iMyanmarHouse.com - Best Property Website for Myanmar
×

 
ပီယ လက္စြပ္ အေၾကာင္းသည္ အလြန္ လွ်ိဳ႕ဝွက္ နက္နဲေသာ ေလာကီ ပညာရပ္ျဖစ္ပါသည္။ သို႔ေသာ္ ေအာက္ လမ္းနည္း မဟုတ္ပါ။ အထက္လမ္းနည္း ျဖစ္ပါသည္။ အထက္နည္းျဖင့္ ပီယသိဒ ၶိကို ရရွိေသာသူမ်ားသည္ ထို တန္ခိုးကို အလြဲသံုးစား လုပ္ေလ့မရွိပါ။

သစၥာေစာင့္သိ ရိုေသစြာ ေစာင့္ထိန္းလွ်င္ အထြတ္ အထိပ္ တုိင္ေအာင္ ေပါက္ေျမာက္ေအာင္ပါသည္။ အလြဲသံုးစားျပဳမိပါက ဘဝ တြင္သာ အရွက္တစ္ကြဲ အက်ိဳးနည္းစြာ နစ္နာ ဆံုးရံႈးမႈႀကီးႀကံဳရျခင္း၊ အာကာလ မရဏ (သို႔မဟုတ္) ဥပေစၥတက ကံျဖင့္ ေသေၾက ပ်က္စီးရျခင္းမ်ိဳးျဖစ္ရံုမက၊ ေသဆံုးၿပီးေနာက္ အဝီစိ ငရဲသို႔ ေဇာက္ထိုး က်တတ္ေလသည္။

ပီယလက္စြပ္ ကုိ အဂၢိရတ္ ဆရာမ်ားသာျပဳလုပ္ႏုိင္ပါသည္။ ဖိုထိုးေသာ ဆရာမ်ားသာ လုပ္၍ ရပါသည္။ အမွန္ကား ပီယ လက္စြပ္သည္ ဓာတ္လံုး လက္စြပ္ပင္ျဖစ္ပါသည္။ ဓာတ္ ဝိဇၨာမ်ားသာ သိပါသည္။ အဂၢိရတ္ေလာက မွ ဆင္းသက္ လာေသာ စကားပံု တစ္ပုဒ္ကုိ လူအမ်ားသိၾကားဖူးမည္ ျဖစ္ပါသည္။

 "သံေသ တစ္ေဆြဝ၊ ျပဒါးေသ တစ္ေၿပ (ျပည္) ဝ" ဟူ၏။ အမွန္ က ဤ ဝါက်ႏွစ္ပုဒ္ ၏ ေရွ႕တြင္ ဝါက်တစ္ပုဒ္ ျမဳပ္ထားခ်က္ ရွိခဲ့သည္။ ထို ဝါက်မွာ "သြတ္ေသ ဝိေယဝ" ဟူ၍ ျဖစ္ေလသည္။ အဂၢိရတ္ သမားမ်ား သိ ၾက ပါသည္။ သြတ္ ကို ေသေအာင္ ဖိုထိုးႏုိင္သူမ်ား၊ သြတ္ ဓါတ္လံုးရေအာင္ ထိုးႏုိင္သူမ်ား ခ်စ္ခင္သူ ဝေျပာေၾကာင္း သိၾကပါသည္။

သြတ္ ဓါတ္လံုး လက္စြပ္ ကုိပင္ ပီယ လက္စြပ္ဟု ေခၚပါသည္။ ပီယ လက္စြပ္ မည္မွ် စြမ္းသလဲဟု မေမးႏွင့္။ လူအမ်ား မသိေသာ အဂၢိရတ္ သမိုင္းတစ္ေလွ်ာက္တြင္ သြတ္ ဓါတ္လံုး ပီယ လက္စြပ္ေၾကာင့္ ခ်စ္သူ ဝုိင္း ဝုိင္း လည္သည့္ ပုဂၢိဳလ္ထူးမ်ား အေၾကာင္း ကမၻာ အရပ္ရပ္တြင္လည္း ရွိခဲ့သည္။ ျမန္မာျပည္တြင္လည္း ရွိခဲ့သည္။ ထို ပညာရပ္ကို ေလ့လာ လုိက္စားသူမ်ားသာ အတြင္းက်က် သိၾကပါသည္။

