဲ့အချိန် သွေးပူနေတဲ့အချိန်မှာ လူသတ်ဆိုရင်တောင် သတ်ဖြစ်သွားနိုင်တယ်မဟုတ်လား။ ဒါမို့ ဒေါသပြေတဲ့အခါမှ ပြန်လာပြီး ခေါင်းအေးအေးထားလို့ ပြဿနာကို ဖြေရှင်းလိုက်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်နိုင်ပါတယ်။

Credit:Momolay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top