iMyanmarHouse.com - Best Property Website for Myanmar
×

အခ်င္းဆုိတာ ကိုယ္ဝန္ေဆာင္စဥ္ကာလမွာ သားအိမ္အတြင္း၌ျဖစ္ေပၚလာတဲ့ ဆဲလ္ေမြ႔ရာႀကီးတစ္ခုပဲျဖစ္ပါတယ္။ အခ်င္းျဖစ္ေပၚလာရျခင္းရည္ရြယ္ခ်က္မွာ မိခင္ခံမွ အာဟာရဓာတ္ေတြနဲ႔ ေအာက္ဆီဂ်င္ေတြကို သေႏၶသားေလာင္းထံသို႔ေပးပို႔၍ သေႏၶသားေလာင္းထံမွ အညစ္အေၾကးေတြနဲ႔ ကာဗြန္ဒိုင္ေအာက္ဆုိဒ္ေတြကို ခ်က္ႀကိဳးမွတဆင့္ မိခင္ထံျပန္လည္ေပးပို႔ဖုိ႔ ျဖစ္ပါတယ္။

          အခ်င္းသည္ သားအိမ္အေပၚပိုင္းတစ္စိတ္တစ္ေဒသ၌သာျဖစ္ေပၚတာျဖစ္တဲ့အတြက္ သေႏၶသားဖြ႔ံၿဖိဳးမႈကို ထိခိုက္ေစျခင္းမရွိပါဘူး။ အခ်င္းေရွ႕ေရာက္တဲ့အေျခအေနမွာဆိုရင္ေတာ့ အခ်င္းဟာသားအိမ္ေအာက္ပိုင္း (သို႔) သားအိမ္ဝမွာစတင္ျဖစ္ေပၚလာတာေၾကာင့္ ေမြးဖြားရခက္ခဲျခင္းမ်ားျဖစ္ေစႏုိင္ပါတယ္။

          အခ်င္းေရွ႕ေရာက္ျခင္း အမ်ိဳးအစား 3 မ်ိဳးမွာ -

1. အျပည့္အဝအခ်င္းေရွ႕ေရာက္ျခင္း - သားအိမ္အတြင္းပိုင္းအဝဟာ အခ်င္းျဖင့္လံုးဝပိတ္ေနတာျဖစ္ပါတယ္။

2. တစ္စိတ္တစ္ေဒသအခ်င္းေရွ႕ေရာက္ျခင္း - သားအိမ္အတြင္းပိုင္းအဝဟာ အခ်င္းျဖင့္တစ္စိတ္တစ္ပိုင္းမွ်သာ ပိတ္ေနတာျဖစ္ပါတယ္။

3. အနားသတ္အခ်င္းေရွ႕ေရာက္ျခင္း - အခ်င္းဟာ သားအိမ္အတြင္းပိုင္းအဝရဲ႕ အနားသတ္ပိုင္းနားသို႔ ေရာက္ေနျခင္းျဖစ္ပါတယ္။

          အခ်င္းေရွ႕ေရာက္ျခင္းျဖစ္စဥ္ဟာ ကိုယ္ဝန္ေဆာင္ 200 မွာ တစ္ေယာက္ခန္႔ ေတြ႔ရႏုိင္ပါတယ္။

ေရာဂါလကၡဏာႏွင့္ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား

        ကိုယ္ဝန္ေဆာင္ကာလ ပထမ 3 လပတ္ႏွင့္ ဒုတိယ 3 လပတ္မ်ားတြင္ ရံဖန္ရံခါ ေသြးဆင္းျခင္းမ်ားကို ႀကံဳေတြ႔ရႏုိင္ပါတယ္။ ေသြးအေရာင္ကေတာ့ အနီေရာင္ေတာက္ေတာက္ျဖစ္ၿပီး ခ်က္ခ်င္းဆိုသလိုျပန္ေကာင္းသြားတတ္ပါတယ္။ ဒါေပမယ့္ ရက္အနည္းငယ္အၾကာမွာေတာ့ တစ္ဖန္ျပန္ၿပီးေသြးဆင္းႏုိင္ပါတယ္။ ကိုယ္ဝန္ေဆာင္ကာလ တတိယသံုးလပတ္ေရာက္တဲ့အခ်ိန္မွာေတာ့ ႐ုတ္တရက္ေသြးအမ်ားႀကီးဆင္းလာႏုိင္ပါတယ္။

