iMyanmarHouse.com - Best Property Website for Myanmar
×

ျပည့္ၿဖိဳးတင္းရင္းတဲ့ ရင္သားအလွကို ပိုင္ဆိုင္လိုတာ မိန္းကေလးတိုင္းရဲ႕ ဆႏၵျဖစ္ပါလိမ့္မယ္။ မိန္းကေလးတစ္ေယာက္ရဲ႕ အလွတရားကို ထင္ရွားေပၚလြင္ေစၿပီး ဆြဲေဆာင္မႈရွိေစတဲ့ အရာေတြထဲမွာ ရင္သားက မရွိမျဖစ္ပါ။

သင့္ေကာက္ေၾကာင္းေလး အထင္သား ေပၚလြင္ေစဖို႔ ရင္သားကလည္း ပံ့ပိုးေပးပါတယ္။ ဒါေပမဲ့ တစ္ခ်ိန္မွာ ဒီအလွတရား ဆံုး႐ံႈးသြားမွာကို သင္စိုးရိမ္ ေနပါသလား။ အဆီေတြ၊ ဂလင္းေတြ၊ တြယ္ဆက္ တစ္သွ်ဴးေတြနဲ႔ ဖြဲ႕စည္းထားတဲ့ သင့္ရင္သားဟာ တစ္သွ်ဴးေတြ ေလ်ာ့ရဲလာတဲ့အခါ၊ တစ္သွ်ဴးရဲ႕ က်ဳံ႕ႏိုင္ဆန္႔ႏိုင္တဲ့ စြမ္းအား ေလ်ာ့နည္းလာတဲ့ အခါမ်ဳိးေတြမွာ တြဲက်လာ တတ္ပါတယ္။

မိန္းကေလးအမ်ားစုက ရင္သားတြဲက်လာတာကို မလိုလားၾကသလို သင္တို႔ရဲ႕ အမ်ဳိးသားအေဖာ္ကလည္း ႏွစ္သက္မွာ မဟုတ္ပါဘူး။ ရင္သား တြဲက်တာကို ႏို႔သီးေခါင္းရဲ႕ အေနအထားေပၚ မူတည္ၿပီး ခြဲျခားႏိုင္ပါတယ္။ ႏို႔သီးေခါင္းက ပံုမွန္အေနအထားထက္ အနည္းငယ္ နိမ္႔က်ေနပါက ရင္သား တြဲက်တာ သိပ္မဆိုးပါဘူး။ တကယ္လို႔ ႏို႔သီးေခါင္းေတြက ပံုမွန္ အေနအထားထက္ အလြန္အမင္း နိမ့္က်ၿပီး ေအာက္ဘက္ကို စိုက္ေနရင္ေတာ့ ရင္သားတြဲက်တာ ဆိုးေနပါၿပီ။

ရင္သား တြဲက်ေစေသာ အေၾကာင္းအရာမ်ား

၁။ ကိုယ္အေလးခ်ိန္ က်ဆင္းျခင္း

ကိုယ္အေလးခ်ိန္ က်ဆင္းတာက ရင္သားတြဲက်တာကို ျဖစ္ေစတဲ့ အဓိက အေၾကာင္းရင္းပါ။ ခႏၶာကိုယ္အေလးခ်ိန္ တိုးလာတဲ့အခါ အေရျပားကို က်ယ္ျပန္႔ေအာင္ ဆန္႔ထားတာေၾကာင့္ တင္းတင္းရင္းရင္း ျဖစ္ေစပါတယ္။ ႐ုတ္တရက္ ကိုယ္အေလးခ်ိန္ ေလ်ာ့သြားတဲ့အခါ ခႏၶာကိုယ္ တစ္ခုလံုးက အေရျပားေတြ ေလ်ာ့တြဲလာသလို သင့္ရင္သားေတြလည္း ေလ်ာ့တြဲ လာေစပါတယ္။

၂။ ကမၻာေျမႀကီး ဆြဲငင္အား

ကမၻာေျမႀကီး ဆြဲငင္အားက သင့္ရင္သားကို တြဲက်ေစတယ္ဆုိလို႔ မအံ့ၾသ လိုက္ပါနဲ႔။ ဒါက အမွန္တကယ္ပါပဲ။ ကမ႓ာေျမႀကီး ဆြဲငင္အားက အရာ အားလံုးကုိ ဆြဲထားသလို သင့္ရင္သား ကိုလည္း ဆြဲတာေၾကာင့္ တြဲက် ေစတာပါ။ ရင္သား တစ္သွ်ဴးေတြကို ေလ်ာ့ရဲေစသလို ရင္သားမွာ အေရး ေၾကာင္းေတြကိုပါ ျဖစ္ေပၚေစပါတယ္။