ကမၻာ့႔ အလွ ဘုရင္မႀကီး ကလီယိုပတၱရာ တြင္ ပီယလက္စြပ္ ရွိခဲ့သည္ဟု ထိုေလာကသားတို႔က ဆိုသည္။ ရုရွားျပည္ ဇာဘုရင္ ၏ နန္းေတာ္တြင္းသုိ႔ ဝင္ေရာက္ ျခယ္လွယ္ ခဲ့ေသာ ရပ္(စ္)ပ်ဳတင္ မည္မွ် စြံေၾကာင္း သိသူမ်ားသည္။ သူ႔တြင္ ပီယလက္စြပ္ ရွိေၾကာင္း သိသူရွားေလသည္။ သူသည္ ပီယလက္စြပ္ ရေသာ တန္ဖိုးကို အလြဲသံုးစားျပဳျခင္း၊ ကာေမသုမစၦာကံ ကို အႀကိမ္ႀကိမ္ က်ဴးလြန္ျခင္း၊ သစၥာမဲ့ျခင္း စသည္ တို႔ေၾကာင့္ ဥပေစၥဒကံ ထိုက္ကာ အေသဆိုးနဲ႔ေသခဲ့ရသည္။

 ျမန္မာ့သမုိင္းတြင္ အလြန္ ထင္ရွားေသာ ေလာကီ ပညာကို တစ္ဖက္ကမ္း ခတ္ တတ္ကၽြမ္းသည့္ ရဟန္ႏွစ္ ပါး ရွိခဲ့ဖူးသည္။ ဓမၼဓရ ႏွင့္ ဓမၼဥာဏ တို႔မည္၏။ ေလာကီ ပညာ လုိက္စားသူတိုင္းက ထို ရဟန္းႏွစ္ပါးအနက္ ဓမၼဥာဏ ရဟန္းက ေလာကီ ပညာရပ္တြင္ သိသိ သာသာ ပိုမို လြန္ကဲေၾကာင္း သိၿပီးျဖစ္ပါသည္။

မြန္ဘုရင္ႀကီး ရာဇာဓိရာဇ္ ၏ သမီးေတာ္ ရွင္ေစာပု ကို အင္းဝ ဘုရင္ႏွင့္ လက္ဆက္ေပးခဲ့ရာ မိုးညွင္းမင္းတရား လက္ထက္တြင္ မိဖုရား ဘဝ မေပ်ာ္ပိုက္ေၾကာင္း သတင္းပါး သျဖင့္ မိဖုရား ရွင္ေစာပု ကုိ အင္းဝနန္းေတာ္ မွ ေခၚထုတ္၍ ဟံသာဝတီ အေရာက္ ပို႔ေဆာင္ေပးခဲ့ေၾကာင္း လူအမ်ားသိၿပီး ျဖစ္ပါသည္။ အင္းဝေနျပည္ေတာ္က ဘုရင့္ မိဖုရားကို နန္းေတာ္တြင္းမွ ေခၚထုတ္ၿပီး ကင္း အထပ္ထပ္ကို ေက်ာ္ျဖတ္ကာ ဟံသာဝတီ အေရာက္ ပို႔ေပးႏုိင္သည့္ စြမ္းေဆာင္ခ်က္ကို ေတြးၾကည့္ပါက တန္ခိုးရွင္ မ်ားသာ လုပ္ႏုိင္ေၾကာင္း ျငင္း ဆိုဖြယ္ရာ မရွိၿပီ။

ဤမွ် တန္ခိုးႀကီးေသာ ဓမၼဓရႏွင့္ ဓမၼဥာဏ တို႔ကို ရွင္ေစာပု မြန္ဘုရင္မ ျဖစ္လာေသာ အခါ ခ်ီးေျမွာက္၍ သူေတာ္ေကာင္းျပဳေလသည္။ ထို႔ေနာက္ ထီးေမြနန္းေမြ ဆက္ခံေစရန္ ထိုရဟန္း ႏွစ္ပါး အနက္ တစ္ပါး ကို ေရြးေလသည္။ ဆြမ္းအုပ္ႏွင့္ ေရြးသည္။ မဲ စနစ္ျဖင့္ ေရြးသည္ဟု သာမာန္ အဆိုရွိခဲ့သည္ကုိ ေလာကီပညာ ေလ့လာလိုက္စားသူ တို႔က မယံုၾကည္ၾကေပ။