          အခ်ိဳ႕ေသာကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြမွာ သားအိမ္ကိုက္ခဲမႈမျဖစ္ဖူးဆုိေပမယ့္ တစ္ခ်ိဳ႕မွာေတာ့ ေသြးဆင္းခ်ိန္မွာ နာက်င္မႈေဝဒနာကိုခံစားရတတ္ပါတယ္။ အမ်ိဳးသမီး 7-30% ခန္႔မွာေတာ့ လံုးဝေသြးဆင္းျခင္းမရွိပါဘူး။

          ေသြးဆင္းရျခင္းအေၾကာင္းအရင္းမွာ ကိုယ္ဝန္လရင့္လာသည္ႏွင့္အမွ် အခ်င္းမွာသားအိမ္နံရံမွကြာက်လာတာေၾကာင့္ ျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ကာလ တတိယ 3 လပတ္ေရာက္တဲ့အခ်ိန္မွာေတာ့ သားအိမ္နံရံဟာပါးလႊာၿပီး သေႏၶသားကိုေနရာေပးဖုိ႔အတြက္ က်ယ္လာရပါတယ္။ အခ်င္းေရွ႕ေရာက္တဲ့အေနအထားမွာဆုိရင္ေတာ့ ထုိကဲ့သုိ႔ သားအိမ္နံရံပါးလာတဲ့အခ်ိန္မွာ အခ်င္းကိုဆြဲဆန္႔သလိုျဖစ္တာေၾကာင့္ သားအိမ္နံရံၿပဲသြားကာ ေသြးထြက္ေစတာျဖစ္ပါတယ္။

          ျဖစ္ႏိုင္တဲ့ေနာက္ဆက္တြဲဆုိးက်ိဳးေတြကေတာ့ -

- ေသြးေထာက္ပံ့မႈမလံုေလာက္တာေၾကာင့္ သေႏၶသားႀကီးထြားႏႈန္းေႏွးေကြးျခင္း

- သေႏၶသားေလာင္း၌ ေသြးအားနည္းျခင္း

- ေအာက္စီဂ်င္ေရာက္တာ နည္းတာေၾကာင့္ အသက္႐ႈမဝျခင္း

- ေသြးထြက္လြန္ပါက မိခင္တြင္ အသက္အႏၲရာယ္စုိးရိမ္ရျခင္း

- ေသြးခဲျဖစ္ေပၚျခင္းႏွင့္ ေရာဂါပိုးဝင္ျခင္း

- ေသြးသြင္းရန္လိုအပ္ျခင္း

          အျပည့္အဝအခ်င္းေရွ႕ေရာက္တဲ့အေနအထားမွာဆုိရင္ ဗုိက္ခဲြေမြးဖုိ႔ကို ဆရာဝန္မွအၾကံေပးပါလိမ့္မယ္။

