iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔ႏွစ္ခြက္ထက္ ပိုေသာက္ေနတယ္ဆိုရင္ေတာ့ သင္ဟာ ေကာ္ဖီအေသာက္မ်ားသူလို႔ ေျပာလို႔ရပါတယ္။ တခ်ိဳ႕ကေတာ့ မနက္ခင္းမွာတင္ တစ္ခြက္ေလာက္နဲ႔ အဆင္မေျပတတ္ပါဘူး။ ေကာ္ဖီေတြအေသာက္မ်ားတာ၊ အားျဖည့္အခ်ိဳရည္ေတြအေသာက္မ်ားတာေၾကာင့္ သင့္ခႏၶာကိုယ္ဟာ ကဖိန္းဓာတ္ကို သည္းမခံႏုိင္ေတာ့တာမ်ိဳး ျဖစ္တတ္ပါတယ္။ ခႏၶာကိုယ္ဟာ သည္းမခံႏုိင္ေတာ့ေၾကာင္းကို ေအာက္ပါ လကၡဏာေတြနဲ႔ ျပတတ္ပါတယ္။

ေရဓာတ္ခန္းေျခာက္

ေရ မ်ားမ်ားမေသာက္ႏုိင္တဲ့အခ်ိန္မွာ ကဖိန္းဓာတ္ပါတဲ့ အရည္ေတြကို မေသာက္သင့္ပါဘူး။ ေကာ္ဖီလို ကဖိန္းပါတဲ့အရည္ေတြဟာ ခႏၶာကိုယ္္မွာ ေရဓာတ္ခမ္းေျခာက္သြားေစႏုိင္ပါတယ္။ ေခါင္းေတြ ရိပ္ခနဲ မူးသလိုျဖစ္တာ၊ အေပါ့သြားတဲ့အခါ ဆီးဝါတာမ်ိဳးေတြဟာ သင့္ကိုယ္မွာ ကဖိန္းဓာတ္ေတြ မ်ားလြန္းေနတဲ့ လကၡဏာလည္း ျဖစ္တတ္ပါတယ္။

စိုးရိမ္မႈ

ခႏၶာကိုယ္မွာ လႈံ႔ေဆာ္မႈေတြ အလြန္အမင္းျဖစ္ေပၚျပီး စိုးရိမ္ပူပန္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ဒီလိုမ်ိဳးျဖစ္တဲ့အခါ  ကဖိန္းဓာတ္ပါတဲ့အရည္ေတြကို ေလွ်ာ့ေသာက္ၾကည့္ပါ။ ေလွ်ာ့ေသာက္လို႔ သက္သာသြားတယ္ဆိုရင္ေတာ့ သင့္ခႏၶာကိုယ္ဟာ ကဖိန္းဓာတ္ကို သည္းမခံႏုိင္တဲ့ လကၡဏာ ျဖစ္ပါတယ္။ ႏွလံုးခုန္ျမန္တာ၊ ရင္တုန္တာ၊ မူးေမာသလိုျဖစ္တာေတြည္း ရွိပါတယ္။

ဆီးခဏခဏ သြားျခင္း

ကဖိန္းဓာတ္ပါတဲ့အရည္ကိုေသာက္တဲ့အခါ ေရဓာတ္ခန္းေျခာက္တာမ်ိဳး ျဖစ္လာႏုိင္သလို တျခားတစ္ဖက္ကလည္း ေသာက္ျပီးတုိင္း အေပါ့ခဏခဏ သြားတာေတြလည္းျဖစ္တတ္ပါတယ္။  ဒါမ်ိဳးျဖစ္ေနျပီဆုိရင္ေတာ့ ကဖိန္းဓာတ္ကို သင့္ခႏၶာကိုယ္က မခံႏုိင္တာလည္း ျဖစ္ႏုိင္ပါတယ္။

ဗုိက္ထဲမွာ တင္းၾကပ္မႈ

အစာအိမ္မေကာင္းတဲ့အခါ ကဖိန္းဓာတ္ေၾကာင့္ ဗုိက္ထဲမွာ တင္းၾကပ္တာမ်ိဳးခံစားရပါတယ္။ ကဖိန္းဟာ သင့္ခႏၶာကိုယ္မွာ ပံုမွန္အလုပ္မလုပ္တာေၾကာင့္ျဖစ္ပါတယ္။ သြားရင္းလာရင္းနဲ႔ ဗုိက္ကတင္းၾကပ္သလို ခံစားေနရတာ ျဖစ္ပါတယ္။

