iMyanmarHouse.com - Best Property Website for Myanmar
×

ဒူး၊ တံေတာင္ဆစ္မည္းတာက အေရးမႀကီးဘူး ထင္ရေပမယ့္ စကတ္တိုနဲ႔ တံေတာင္ဆစ္ေပၚတဲ့ အက်ႌေလးေတြ ၀တ္မယ္ဆိုရင္ေတာ့ ဒူး၊ တံေတာင္ဆစ္ မည္းေနတာေတြက စိတ္ညစ္စရာ ေကာင္းပါတယ္။ ဒူး၊ တံေတာင္ဆစ္မည္းတာေတြ အျမန္ဆံုး ေပ်ာက္ကင္းေစဖုိ႔အတြက္ နည္းလမ္းေကာင္းေလး ေဖာ္ျပလိုက္ပါတယ္။

ဒူး၊ တံေတာင္ဆစ္ ႏွစ္မ်ိဳးစလံုးအတြက္ အသံုး၀င္မယ့္နည္းလမ္းေလးေနာ္..
ႏြားႏို႔အစိမ္းနဲ႔ မုန္႔ဖုတ္ေဆာ္ဒါကို ဆတူေရာပါ။ အေရာက ခပ္ပ်စ္ပ်စ္ေလး ျဖစ္ေလေကာင္းေလးပါပဲ။ ဒူး၊တံေတာင္မည္းတဲ့တ၀ိုက္မွာ လိမ္းေပးပါ။ (၁၀) မိနစ္ေလာက္ၾကာတဲ့အခါ လိမ္းထားတာေတြ ေျခာက္သြားပါလိ္မ့္မယ္။ ၿပီးရင္ေတာ့ ေရေႏြးေႏြးေလးနဲ႔ ေဆးေၾကာေပးပါ။ ေရေတြေျခာက္ေအာင္ သုတ္ေပးၿပီးရင္ေတာ့ အစိုဓါတ္ပါတဲ့ lotion တစ္ခုခုလိမ္းထားေပးပါ။ ေန႔တိုင္းျပဳလုပ္ေပးမယ္ဆိုရင္ေတာ့ တစ္ပတ္ၾကာတဲ့အခါ စိတ္ေက်နပ္စရာ ေကာင္းလွတဲ့ ဒူး၊တံေတာင္ဆစ္ ေဖြးေဖြးေလးေတြကို ရရွိပိုင္ဆိုင္ႏိုင္ပါၿပီ။

မုန္႔ဖုတ္ေဆာ္ဒါ အလြယ္တကူ၀ယ္မရလို႔ မလုပ္ျဖစ္မွာ စိတ္ပူစရာ မလုိပါဘူး။ ဒူး၊တံေတာင္ဆစ္ မည္းတာေတြအတြက္ ေနာက္ထပ္အေကာင္းဆံုး နည္းလမ္းတစ္ခု ရွိပါေသးတယ္။ ဆဲလ္ေသေတြစုၿပီး အေရျပားေျခာက္ေသြ႔တာေၾကာင့္ ျဖစ္ရတဲ့ မည္းျခင္းေတြ ဖယ္ရွားေပးႏုိင္ဖို႔ အစိုဓါတ္ေပးရပါမယ္။ ဒိန္ခ်ဥ္နဲ႔ ရွာလကာရည္အျဖဴတို႔ကို ဆတူေရာၿပီး ဒူး၊တံေတာင္တို႔မွာ သုတ္လိမ္းပါ။ ေျခာက္သြားရင္ေတာ့ ေရေႏြးေႏြးေလးနဲ႔ ေဆးေၾကာေပးပါ။ တစ္ပတ္ကို (၂) ႀကိမ္ ျပဳလုပ္ေပးရံုနဲ႔ လံုေလာက္ၿပီး တစ္ပတ္ေလာက္ၾကာရင္ေတာ့ မည္းတာေတြကို လက္ျပႏႈတ္ဆက္ဖို႔ အသင့္ျဖစ္ေနမွာပါ။
Credit:Momolay

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ဒူး၊ တံတောင်ဆစ်မည်းတာက အရေးမကြီးဘူး ထင်ရပေမယ့် စကတ်တိုနဲ့ တံတောင်ဆစ်ပေါ်တဲ့ အကျႌလေးတွေ ဝတ်မယ်ဆိုရင်တော့ ဒူး၊ တံတောင်ဆစ် မည်းနေတာတွေက စိတ်ညစ်စရာ ကောင်းပါတယ်။ ဒူး၊ တံတောင်ဆစ်မည်းတာတွေ အမြန်ဆုံး ပျောက်ကင်းစေဖို့အတွက် နည်းလမ်းကောင်းလေး ဖော်ပြလိုက်ပါတယ်။

ဒူး၊ တံတောင်ဆစ် နှစ်မျိုးစလုံးအတွက် အသုံးဝင်မယ့်နည်းလမ်းလေးနော်..
နွားနို့အစိမ်းနဲ့ မုန့်ဖုတ်ဆော်ဒါကို ဆတူရောပါ။ အရောက ခပ်ပျစ်ပျစ်လေး ဖြစ်လေကောင်းလေးပါပဲ။ ဒူး၊တံတောင်မည်းတဲ့တဝိုက်မှာ လိမ်းပေးပါ။ (၁၀) မိနစ်လောက်ကြာတဲ့အခါ လိမ်းထားတာတွေ ခြောက်သွားပါလိမ့်မယ်။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးကြောပေးပါ။ ရေတွေခြောက်အောင် သုတ်ပေးပြီးရင်တော့ အစိုဓါတ်ပါတဲ့ lotion တစ်ခုခုလိမ်းထားပေးပါ။ နေ့တိုင်းပြုလုပ်ပေးမယ်ဆိုရင်တော့ တစ်ပတ်ကြာတဲ့အခါ စိတ်ကျေနပ်စရာ ကောင်းလှတဲ့ ဒူး၊တံတောင်ဆစ် ဖွေးဖွေးလေးတွေကို ရရှိပိုင်ဆိုင်နိုင်ပါပြီ။

မုန့်ဖုတ်ဆော်ဒါ အလွယ်တကူဝယ်မရလို့ မလုပ်ဖြစ်မှာ စိတ်ပူစရာ မလိုပါဘူး။ ဒူး၊တံတောင်ဆစ် မည်းတာတွေအတွက် နောက်ထပ်အကောင်းဆုံး နည်းလမ်းတစ်ခု ရှိပါသေးတယ်။ ဆဲလ်သေတွေစုပြီး အရေပြားခြောက်သွေ့တာကြောင့် ဖြစ်ရတဲ့ မည်းခြင်းတွေ ဖယ်ရှားပေးနိုင်ဖို့ အစိုဓါတ်ပေးရပါမယ်။ ဒိန်ချဉ်နဲ့ ရှာလကာရည်အဖြူတို့ကို ဆတူရောပြီး ဒူး၊တံတောင်တို့မှာ သုတ်လိမ်းပါ။ ခြောက်သွားရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးကြောပေးပါ။ တစ်ပတ်ကို (၂) ကြိမ် ပြုလုပ်ပေးရုံနဲ့ လုံလောက်ပြီး တစ်ပတ်လောက်ကြာရင်တော့ မည်းတာတွေကို လက်ပြနှုတ်ဆက်ဖို့ အသင့်ဖြစ်နေမှာပါ။

Credit:Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top