အခ်င္းေရွ႕ေရာက္တာကို ဘယ္လိုစစ္ေဆးမလဲ

        တယ္လီဗီးရွင္းဓာတ္မွန္႐ိုက္ျခင္းျဖင့္ အခ်င္းရဲ႕အေနအထားကိုသိႏုိင္ပါတယ္။ ကိုယ္ဝန္ေဆာင္ကာလ ပထမ 3 လပတ္ ေႏွာင္းပိုင္းနဲ႔ ဒုတိယ 3 လပတ္အေစာပိုင္းေတြမွာ ေတြ႔ရွိတာဆုိပါက သားအိမ္ႀကီးလာတာနဲ႔အမွ် အခ်င္းရဲ႕တည္ေနရာကလည္း ေရြ႕သြားႏိုင္ပါတယ္။ ဒါေၾကာင့္ တယ္လီဗီးရွင္းဓာတ္မွန္ကို မၾကာခဏျပန္႐ိုက္ဖုိ႔လိုအပ္ႏုိင္ပါတယ္။ အနားသတ္အခ်င္းေရွ႕ေရာက္တာမ်ိဳးဆိုရင္ ေမြးခါနီးအခ်ိန္ထိ မသိတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ ကိုယ္ဝန္တတိယ 2 လပတ္မွာ နာက်င္မႈမရွိဘဲ ေသြးဆင္းတာကလည္း အခ်င္းေရွ႕ေရာက္တာျဖစ္ႏုိင္တယ္လို႔ ေဖာ္ၫႊန္းေပးႏုိင္ပါတယ္။

          ကိုယ္ဝန္ 20 ပတ္မတိုင္မီ အခ်င္းေရွ႕ေရာက္ေနတဲ့အေျခအေနအမ်ားစုဟာ ကိုယ္ဝန္ရင့္လာသည္ႏွင့္ တျဖည္းျဖည္း ပံုမွန္ျပန္ျဖစ္သြားေလ့ရွိပါတယ္။ အကယ္၍ အခ်င္းဟာသေႏၶသားေလာင္းရဲ႕ ဦးေခါင္းေနာက္ကိုေရာက္ေနပါကလည္း အခ်င္းေရွ႕ေရာက္တာကို မသိလိုက္ဘဲျဖစ္တတ္ပါတယ္။

          အခ်င္းေရွ႕ေရာက္တဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြကို ဆရာဝန္မွ လက္ေခ်ာင္းကိုအသံုးျပဳ၍ မိန္းမကိုယ္ကို စမ္းသပ္ျခင္းမ်ိဳးကို ျပဳလုပ္ေလ့မရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အခ်င္းၿပဲသြားၿပီး ေသြးဆင္းမ်ားတာမ်ိဳးျဖစ္တတ္လို႔ပါပဲ။

          နာက်င္မႈမရွိဘဲ မိန္းမကိုယ္မွ ေသြးဆင္းျခင္းအျဖစ္ အျခားလကၡဏာေတြကေတာ့ -

- ကိုယ္ဝန္ဒုတိယ 3 လပတ္တြင္ အခ်င္းေအာက္ေရာက္ေနသည္ကို ဝမ္းဗိုက္ဓာတ္မွန္တြင္ေတြ႔ရွိရျခင္း

- မိန္းမကိုယ္တြင္း တယ္လီဗြီရွင္းဓာတ္မွန္တြင္ အခ်င္းေရွ႕ေရာက္ေနျခင္းတို႔ျဖစ္ပါတယ္။

ကုသျခင္းႏွင့္ ကာကြယ္ျခင္း

        အခ်င္းေရွ႕ေရာက္တဲ့အေနအထားကို ကာကြယ္လို႔မရဘူးဆုိေပမယ့္ ျဖစ္ႏုိင္ေခ်ျမင့္မားတဲ့ အမ်ိဳးသမီးေတြအေနနဲ႔ ဆိုးက်ိဳးေတြ မခံစားရေစဖုိ႔ကိုေတာ့ လုပ္ေဆာင္ႏိုင္ပါတယ္။

          အခ်င္းေရွ႕ေရာက္တာကို ကုသရာမွာ ေရာဂါလကၡဏာေတြသက္သာေစဖုိ႔နဲ႔ ကိုယ္ဝန္ 36 ပတ္ျပည့္ဖုိ႔ အဓိကထားေလ့ရွိတယ္။ ကုသျခင္းရဲ႕ရည္၇ြယ္ခ်က္မွာ တတ္ႏုိင္သမွ်ကိုယ္ဝန္လရင့္ခ်ိန္မွာ အႏၲရာယ္မရွိဘဲ ခြဲေမြးဖို႔ျဖစ္ပါတယ္။ ဒါေၾကာင့္ ကုသမႈဟာေအာက္ပါအခ်က္ေတြမွာ မူတည္ေလ့ရွိပါတယ္။