ခြက္ေပါက္ ပညာ ေခါင္းဖံုးအုပ္ထားသည္ အရာဝတၱဳ မွန္သမွ် ထြင္းေဖာက္ သိျမင္ႏုိင္ေသာ ေလာကီပညာ တတ္ကၽြမ္းသည့္ ထို ရဟန္းႏွစ္ပါးကို ဤနည္းျဖင့္ ေရြး၍ မရေၾကာင္း ထို ရဟန္းႏွစ္ပါး၏ ေလာကီ ပညာ တတ္ကၽြမ္းပံု အေၾကာင္း ဖတ္ဖူးၾကားဖူး သူတုိင္းသိပါသည္။

အမွန္ စင္စစ္ ဓမၼဥာဏ ရဟန္းသည္ ေလာကီ ပညာရပ္တြင္ အမ်ား အားျဖင့္ ဓမၼဓရ ထက္ ပိုမို တတ္ကၽြမ္းေသာ္ လည္း ဓမၼဓရ ကား ဓါတ္လံုး အစြမ္းျဖင့္ ေအာင္ျမင္ ထားေသာ ပီယ လက္စြပ္ရွင္ ျဖစ္ခဲ့သည့္ တစ္ခုတည္းေသာ အားသာခ်က္ေၾကာင့္ မြန္ဘုရင္မ ရွင္ေစာပု ကိုယ္တုိင္လည္း ပိုခ်စ္သည္။ သမီးေတာ္ ကလည္း သူ႔ကိုမွ ပိုခ်စ္သည္။ ထို႔ေၾကာင့္ သူတို႔ ပိုခ်စ္ေသာ ဓမၼဓရ ကိုသာ ေရြးခဲ့သည္။

ဓမၼဓရ ရဟန္းသည္ကား သစၥာ ရွိသည္။ ဘာသာ သာသနာေတာ္ ကို ပို၍ နက္ရႈိင္းသည္။ သူ႔အား မြန္ ဘုရင္ မ ရွင္ေစာပု က ထီးနန္းေပးအပ္ေသာအခါ ဓမၼေစတီမင္း တြင္ေလသည္။ သာသနာျပဳ မင္းတစ္ပါး ျဖစ္ေလ သည္။

သြတ္ ဓါတ္လံုး အေၾကာင္းႏွင့္ ပီယ လက္စြပ္ အေၾကာင္းေတာ့ ေရးျပမွျဖစ္ပါေတာ့မည္။ သို႔ေသာ္ အဂၢိရတ္ပညာဆိုင္ရာ အေသးစိတ္ အခ်က္အလက္မ်ားကိုမူ လူအမ်ား သိရန္ လြယ္မည္ မဟုတ္၍ မေဖာ္ျပေတာ့ပါ။ မီးေသြး တစ္တင္း က်ေအာင္ ဖိုထိုးၿပီးလွ်င္ တစ္လံု က်ပါသည္။

သြတ္ ဓါတ္လံုးရေအာင္ လံုးေပါင္း ၈၄၀၀၀ ၏ ဆယ္ပံု တစ္ပံုျဖစ္ေသာ ၈၄၀၀ က်ေအာင္ အနည္းဆံုး ထိုးရပါသည္။ ဖိုထိုးခန္း ၏ မ်က္ႏွာက်က္တြင္ ပိတ္ျဖဴႏွင့္ အင္းကို အမိုးလုပ္ ထားရပါသည္။ ေက်ာဘက္တြင္လည္း အင္း ကို ပိတ္ျဖဴႏွင့္ ကပ္ထားရပါသည္။ ဖို၏ တည့္တည့္ နံရံတြင္လည္း ပိတ္ျဖဴႏွင့္ ထိုအင္း ကို ကပ္ထားရပါသည္။ အင္းဆံကား ေအာက္ပါ ဂါထာ ပင္ ျဖစ္ပါသည္။




