iMyanmarHouse.com - Best Property Website for Myanmar
×





Credit:momolay

#Unicode Version

ပူနွေးစိုစွတ်တဲ့ ဒီလိုရာသီမှာ မျက်စိနာတဲ့သူ တော်တော်များပါတယ်။ ခန္ဓာကိုယ်ထဲက အပူတွေ အပြင်ဘက်ကို ကန်ထွက်လာတဲ့အခါမှာလည်း မျက်စိနာတာတွေ ဖြစ်တတ်သလို မျက်စိထဲကို ဖုန်၊ ဓါတ်မတည့်တဲ့အရာတွေ ဝင်ရောက်ရင်လည်း ဖြစ်တတ်ပါတယ်။ မျက်စိနာတာဟာ တစ်ဦးနဲ့ တစ်ဦး ကူးစက်လွယ်ပါတယ်။ ဒါ့ကြောင့် အမြန်ဆုံး ပျောက်ကင်းစေမယ့် သဘာဝနည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

မျက်စိနာနေတဲ့အချိန်မှာ မျက်နှာသုတ်ပဝါကို သီးသန့် ခွဲသုံးတာ အကောင်းဆုံးပါ။ မျက်စိနာသူရဲ့ မျက်နှာသုတ်ပဝါနဲ့ အခြားသူတစ်ဦးရဲ့ မျက်လုံးပွတ်မိမယ်ဆိုရင် မျက်စိနာ ကူးစက်နိုင်ပါတယ်။

ရှားစောင်းလက်ပပ်ကို ရေသေချာဆေးပြီး အစိမ်းခွံကို တစ်ဖက်တည်း နွှာလိုက်ပါ။အတွင်းသားကြည်ကြည်လေးတွေရှိတဲ့ဘက်နဲ့ မျက်စိနာနေတဲ့ မျက်လုံးပေါ်မှာ အုပ်ထားပေးပါ။ ရှားစောင်းလက်ပပ်ဟာ အပူတွေ စုပ်ယူပေးနိုင်တာကြောင့် အမြန်ဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။

မျက်စိနာတဲ့အချိန်မှာ သောက်သုံးသင့်တဲ့ ဖျော်ရည်တစ်မျိုးရှိပါတယ်။ အဲဒါကတော့ ဆီးဖြူသီးပျားရည်ပါ။ ဆီးဖြူသီးကို ထောင်းပြီး အရည်ညှစ်ပြီး ပျားရည်လေးနဲ့ ရောပါ။ ပြီးရင် ရေခဲရေမဟုတ်တဲ့ ရိုးရိုးရေနဲ့ ရောဖျော်ပါ။ တစ်နေ့ကို တစ်ကြိမ်သောက်ပေးမယ်ဆိုရင် နှစ်ရက်လောက်နေရင် မျက်စိနာခြင်းတွေ ပျောက်ကင်းသွားမှာ အသေအချာပါပဲ။

Credit:momolay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top