၃။ မီးယပ္ေသြးဆံုးျခင္း

အမ်ဳိးသမီးေတြ ေသြးဆံုးခ်ိန္မွာ အီစထ႐ိုဂ်င္လုိ႔ေခၚတဲ့ မေဟာ္မုန္းဓာတ္ ေလ်ာ့နည္းသြားပါတယ္။ အဲဒီအခ်ိန္မွာ ရင္သားကို တင္းရင္း ျပည့္ၿဖိဳးေစတဲ့ ေကာ္လာဂ်င္ေတြ ေလ်ာ့နည္းသြားၿပီး သင့္ရင္သားကို ေလ်ာ့တြဲလာေစပါတယ္။

၄။ ေလ်ာ့ရဲေသာ ဘရာစီယာ ဝတ္ဆင္ျခင္း

အမ်ဳိးသမီးေတြအတြက္ အေရးႀကီးဆံုးက ဘရာစီယာကို ရင္သား အရြယ္အစား အလိုက္ သင့္ေတာ္တဲ့ ပံုစံအေနအထား ဝတ္ဆင္ဖုိ႔ပါ။ ဘာေၾကာင့္လဲ ဆုိေတာ့ ဘရာစီယာ ပံုစံမွန္မွန္ မဝတ္ဆင္တာက သင့္ရင္သားကို တြဲက်ေစတာေၾကာင့္ပါ။

ဘယ္လုိ ကာကြယ္ရမလဲ

၁။ အစားထုိးျခင္း၊ ခြဲစိတ္ျခင္း

ရင္သားပိုမို ျပည့္ၿဖိဳးေစဖို႔နဲ႔ တင္းတင္းရင္းရင္းရွိေစဖို႔ ရင္သားအစားထိုးျခင္းနဲ႔ ရင္သား ခြဲစိတ္ျပဳျပင္ျခင္းေတြ ျပဳလုပ္လို႔ရပါတယ္။ ရင္သား တြဲက်ေနသူ တစ္ေယာက္အေနနဲ႔ ရင္သားအစားထိုးျခင္းနဲ႔ ရင္သား ခြဲစိတ္ျပဳျပင္ျခင္းေတြ လုပ္တာက တြဲက်ေနတဲ့ ရင္သားကို အျပည့္အဝ မျပဳျပင္ႏိုင္ပါဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ ျပဳျပင္တာဟာ ရင္သား ျပည့္တင္း လာေပမယ့္ ႏို႔သီးေခါင္းကေတာ့ ေအာက္ဆိုက္ ေနႏိုင္ပါတယ္။

၂။ အရြယ္အစားနဲ႔ ကိုက္ညီေသာ ဘရာစီယာ ဝတ္ဆင္ပါ

ရင္သား အရြယ္အစားနဲ႔ ကိုက္ညီၿပီး သင့္ေတာ္တဲ့ ဘရာစီယာ အရြယ္အစားကို ေရြးခ်ယ္ဝယ္ယူကာ ၀တ္ဆင္ပါ။ ကိုယ္ဝန္ေဆာင္ခ်ိန္ နဲ႔ ႏို႔တိုက္ေကၽြးခ်ိန္ေတြက ရင္သားတြဲက်ႏိုင္တာေၾကာင့္ သင့္ေတာ္တဲ့ ဘရာစီယာ ဝတ္ဆင္ေပးဖို႔ ပိုမို အေရးႀကီးပါတယ္။

၃။ သဘာဝကရတဲ့ ေဆး

ဒါေတြကို အသံုးျပဳတာဟာ အႏၲရာယ္အကင္းဆံုး၊ ေငြကုန္ေၾကးက် အသက္သာဆံုးနဲ႔ ခြဲစိတ္စရာမလိုတဲ့ နည္းလမ္းတစ္ခုပါ။ သဘာဝကရတဲ့ အရာေတြနဲ႔ ေဖာ္စပ္ထုတ္လုပ္ထားတဲ့ လိမ္းေဆး၊ ဖ်န္းေဆးေတြ အသံုးျပဳၿပီး သင့္ရင္သား အလွကို ျပဳျပင္ႏိုင္ပါတယ္။ အသင့္ေတာ္ဆံုး နည္းလမ္းျဖစ္ ပါတယ္။

၄။ ႏွိပ္ႏွယ္ေပးျခင္း

သင့္ရင္သားကို ႏွိပ္နယ္ေပးတာက ဆိုးက်ဳိးအႏၲရာယ္ တစ္စံုတစ္ရာ မေပးဘဲ သင့္ရင္သား တြဲက်တာကို ကာကြယ္ေပးႏိုင္ပါတယ္။ ႏွိပ္နယ္ေပးတဲ့အခါ ရင္သားအတြက္ သီးသန္႔ ထုတ္လုပ္ထားတဲ့ အဆီနဲ႔ လိမ္းေဆး ေတြကို အသံုးျပဳၿပီး ႏွိပ္နယ္ေပးပါ။