အထက္ပါ ရွင္သီဝလိ ဂါထာေတာ္ ကို အလ်ား (၈) ကြက္ အနံ (၉) ကြက္ အင္းေဘာင္ ခတ္၍ စည္းမ်ဥ္း အတိုင္း ပိတ္ျဖဴတြင္ အင္းခ်ရမည္။ အင္းဆံ စာလံုးသြင္းေသာအခါ လက္ဝဲ မွ လက္ယာ သို႔ အစဥ္ အတိုင္း ေရးသြင္းရပါသည္။

အဆိုပါ အင္းခ် ထားေသာ ဂါထာ ကို ဖိုထိုး သြင္းေသာ အခါ အာရံု သြင္း၍ ရြတ္ဖတ္ရမည္ ။ စ်ာန္ သြင္း၍ ရြတ္ ဖတ္ရင္း ဖုိဆြဲ ရပါမည္။

ဖုိေအာင္ ၍ သြတ္ဓါတ္ စီးေသာ ဓါတ္လံုး ကို လက္စြပ္ျပဳလုပ္ ဝတ္ဆင္ျခင္းျဖင့္ ပီယ လက္စြပ္ျဖစ္လာေလေတာ့ သည္။

ထို ပီယလက္စြပ္ ဆင္ျမန္းသူသည္ ဆန္႔က်င္ဘက္ လိင္ကို ဆြဲေဆာင္ ခ်စ္ခင္ေအာင္ ျပဳလုပ္ရန္ သက္သက္သာမက၊ အျခားအေရးႀကီးေသာ ကိစၥဟူ သမွ်တြင္ အလိုရွိတုိင္း အသံုးျပဳႏုိင္ပါသည္။




    ေစ်းေရာင္းေကာင္းေအာင္ စာသံုးသူ ခ်စ္ခင္လာေစရန္ ျပဳလုပ္ျခင္း။
    စီးပြားေရး လုပ္ငန္းႀကီးမ်ား ပူးေပါင္း လုပ္ရန္ စီးပြားဖက္ကုိ စာခ်ဳပ္ လက္မွတ္ ထိုးေအာင္ ျပဳလုပ္ျခင္း။
    ပါမစ္၊ လုိင္စင္၊ ဗီဇာ၊ ႏုိင္ငံကူး လက္မွတ္ စသည္မ်ား ေလွ်ာက္ထားစဥ္ ခြင့္ျပဳမိန္႔ ခ်မွတ္ေပးသူကို ခ်စ္ခင္၍ ခြင့္ျပဳေစရန္ ျပဳလုပ္ျခင္း။
    မိမိ အလုပ္ရွင္သူေဌး က ခ်စ္ခင္၍ ရာထူး လစာ တိုးေပးေအာင္ ျပဳလုပ္ျခင္း။
    စာေမးပြဲ စစ္သူက ေအာင္မွတ္၊ ဂုဏ္ထူးမွတ္ ေပးေအာင္ ျပဳလုပ္ျခင္း။
    ရာထူးတိုးေပးေအာင္၊ ေနရာေကာင္းတြင္ တာဝန္က်ေအာင္ အထက္အရာရွိက ၾကည့္ရႈေစာင္မေအာင္ ျပဳလုပ္ျခင္း။
    ႏုိင္ငံျခား သြားရေအာင္ ခြင့္ျပဳမည့္ တာဝန္ရွိ ပုဂၢိဳလ္က ခြင့္ျပဳေပးေအာင္ ျပဳလုပ္ျခင္း။


အစရွိေသာ ကိစၥမ်ား အတြက္ ပီယ လက္စြပ္ ပိုင္ရွင္က လုပ္ေပးႏုိင္သည့္ သူမ်ားထံ မ်က္ႏွာခ်င္းဆိုင္ သြားေတြ႕ ရန္ပင္ မလိုဘဲ။ တန္ခိုးႀကီး ဘုရားေရွ႕၌ ငါးပါးသီလ ခံယူ၍ ထိုသူမ်ားကို အာရံုျပဳကာ ပီယ လက္စြပ္ကို လက္ဖဝါးဘက္ အတြင္းဘက္ လွည့္ကာ ဓါတ္လံုး ကို လက္မႏွင့္ ပြတ္၍ ဂါထာ ရြတ္ရံုျဖင့္ လိုရာျပည့္ႏုိင္ပါသည္။