- ေသြးဆင္းမႈအႀကိမ္ေရႏွင့္ ပမာဏ

- အခ်င္းေရွ႕ေရာက္မႈအေနအထား

- သားအိမ္ထဲရွိ သေႏၶသားေလာင္းရဲ႕ အေနအထား

- သားအိမ္ျပင္ပတြင္ သေႏၶသားအေနနဲ႔ အသက္ရွင္ႏုိင္ေခ်ရွိ/မရွိ

- ကိုယ္ဝန္ေဆာင္ဖူးသည့္ အႀကိမ္အေရအတြက္

- ကေလးေမြးဖုိ႔ ဗုိက္စနာျခင္းရွိ/မရွိ

          အခ်င္းေရွ႕ေရာက္တယ္လို႔ သိလိုက္တာနဲ႔တစ္ၿပိဳင္နက္ ထပ္မံေသြးဆင္းျခင္းနဲ႔ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို ေရွာင္ရွားႏုိင္ဖို႔အတြက္ ကိုယ္ဝန္ေဆာင္မိခင္ေတြဟာ အိပ္ရာေပၚမွာသာ လဲေလ်ာင္းေနသင့္ပါတယ္။ သားအိမ္စမ္းသပ္မႈမ်ားနဲ႔ ကာမစပ္ယွက္မႈေတြဟာ မိန္းမကိုယ္အဝနဲ႔ သားအိမ္နံရံကို ထိခိုက္ေစႏိုင္တာေၾကာင့္ ထုိအျပဳအမူေတြကိုေရွာင္ၾကဥ္သင့္ပါတယ္။

          ေန႔ေစ့လေစ့ျဖစ္လာပါက (သို႔) ေသြးဆင္းမႈမ်ားျပားလာပါက ခြဲေမြးသင့္ပါတယ္။ ႐ိုး႐ိုးေမြးဖြားပါက အခ်င္းၿပဲျခင္းနဲ႔ ေသြးထြက္လြန္ျခင္းေၾကာင့္ မိခင္ေရာကေလးမွာပါ အႏၲရာယ္ရွိႏုိင္ပါတယ္။

          အခ်င္းေရွ႕ေရာက္ေနတာကို ေစာေစာစီးစီးႀကိဳသိပါက ယခင္ကလို မိခင္ႏွင့္ကေလးအေပၚမွာ ဒုကၡမေပးႏိုင္ေတာ့ပါဘူး။ အႀကီးမားဆံုးအႏၲရာယ္ကေတာ့ ေသြးဆင္းမ်ားတာေၾကာင့္ ေန႔မေစ့ဘဲ ကေလးေမြးႏုိင္တာတစ္ခုပဲျဖစ္ပါတယ္။

Credit:Dr. Thinzar Wynn
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
အချင်းဆိုတာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သားအိမ်အတွင်း၌ဖြစ်ပေါ်လာတဲ့ ဆဲလ်မွေ့ရာကြီးတစ်ခုပဲဖြစ်ပါတယ်။ အချင်းဖြစ်ပေါ်လာရခြင်းရည်ရွယ်ချက်မှာ မိခင်ခံမှ အာဟာရဓာတ်တွေနဲ့ အောက်ဆီဂျင်တွေကို သန္ဓေသားလောင်းထံသို့ပေးပို့၍ သန္ဓေသားလောင်းထံမှ အညစ်အကြေးတွေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ချက်ကြိုးမှတဆင့် မိခင်ထံပြန်လည်ပေးပို့ဖို့ ဖြစ်ပါတယ်။

