iMyanmarHouse.com - Best Property Website for Myanmar
×

ဆား၀က္ၿခံကို လိမ္းေဆးအမ်ိဳးမ်ိဳး မလိမ္းလိုပဲ သဘာ၀နည္းျဖင့္ ဖယ္ရွားလိုသူမ်ားအတြက္ ေဆးနည္းေလးကို မွ်ေ၀ေပးလိုက္ပါတယ္။

(၁) သြားတိုက္ေဆး(တစ္မ်ိဳးမ်ိဳး)ႏွင့္ အိမ္သံုးဆားကို ခြက္အသန့္တစ္ခုထဲတြင္ အေနေတာ္ေလး ဆတူေရာစပ္ပါ။

(၂) မိမိသံုးေနက် မ်က္ႏွာသစ္ေဆးတစ္မ်ိဳးမ်ိဳးျဖင့္ မ်က္ႏွာကို သန့္စင္ေအာင္ သစ္ပါ။

(၃) ေရာစပ္ထားေသာ ေဆးကို ဆား၀က္ျခံေပၚကို ခပ္ပါးပါးေလး သုတ္လိမ္းေပးပါ။ (အထူၾကီး မလိမ္းရပါ)။ မ်က္စိ၊ ပါးစပ္၊ ႏွာေခါင္းတို့ကို မ၀င္ပါေစႏွင့္။

(၄) သြားတိုက္ေဆးႏွင့္ဆားဓါတ္ေၾကာင့္ လိမ္းထားသည့္ေနရာမွာ အနည္းငယ္ ပူရွိန္းရွိန္း ခံစားရပါမည္။ ခဏဆိုလ််င္ ျပန္ေပ်ာက္မည္။ (၁၅)မိနစ္ခန့္ ထားျပီးလွ်င္ မ်က္ႏွာကို ေရျဖင့္ ေဆးေၾကာသန့္စင္လုိက္ပါ။ (မ်က္ႏွာသစ္ေဆးရည္ သံုးရန္မလိုပါ)

(၅) ေဆးအရွိန္ေၾကာင့္ အျပင္ကို စူထြက္လာသည့္ မွဲ့ေျခာက္ကဲ့သို့ေသာ ဆား၀က္ျခံအမွ်စ္ေလးမ်ားကို လက္ျဖင့္ေသာ္၄င္း၊ မ်က္ႏွာတိုက္ဖတ္ျဖင့္ေသာ္၄င္း၊ သြားပြတ္တံျဖင့္ေသာ္၄င္း ညင္သာစြာ ပြတ္တိုက္ေပးႏိုင္ပါသည္။ (ျပင္းျပင္းထန္ထန္ မတိုက္ရပါ)

(၆) သန့္စင္ျပီးေသာ မ်က္ႏွာအား ေခြ်းေပါက္မက်ယ္ေစရန္ PRAEL Skincare သို့မဟုတ္ တိုနာ(Toner) တစ္ခုခု လိမ္းေပးထားႏိုင္ပါတယ္။

ဒီနည္းကို အနည္းဆံုး တစ္ပတ္တစ္ၾကိမ္ခန့္ ျပဳလုပ္ေပးပါက ဆား၀က္ျခံမ်ား ကင္းစင္ျပီး မ်က္ႏွာကို ေခ်ာမြတ္လွပလာေစပါမည္။

ဆား၀က္ျခံအတြက္ ေရွာင္ရန္မ်ား-
(၁) ညဖက္တြင္ လိမ္းျခယ္စရာ မိတ္ကပ္အမ်ိဳးမ်ိဳး၊ Suncream အမ်ိဳးမ်ိဳးတို့ကို လိမ္းျခယ္ျပီးလွ်င္ မ်က္ႏွာသစ္ျပီးမွ အိပ္ယာ၀င္ပါ။
(၂) ေဆာင္းတြင္းႏွင့္ ေအးတဲ့အခ်ိန္ မ်က္ႏွာမသစ္ႏိုင္လွ်င္ မိတ္ကပ္ဖ်က္ရည္ျဖင့္ ဖ်က္ျပီးမွ အိပ္ယာ၀င္ပါ။