Credit : nwayhtethtetlin.blogspot.com
Myawady Health
https://www.facebook.com/pg/myawadyhealth
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ပြည့်ဖြိုးတင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါလိမ့်မယ်။ မိန်းကလေးတစ်ယောက်ရဲ့ အလှတရားကို ထင်ရှားပေါ်လွင်စေပြီး ဆွဲဆောင်မှုရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။

သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲလာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်းလာတဲ့ အခါမျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။

မိန်းကလေးအများစုက ရင်သားတွဲကျလာတာကို မလိုလားကြသလို သင်တို့ရဲ့ အမျိုးသားအဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြားနိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန်အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။ တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေအထားထက် အလွန်အမင်း နိမ့်ကျပြီး အောက်ဘက်ကို စိုက်နေရင်တော့ ရင်သားတွဲကျတာ ဆိုးနေပါပြီ။

ရင်သား တွဲကျစေသော အကြောင်းအရာများ

၁။ ကိုယ်အလေးချိန် ကျဆင်းခြင်း

ကိုယ်အလေးချိန် ကျဆင်းတာက ရင်သားတွဲကျတာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ခန္ဓာကိုယ်အလေးချိန် တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားတွေ လျော့တွဲလာသလို သင့်ရင်သားတွေလည်း လျော့တွဲ လာစေပါတယ်။

၂။ ကမ္ဘာမြေကြီး ဆွဲငင်အား

ကမ္ဘာမြေကြီး ဆွဲငင်အားက သင့်ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြ လိုက်ပါနဲ့။ ဒါက အမှန်တကယ်ပါပဲ။ ကမ္ဘာမြေကြီး ဆွဲငင်အားက အရာ အားလုံးကို ဆွဲထားသလို သင့်ရင်သား ကိုလည်း ဆွဲတာကြောင့် တွဲကျ စေတာပါ။ ရင်သား တစ်သျှူးတွေကို လျော့ရဲစေသလို ရင်သားမှာ အရေး ကြောင်းတွေကိုပါ ဖြစ်ပေါ်စေပါတယ်။

၃။ မီးယပ်သွေးဆုံးခြင်း

အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင်လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်းသွားပါတယ်။ အဲဒီအချိန်မှာ ရင်သားကို တင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေ လျော့နည်းသွားပြီး သင့်ရင်သားကို လျော့တွဲလာစေပါတယ်။

၄။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း

အမျိုးသမီးတွေအတွက် အရေးကြီးဆုံးက ဘရာစီယာကို ရင်သား အရွယ်အစား အလိုက် သင့်တော်တဲ့ ပုံစံအနေအထား ဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာက သင့်ရင်သားကို တွဲကျစေတာကြောင့်ပါ။

ဘယ်လို ကာကွယ်ရမလဲ

၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း

ရင်သားပိုမို ပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်းရှိစေဖို့ ရင်သားအစားထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ ပြုလုပ်လို့ရပါတယ်။ ရင်သား တွဲကျနေသူ တစ်ယောက်အနေနဲ့ ရင်သားအစားထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားကို အပြည့်အဝ မပြုပြင်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြုပြင်တာဟာ ရင်သား ပြည့်တင်း လာပေမယ့် နို့သီးခေါင်းကတော့ အောက်ဆိုက် နေနိုင်ပါတယ်။

၂။ အရွယ်အစားနဲ့ ကိုက်ညီသော ဘရာစီယာ ဝတ်ဆင်ပါ

ရင်သား အရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာ အရွယ်အစားကို ရွေးချယ်ဝယ်ယူကာ ဝတ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန် နဲ့ နို့တိုက်ကျွေးချိန်တွေက ရင်သားတွဲကျနိုင်တာကြောင့် သင့်တော်တဲ့ ဘရာစီယာ ဝတ်ဆင်ပေးဖို့ ပိုမို အရေးကြီးပါတယ်။

၃။ သဘာဝကရတဲ့ ဆေး

ဒါတွေကို အသုံးပြုတာဟာ အန္တရာယ်အကင်းဆုံး၊ ငွေကုန်ကြေးကျ အသက်သာဆုံးနဲ့ ခွဲစိတ်စရာမလိုတဲ့ နည်းလမ်းတစ်ခုပါ။ သဘာဝကရတဲ့ အရာတွေနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေ အသုံးပြုပြီး သင့်ရင်သား အလှကို ပြုပြင်နိုင်ပါတယ်။ အသင့်တော်ဆုံး နည်းလမ်းဖြစ် ပါတယ်။

၄။ နှိပ်နှယ်ပေးခြင်း

သင့်ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုးအန္တရာယ် တစ်စုံတစ်ရာ မပေးဘဲ သင့်ရင်သား တွဲကျတာကို ကာကွယ်ပေးနိုင်ပါတယ်။ နှိပ်နယ်ပေးတဲ့အခါ ရင်သားအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေး တွေကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။

Credit : nwayhtethtetlin.blogspot.com
Myawady Health
https://www.facebook.com/pg/myawadyhealth
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top