          အချင်းသည် သားအိမ်အပေါ်ပိုင်းတစ်စိတ်တစ်ဒေသ၌သာဖြစ်ပေါ်တာဖြစ်တဲ့အတွက် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်းမရှိပါဘူး။ အချင်းရှေ့ရောက်တဲ့အခြေအနေမှာဆိုရင်တော့ အချင်းဟာသားအိမ်အောက်ပိုင်း (သို့) သားအိမ်ဝမှာစတင်ဖြစ်ပေါ်လာတာကြောင့် မွေးဖွားရခက်ခဲခြင်းများဖြစ်စေနိုင်ပါတယ်။

          အချင်းရှေ့ရောက်ခြင်း အမျိုးအစား 3 မျိုးမှာ -

1. အပြည့်အဝအချင်းရှေ့ရောက်ခြင်း - သားအိမ်အတွင်းပိုင်းအဝဟာ အချင်းဖြင့်လုံးဝပိတ်နေတာဖြစ်ပါတယ်။

2. တစ်စိတ်တစ်ဒေသအချင်းရှေ့ရောက်ခြင်း - သားအိမ်အတွင်းပိုင်းအဝဟာ အချင်းဖြင့်တစ်စိတ်တစ်ပိုင်းမျှသာ ပိတ်နေတာဖြစ်ပါတယ်။

3. အနားသတ်အချင်းရှေ့ရောက်ခြင်း - အချင်းဟာ သားအိမ်အတွင်းပိုင်းအဝရဲ့ အနားသတ်ပိုင်းနားသို့ ရောက်နေခြင်းဖြစ်ပါတယ်။

          အချင်းရှေ့ရောက်ခြင်းဖြစ်စဉ်ဟာ ကိုယ်ဝန်ဆောင် 200 မှာ တစ်ယောက်ခန့် တွေ့ရနိုင်ပါတယ်။

ရောဂါလက္ခဏာနှင့် နောက်ဆက်တွဲဆိုးကျိုးများ

        ကိုယ်ဝန်ဆောင်ကာလ ပထမ 3 လပတ်နှင့် ဒုတိယ 3 လပတ်များတွင် ရံဖန်ရံခါ သွေးဆင်းခြင်းများကို ကြုံတွေ့ရနိုင်ပါတယ်။ သွေးအရောင်ကတော့ အနီရောင်တောက်တောက်ဖြစ်ပြီး ချက်ချင်းဆိုသလိုပြန်ကောင်းသွားတတ်ပါတယ်။ ဒါပေမယ့် ရက်အနည်းငယ်အကြာမှာတော့ တစ်ဖန်ပြန်ပြီးသွေးဆင်းနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ တတိယသုံးလပတ်ရောက်တဲ့အချိန်မှာတော့ ရုတ်တရက်သွေးအများကြီးဆင်းလာနိုင်ပါတယ်။

          အချို့သောကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သားအိမ်ကိုက်ခဲမှုမဖြစ်ဖူးဆိုပေမယ့် တစ်ချို့မှာတော့ သွေးဆင်းချိန်မှာ နာကျင်မှုဝေဒနာကိုခံစားရတတ်ပါတယ်။ အမျိုးသမီး 7-30% ခန့်မှာတော့ လုံးဝသွေးဆင်းခြင်းမရှိပါဘူး။

          သွေးဆင်းရခြင်းအကြောင်းအရင်းမှာ ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ အချင်းမှာသားအိမ်နံရံမှကွာကျလာတာကြောင့် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ တတိယ 3 လပတ်ရောက်တဲ့အချိန်မှာတော့ သားအိမ်နံရံဟာပါးလွှာပြီး သန္ဓေသားကိုနေရာပေးဖို့အတွက် ကျယ်လာရပါတယ်။ အချင်းရှေ့ရောက်တဲ့အနေအထားမှာဆိုရင်တော့ ထိုကဲ့သို့ သားအိမ်နံရံပါးလာတဲ့အချိန်မှာ အချင်းကိုဆွဲဆန့်သလိုဖြစ်တာကြောင့် သားအိမ်နံရံပြဲသွားကာ သွေးထွက်စေတာဖြစ်ပါတယ်။