ပီယ လက္စြပ္မွာ ရွားပါးေသာ လက္ဝတ္ ရတနာျဖစ္ပါသည္။ ဤမွ် ရရွိရန္ ခက္ေသာ ရတနာ ကို ေရးညႊန္းျပ ဆုိ၍ လက္ေတြ႕ အလုပ္မျဖစ္ဟု ဆိုခ်င္သူမ်ား ရွိပါမည္။

သို႔ေသာ္ ပီလက္စြပ္ျပဳလုပ္ေသာ ဂါထာ ကို လက္စြပ္ ကဲ့သို႔ သေဘာထားၿပီး ရြတ္ဆို ဆုေတာင္းပါက ပီယလက္စြပ္ ရွိသူမ်ားထံမွ တန္ခိုး ရွိန္ေဆာ္ အာႏုေဘာ္မ်ား ကူးလူးေရာက္ရွိ လာၿပီး ပံ့ပိုး ကူညီေပးပါလိမ့္မည္။ မည္သည့္ စာအုပ္တြင္မွ် ေတြ႕ႏုိင္မည္ မဟုတ္ေသာ ပီယ လက္စြပ္ႏွင့္ ပီယ လက္စြပ္ အတြက္ ရြတ္ဆို ရေသာ ရွင္သီဝလိ ဂါထာေတာ္ကို ဓမၼဒါန အျဖစ္ ျဖန္႔ေဝလုိက္ပါသည္။

ဤ လွ်ိဳ႕ဝွက္ နက္နဲေသာ ေလာကီ ပညာ ဂမၻီရ နည္းနာကို အခ်ိန္တန္၍သာ ကုသိုလ္ အမွ်ေဝ ေပးလွဴ လိုက္ျခင္းျဖစ္ရာ ယံုၾကည္ေလးနက္စြာျဖင့္ လုိက္နာ ေဆာင္ရြက္သူမ်ား အက်ိဳး မ်ားပါေစကုန္သတည္း။

http://sancetanar.blogspot.my/

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

 Credit:သလႅာေမာင္ကုိဦး

#Unicode Version
ပီယ လက်စွပ် အကြောင်းသည် အလွန် လျှို့ဝှက် နက်နဲသော လောကီ ပညာရပ်ဖြစ်ပါသည်။ သို့သော် အောက် လမ်းနည်း မဟုတ်ပါ။ အထက်လမ်းနည်း ဖြစ်ပါသည်။ အထက်နည်းဖြင့် ပီယသိဒ ္ဓိကို ရရှိသောသူများသည် ထို တန်ခိုးကို အလွဲသုံးစား လုပ်လေ့မရှိပါ။

သစ္စာစောင့်သိ ရိုသေစွာ စောင့်ထိန်းလျှင် အထွတ် အထိပ် တိုင်အောင် ပေါက်မြောက်အောင်ပါသည်။ အလွဲသုံးစားပြုမိပါက ဘဝ တွင်သာ အရှက်တစ်ကွဲ အကျိုးနည်းစွာ နစ်နာ ဆုံးရှုံးမှုကြီးကြုံရခြင်း၊ အာကာလ မရဏ (သို့မဟုတ်) ဥပစ္စေတက ကံဖြင့် သေကြေ ပျက်စီးရခြင်းမျိုးဖြစ်ရုံမက၊ သေဆုံးပြီးနောက် အဝီစိ ငရဲသို့ ဇောက်ထိုး ကျတတ်လေသည်။

ပီယလက်စွပ် ကို အဂ္ဂိရတ် ဆရာများသာပြုလုပ်နိုင်ပါသည်။ ဖိုထိုးသော ဆရာများသာ လုပ်၍ ရပါသည်။ အမှန်ကား ပီယ လက်စွပ်သည် ဓာတ်လုံး လက်စွပ်ပင်ဖြစ်ပါသည်။ ဓာတ် ဝိဇ္ဇာများသာ သိပါသည်။ အဂ္ဂိရတ်လောက မှ ဆင်းသက် လာသော စကားပုံ တစ်ပုဒ်ကို လူအများသိကြားဖူးမည် ဖြစ်ပါသည်။