Credit: Saw Noi Nay Saing - Putao
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ဆားဝက်ခြံကို လိမ်းဆေးအမျိုးမျိုး မလိမ်းလိုပဲ သဘာဝနည်းဖြင့် ဖယ်ရှားလိုသူများအတွက် ဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်။

(၁) သွားတိုက်ဆေး(တစ်မျိုးမျိုး)နှင့် အိမ်သုံးဆားကို ခွက်အသန့်တစ်ခုထဲတွင် အနေတော်လေး ဆတူရောစပ်ပါ။
(၂) မိမိသုံးနေကျ မျက်နှာသစ်ဆေးတစ်မျိုးမျိုးဖြင့် မျက်နှာကို သန့်စင်အောင် သစ်ပါ။
(၃) ရောစပ်ထားသော ဆေးကို ဆားဝက်ခြံပေါ်ကို ခပ်ပါးပါးလေး သုတ်လိမ်းပေးပါ။ (အထူကြီး မလိမ်းရပါ)။ မျက်စိ၊ ပါးစပ်၊ နှာခေါင်းတို့ကို မဝင်ပါစေနှင့်။
(၄) သွားတိုက်ဆေးနှင့်ဆားဓါတ်ကြောင့် လိမ်းထားသည့်နေရာမှာ အနည်းငယ် ပူရှိန်းရှိန်း ခံစားရပါမည်။ ခဏဆိုလျျင် ပြန်ပျောက်မည်။ (၁၅)မိနစ်ခန့် ထားပြီးလျှင် မျက်နှာကို ရေဖြင့် ဆေးကြောသန့်စင်လိုက်ပါ။ (မျက်နှာသစ်ဆေးရည် သုံးရန်မလိုပါ)
(၅) ဆေးအရှိန်ကြောင့် အပြင်ကို စူထွက်လာသည့် မှဲ့ခြောက်ကဲ့သို့သော ဆားဝက်ခြံအမျှစ်လေးများကို လက်ဖြင့်သော်၎င်း၊ မျက်နှာတိုက်ဖတ်ဖြင့်သော်၎င်း၊ သွားပွတ်တံဖြင့်သော်၎င်း ညင်သာစွာ ပွတ်တိုက်ပေးနိုင်ပါသည်။ (ပြင်းပြင်းထန်ထန် မတိုက်ရပါ)
(၆) သန့်စင်ပြီးသော မျက်နှာအား ချွေးပေါက်မကျယ်စေရန် PRAEL Skincare သို့မဟုတ် တိုနာ(Toner) တစ်ခုခု လိမ်းပေးထားနိုင်ပါတယ်။
ဒီနည်းကို အနည်းဆုံး တစ်ပတ်တစ်ကြိမ်ခန့် ပြုလုပ်ပေးပါက ဆားဝက်ခြံများ ကင်းစင်ပြီး မျက်နှာကို ချောမွတ်လှပလာစေပါမည်။

ဆားဝက်ခြံအတွက် ရှောင်ရန်များ-
(၁) ညဖက်တွင် လိမ်းခြယ်စရာ မိတ်ကပ်အမျိုးမျိုး၊ Suncream အမျိုးမျိုးတို့ကို လိမ်းခြယ်ပြီးလျှင် မျက်နှာသစ်ပြီးမှ အိပ်ယာဝင်ပါ။
(၂) ဆောင်းတွင်းနှင့် အေးတဲ့အချိန် မျက်နှာမသစ်နိုင်လျှင် မိတ်ကပ်ဖျက်ရည်ဖြင့် ဖျက်ပြီးမှ အိပ်ယာဝင်ပါ။

Credit: Saw Noi Nay Saing - Putao
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top