          ဖြစ်နိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတော့ -

- သွေးထောက်ပံ့မှုမလုံလောက်တာကြောင့် သန္ဓေသားကြီးထွားနှုန်းနှေးကွေးခြင်း

- သန္ဓေသားလောင်း၌ သွေးအားနည်းခြင်း

- အောက်စီဂျင်ရောက်တာ နည်းတာကြောင့် အသက်ရှုမဝခြင်း

- သွေးထွက်လွန်ပါက မိခင်တွင် အသက်အန္တရာယ်စိုးရိမ်ရခြင်း

- သွေးခဲဖြစ်ပေါ်ခြင်းနှင့် ရောဂါပိုးဝင်ခြင်း

- သွေးသွင်းရန်လိုအပ်ခြင်း

          အပြည့်အဝအချင်းရှေ့ရောက်တဲ့အနေအထားမှာဆိုရင် ဗိုက်ခွဲမွေးဖို့ကို ဆရာဝန်မှအကြံပေးပါလိမ့်မယ်။

အချင်းရှေ့ရောက်တာကို ဘယ်လိုစစ်ဆေးမလဲ

        တယ်လီဗီးရှင်းဓာတ်မှန်ရိုက်ခြင်းဖြင့် အချင်းရဲ့အနေအထားကိုသိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ပထမ 3 လပတ် နှောင်းပိုင်းနဲ့ ဒုတိယ 3 လပတ်အစောပိုင်းတွေမှာ တွေ့ရှိတာဆိုပါက သားအိမ်ကြီးလာတာနဲ့အမျှ အချင်းရဲ့တည်နေရာကလည်း ရွေ့သွားနိုင်ပါတယ်။ ဒါကြောင့် တယ်လီဗီးရှင်းဓာတ်မှန်ကို မကြာခဏပြန်ရိုက်ဖို့လိုအပ်နိုင်ပါတယ်။ အနားသတ်အချင်းရှေ့ရောက်တာမျိုးဆိုရင် မွေးခါနီးအချိန်ထိ မသိတာမျိုးတွေဖြစ်တတ်ပါတယ်။ ကိုယ်ဝန်တတိယ 2 လပတ်မှာ နာကျင်မှုမရှိဘဲ သွေးဆင်းတာကလည်း အချင်းရှေ့ရောက်တာဖြစ်နိုင်တယ်လို့ ဖော်ညွှန်းပေးနိုင်ပါတယ်။

          ကိုယ်ဝန် 20 ပတ်မတိုင်မီ အချင်းရှေ့ရောက်နေတဲ့အခြေအနေအများစုဟာ ကိုယ်ဝန်ရင့်လာသည်နှင့် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားလေ့ရှိပါတယ်။ အကယ်၍ အချင်းဟာသန္ဓေသားလောင်းရဲ့ ဦးခေါင်းနောက်ကိုရောက်နေပါကလည်း အချင်းရှေ့ရောက်တာကို မသိလိုက်ဘဲဖြစ်တတ်ပါတယ်။

          အချင်းရှေ့ရောက်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဆရာဝန်မှ လက်ချောင်းကိုအသုံးပြု၍ မိန်းမကိုယ်ကို စမ်းသပ်ခြင်းမျိုးကို ပြုလုပ်လေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အချင်းပြဲသွားပြီး သွေးဆင်းများတာမျိုးဖြစ်တတ်လို့ပါပဲ။

          နာကျင်မှုမရှိဘဲ မိန်းမကိုယ်မှ သွေးဆင်းခြင်းအဖြစ် အခြားလက္ခဏာတွေကတော့ -

- ကိုယ်ဝန်ဒုတိယ 3 လပတ်တွင် အချင်းအောက်ရောက်နေသည်ကို ဝမ်းဗိုက်ဓာတ်မှန်တွင်တွေ့ရှိရခြင်း

