iMyanmarHouse.com - Best Property Website for Myanmar
×

          ဦးေရျပားယားယံေျခာက္ေသြ႔ေနပါက ေခါင္းေလွ်ာ္ရည္ထဲကို သၾကားလက္ဖက္ရည္ဇြန္းတစ္ဇြန္းထည့္၍ လက္ေခ်ာင္းထိပ္မ်ားျဖင့္ ဦးေရျပားကို ညင္သာစြာ ႏွိပ္နယ္ေပးပါ။ ၾကမ္းၾကမ္းတမ္းတမ္းေတာ့ မပြတ္ပါနဲ႔။ သၾကားဟာ ဆဲလ္ေသေတြကို ျဖည္းညင္းစြာဖယ္ရွားေပးရင္းနဲ႔ တျဖည္းျဖည္းေပ်ာ္ဝင္သြားတာေၾကာင့္ ဘာအစအနမွ မက်န္ခဲ့ပါဘူး။

          ဦးေရျပားေျခာက္ေသြ႔၍ အဖတ္ေတြကြာရတဲ့အေၾကာင္းအရင္းေတြကေတာ့ ဆံေကသာ ထုတ္ကုန္ေတြနဲ႔ မတည့္ျခင္း၊ အဆီမ်ားစုလာျခင္း၊ ႏွင္းခူ၊ ဆိုရီေယးဆစ္အေရျပားနာတို႔ေၾကာင့္ပဲျဖစ္ပါတယ္။ သၾကားနဲ႔ ဆဲလ္ေသေတြကို ဖယ္ရွားျခင္းေၾကာင့္ ဦးေရျပားဟာ ေအာက္ဆီဂ်င္ပိုမိုရရွိကာ ယားယံတာေတြမျဖစ္ေတာ့ပါဘူး။

          ဦးေရျပားကို သၾကားျဖင့္ပြတ္တုိက္ျခင္းဟာ ေကာင္းက်ိဳးေတြရွိတယ္ ဆိုေပမယ့္လည္း ေန႔စဥ္ေန႔ တုိင္းျပဳလုပ္ဖို႔ေတာ့ မလိုပါဘူး။ တစ္ပတ္လွ်င္ တစ္ႀကိမ္မွ ႏွစ္ႀကိမ္ခန္႔ ထိျပဳလုပ္ႏိုင္ပါတယ္။

          ဒါေပမယ့္ အေရးႀကီးဆံုးအခ်က္ကေတာ့ ဦးေရျပားမေျခာက္ေသြ႔ေစဖုိ႔အတြက္ ဆံပင္ဆိုးေဆး စတဲ့ဓာတုပစၥည္းအျပင္းစားေတြနဲ႔ မထိေတြ႔မိေအာင္ေရွာင္ၾကဥ္ဖို႔ပဲျဖစ္ပါတယ္။ အကယ္၍ အေျခအေနက မထူးျခားဘူးဆုိပါက အေရျပားအထူးကုဆရာဝန္ႏွင့္တုိင္ပင္၍ အေၾကာင္းအရင္းကို ရွာေဖြဖို႔လိုအပ္ပါတယ္။

 Credit:Dr. Thinzar Wynn

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
          ဦးရေပြားယားယံခြောက်သွေ့နေပါက ခေါင်းလျှော်ရည်ထဲကို သကြားလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်၍ လက်ချောင်းထိပ်များဖြင့် ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်းတော့ မပွတ်ပါနဲ့။ သကြားဟာ ဆဲလ်သေတွေကို ဖြည်းညင်းစွာဖယ်ရှားပေးရင်းနဲ့ တဖြည်းဖြည်းပျော်ဝင်သွားတာကြောင့် ဘာအစအနမှ မကျန်ခဲ့ပါဘူး။

          ဦးရေပြားခြောက်သွေ့၍ အဖတ်တွေကွာရတဲ့အကြောင်းအရင်းတွေကတော့ ဆံကေသာ ထုတ်ကုန်တွေနဲ့ မတည့်ခြင်း၊ အဆီများစုလာခြင်း၊ နှင်းခူ၊ ဆိုရီယေးဆစ်အရေပြားနာတို့ကြောင့်ပဲဖြစ်ပါတယ်။ သကြားနဲ့ ဆဲလ်သေတွေကို ဖယ်ရှားခြင်းကြောင့် ဦးရေပြားဟာ အောက်ဆီဂျင်ပိုမိုရရှိကာ ယားယံတာတွေမဖြစ်တော့ပါဘူး။

          ဦးရေပြားကို သကြားဖြင့်ပွတ်တိုက်ခြင်းဟာ ကောင်းကျိုးတွေရှိတယ် ဆိုပေမယ့်လည်း နေ့စဉ်နေ့ တိုင်းပြုလုပ်ဖို့တော့ မလိုပါဘူး။ တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်ခန့် ထိပြုလုပ်နိုင်ပါတယ်။

          ဒါပေမယ့် အရေးကြီးဆုံးအချက်ကတော့ ဦးရေပြားမခြောက်သွေ့စေဖို့အတွက် ဆံပင်ဆိုးဆေး စတဲ့ဓာတုပစ္စည်းအပြင်းစားတွေနဲ့ မထိတွေ့မိအောင်ရှောင်ကြဉ်ဖို့ပဲဖြစ်ပါတယ်။ အကယ်၍ အခြေအနေက မထူးခြားဘူးဆိုပါက အရေပြားအထူးကုဆရာဝန်နှင့်တိုင်ပင်၍ အကြောင်းအရင်းကို ရှာဖွေဖို့လိုအပ်ပါတယ်။

 Credit:Dr. Thinzar Wynn

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top