iMyanmarHouse.com - Best Property Website for Myanmar
×
Credit:7day daily
#Unicode Version
တစ်ကြိမ်တစ်ခါ သမ်းတာလောက် က ပြဿနာမရှိပေမယ့် ဆက် တိုက်ဆိုသလို ခဏခဏ သမ်းေ၀ နေရင်တော့ ကျန်းမာရေးပြဿ နာတစ်ခုခုရှိနေပြီဆိုတာ သိထား ဖို့ လိုပါတယ်။ သမ်းတာပဲအရေး မကြီးဘူးလို့ မမှတ်ယူဘဲ အ ကြောင်းရင်းသိအောင် လုပ်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
အိပ်ရေးမဝခြင်း- တစ်နေ့လုံးသမ်းဝေနေသလို မျက်စိတွေမဖွင့်ချင် လောက်အောင် ဖြစ်နေပြီဆိုရင် အိပ်ရေးမဝတာကြောင့်ဖြစ်ပြီး လုပ်ငန်းပိုင်းစွမ်းဆောင်ရည်ကျ သလို အပြင်သွားတဲ့အခါမှာ လည်း အန္တရာယ်ကို ဖိတ်ခေါ်သ လို ဖြစ်စေနိုင်ပါတယ်။
အိပ်စက်မှုမမှန်ခြင်း - အိပ်ချိန်ကိုရှစ်နာရီလောက်   အိပ်ပေမယ့်လည်း နောက်ရက်တွေမှာ ပင်ပန်းနွမ်းနယ်ပြီး သမ်းဝေတာမျိုးဖြစ်နေရင်တော့   နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့လို့ပဲ  ဖြစ်ပါတယ်။ ဟောက်တာတို့၊ အိပ်နေရင်းနဲ့ အသက်ရှူ  ခဏရပ်ရပ်သွားတာတို့ ကြောင့် ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ကြည့်တာမျိုး လုပ် သင့်ပါတယ်။
သောက်ဆေးများကြောင့်ဖြစ်ခြင်း - ပဋိဇီဝဆေးတစ်ခုခုသောက် ထားတဲ့အခါမျိုးတွေမှာ ငိုက်မျဉ်း ပြီး ခဏခဏသမ်းဝေတာမျိုး လည်း ဖြစ်တတ်ပါတယ်။
ရေဓာတ်ကုန်ခန်းခြင်း - ခန္ဓာ ကိုယ်က နေ့စဉ်လိုအပ်တဲ့ ရေပ မာဏမရရှိဘူးဆိုရင်လည်း သမ်း ဝေနိုင်ပါတယ်။
သွေးလည်ပတ်မှု မကောင်းခြင်း - ခန္ဓာကိုယ်တွင်း သွေးလည်ပတ် မှု မကောင်းရင် ဦးနှောက်တို့၊ နှလုံး တို့ဆီကို လုံလောက်တဲ့အောက် ဆီဂျင်ပမာဏမရောက်ရှိတဲ့အ တွက် ဆက်တိုက်ဆိုသလို သမ်း ဝေပြီး နုံးနေသလို ခံစားရမှာ ဖြစ် ပါတယ်။
Credit:7day daily
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top