- မိန်းမကိုယ်တွင်း တယ်လီဗွီရှင်းဓာတ်မှန်တွင် အချင်းရှေ့ရောက်နေခြင်းတို့ဖြစ်ပါတယ်။

ကုသခြင်းနှင့် ကာကွယ်ခြင်း

        အချင်းရှေ့ရောက်တဲ့အနေအထားကို ကာကွယ်လို့မရဘူးဆိုပေမယ့် ဖြစ်နိုင်ချေမြင့်မားတဲ့ အမျိုးသမီးတွေအနေနဲ့ ဆိုးကျိုးတွေ မခံစားရစေဖို့ကိုတော့ လုပ်ဆောင်နိုင်ပါတယ်။

          အချင်းရှေ့ရောက်တာကို ကုသရာမှာ ရောဂါလက္ခဏာတွေသက်သာစေဖို့နဲ့ ကိုယ်ဝန် 36 ပတ်ပြည့်ဖို့ အဓိကထားလေ့ရှိတယ်။ ကုသခြင်းရဲ့ရည်ရွယ်ချက်မှာ တတ်နိုင်သမျှကိုယ်ဝန်လရင့်ချိန်မှာ အန္တရာယ်မရှိဘဲ ခွဲမွေးဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကုသမှုဟာအောက်ပါအချက်တွေမှာ မူတည်လေ့ရှိပါတယ်။

- သွေးဆင်းမှုအကြိမ်ရေနှင့် ပမာဏ

- အချင်းရှေ့ရောက်မှုအနေအထား

- သားအိမ်ထဲရှိ သန္ဓေသားလောင်းရဲ့ အနေအထား

- သားအိမ်ပြင်ပတွင် သန္ဓေသားအနေနဲ့ အသက်ရှင်နိုင်ချေရှိ/မရှိ

- ကိုယ်ဝန်ဆောင်ဖူးသည့် အကြိမ်အရေအတွက်

- ကလေးမွေးဖို့ ဗိုက်စနာခြင်းရှိ/မရှိ

          အချင်းရှေ့ရောက်တယ်လို့ သိလိုက်တာနဲ့တစ်ပြိုင်နက် ထပ်မံသွေးဆင်းခြင်းနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်ရှားနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေဟာ အိပ်ရာပေါ်မှာသာ လဲလျောင်းနေသင့်ပါတယ်။ သားအိမ်စမ်းသပ်မှုများနဲ့ ကာမစပ်ယှက်မှုတွေဟာ မိန်းမကိုယ်အဝနဲ့ သားအိမ်နံရံကို ထိခိုက်စေနိုင်တာကြောင့် ထိုအပြုအမူတွေကိုရှောင်ကြဉ်သင့်ပါတယ်။

          နေ့စေ့လစေ့ဖြစ်လာပါက (သို့) သွေးဆင်းမှုများပြားလာပါက ခွဲမွေးသင့်ပါတယ်။ ရိုးရိုးမွေးဖွားပါက အချင်းပြဲခြင်းနဲ့ သွေးထွက်လွန်ခြင်းကြောင့် မိခင်ရောကလေးမှာပါ အန္တရာယ်ရှိနိုင်ပါတယ်။

          အချင်းရှေ့ရောက်နေတာကို စောစောစီးစီးကြိုသိပါက ယခင်ကလို မိခင်နှင့်ကလေးအပေါ်မှာ ဒုက္ခမပေးနိုင်တော့ပါဘူး။ အကြီးမားဆုံးအန္တရာယ်ကတော့ သွေးဆင်းများတာကြောင့် နေ့မစေ့ဘဲ ကလေးမွေးနိုင်တာတစ်ခုပဲဖြစ်ပါတယ်။

Credit:Dr. Thinzar Wynn

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top