အထက္ပါလကၡဏာတစ္မ်ိဳးမ်ိဳး ေပၚလာျပီဆိုရင္ေတာ့ ေကာ္ဖီေသာက္တာ၊ ကဖိန္းဓာတ္ပါတဲ့ အခ်ိဳရည္ေသာက္တာေတြကို ဆင္ျခင္သင့္ပါတယ္။  လိုအပ္ရင္ ေကာ္ဖီကို ထာဝရႏႈတ္ဆက္သင့္ပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
တစ်နေ့နှစ်ခွက်ထက် ပိုသောက်နေတယ်ဆိုရင်တော့ သင်ဟာ ကော်ဖီအသောက်များသူလို့ ပြောလို့ရပါတယ်။ တချို့ကတော့ မနက်ခင်းမှာတင် တစ်ခွက်လောက်နဲ့ အဆင်မပြေတတ်ပါဘူး။ ကော်ဖီတွေအသောက်များတာ၊ အားဖြည့်အချိုရည်တွေအသောက်များတာကြောင့် သင့်ခန္ဓာကိုယ်ဟာ ကဖိန်းဓာတ်ကို သည်းမခံနိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်ဟာ သည်းမခံနိုင်တော့ကြောင်းကို အောက်ပါ လက္ခဏာတွေနဲ့ ပြတတ်ပါတယ်။

ရေဓာတ်ခန်းခြောက်

ရေ များများမသောက်နိုင်တဲ့အချိန်မှာ ကဖိန်းဓာတ်ပါတဲ့ အရည်တွေကို မသောက်သင့်ပါဘူး။ ကော်ဖီလို ကဖိန်းပါတဲ့အရည်တွေဟာ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်သွားစေနိုင်ပါတယ်။ ခေါင်းတွေ ရိပ်ခနဲ မူးသလိုဖြစ်တာ၊ အပေါ့သွားတဲ့အခါ ဆီးဝါတာမျိုးတွေဟာ သင့်ကိုယ်မှာ ကဖိန်းဓာတ်တွေ များလွန်းနေတဲ့ လက္ခဏာလည်း ဖြစ်တတ်ပါတယ်။

စိုးရိမ်မှု

ခန္ဓာကိုယ်မှာ လှုံ့ဆော်မှုတွေ အလွန်အမင်းဖြစ်ပေါ်ပြီး စိုးရိမ်ပူပန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါ  ကဖိန်းဓာတ်ပါတဲ့အရည်တွေကို လျှော့သောက်ကြည့်ပါ။ လျှော့သောက်လို့ သက်သာသွားတယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်ဟာ ကဖိန်းဓာတ်ကို သည်းမခံနိုင်တဲ့ လက္ခဏာ ဖြစ်ပါတယ်။ နှလုံးခုန်မြန်တာ၊ ရင်တုန်တာ၊ မူးမောသလိုဖြစ်တာတွေည်း ရှိပါတယ်။

ဆီးခဏခဏ သွားခြင်း

ကဖိန်းဓာတ်ပါတဲ့အရည်ကိုသောက်တဲ့အခါ ရေဓာတ်ခန်းခြောက်တာမျိုး ဖြစ်လာနိုင်သလို တခြားတစ်ဖက်ကလည်း သောက်ပြီးတိုင်း အပေါ့ခဏခဏ သွားတာတွေလည်းဖြစ်တတ်ပါတယ်။  ဒါမျိုးဖြစ်နေပြီဆိုရင်တော့ ကဖိန်းဓာတ်ကို သင့်ခန္ဓာကိုယ်က မခံနိုင်တာလည်း ဖြစ်နိုင်ပါတယ်။

ဗိုက်ထဲမှာ တင်းကြပ်မှု

အစာအိမ်မကောင်းတဲ့အခါ ကဖိန်းဓာတ်ကြောင့် ဗိုက်ထဲမှာ တင်းကြပ်တာမျိုးခံစားရပါတယ်။ ကဖိန်းဟာ သင့်ခန္ဓာကိုယ်မှာ ပုံမှန်အလုပ်မလုပ်တာကြောင့်ဖြစ်ပါတယ်။ သွားရင်းလာရင်းနဲ့ ဗိုက်ကတင်းကြပ်သလို ခံစားနေရတာ ဖြစ်ပါတယ်။

အထက်ပါလက္ခဏာတစ်မျိုးမျိုး ပေါ်လာပြီဆိုရင်တော့ ကော်ဖီသောက်တာ၊ ကဖိန်းဓာတ်ပါတဲ့ အချိုရည်သောက်တာတွေကို ဆင်ခြင်သင့်ပါတယ်။  လိုအပ်ရင် ကော်ဖီကို ထာဝရနှုတ်ဆက်သင့်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top