 "သံသေ တစ်ဆွေဝ၊ ပြဒါးသေ တစ်ပြေ (ပြည်) ဝ" ဟူ၏။ အမှန် က ဤ ဝါကျနှစ်ပုဒ် ၏ ရှေ့တွင် ဝါကျတစ်ပုဒ် မြုပ်ထားချက် ရှိခဲ့သည်။ ထို ဝါကျမှာ "သွတ်သေ ဝိယေဝ" ဟူ၍ ဖြစ်လေသည်။ အဂ္ဂိရတ် သမားများ သိ ကြ ပါသည်။ သွတ် ကို သေအောင် ဖိုထိုးနိုင်သူများ၊ သွတ် ဓါတ်လုံးရအောင် ထိုးနိုင်သူများ ချစ်ခင်သူ ဝပြောကြောင်း သိကြပါသည်။

သွတ် ဓါတ်လုံး လက်စွပ် ကိုပင် ပီယ လက်စွပ်ဟု ခေါ်ပါသည်။ ပီယ လက်စွပ် မည်မျှ စွမ်းသလဲဟု မမေးနှင့်။ လူအများ မသိသော အဂ္ဂိရတ် သမိုင်းတစ်လျှောက်တွင် သွတ် ဓါတ်လုံး ပီယ လက်စွပ်ကြောင့် ချစ်သူ ဝိုင်း ဝိုင်း လည်သည့် ပုဂ္ဂိုလ်ထူးများ အကြောင်း ကမ္ဘာ အရပ်ရပ်တွင်လည်း ရှိခဲ့သည်။ မြန်မာပြည်တွင်လည်း ရှိခဲ့သည်။ ထို ပညာရပ်ကို လေ့လာ လိုက်စားသူများသာ အတွင်းကျကျ သိကြပါသည်။

ကမ္ဘာ့ အလှ ဘုရင်မကြီး ကလီယိုပတ္တရာ တွင် ပီယလက်စွပ် ရှိခဲ့သည်ဟု ထိုလောကသားတို့က ဆိုသည်။ ရုရှားပြည် ဇာဘုရင် ၏ နန်းတော်တွင်းသို့ ဝင်ရောက် ခြယ်လှယ် ခဲ့သော ရပ်(စ်)ပျုတင် မည်မျှ စွံကြောင်း သိသူများသည်။ သူ့တွင် ပီယလက်စွပ် ရှိကြောင်း သိသူရှားလေသည်။ သူသည် ပီယလက်စွပ် ရသော တန်ဖိုးကို အလွဲသုံးစားပြုခြင်း၊ ကာမေသုမစ္ဆာကံ ကို အကြိမ်ကြိမ် ကျူးလွန်ခြင်း၊ သစ္စာမဲ့ခြင်း စသည် တို့ကြောင့် ဥပစ္စေဒကံ ထိုက်ကာ အသေဆိုးနဲ့သေခဲ့ရသည်။

 မြန်မာ့သမိုင်းတွင် အလွန် ထင်ရှားသော လောကီ ပညာကို တစ်ဖက်ကမ်း ခတ် တတ်ကျွမ်းသည့် ရဟန်နှစ် ပါး ရှိခဲ့ဖူးသည်။ ဓမ္မဓရ နှင့် ဓမ္မဉာဏ တို့မည်၏။ လောကီ ပညာ လိုက်စားသူတိုင်းက ထို ရဟန်းနှစ်ပါးအနက် ဓမ္မဉာဏ ရဟန်းက လောကီ ပညာရပ်တွင် သိသိ သာသာ ပိုမို လွန်ကဲကြောင်း သိပြီးဖြစ်ပါသည်။

မွန်ဘုရင်ကြီး ရာဇာဓိရာဇ် ၏ သမီးတော် ရှင်စောပု ကို အင်းဝ ဘုရင်နှင့် လက်ဆက်ပေးခဲ့ရာ မိုးညှင်းမင်းတရား လက်ထက်တွင် မိဖုရား ဘဝ မပျော်ပိုက်ကြောင်း သတင်းပါး သဖြင့် မိဖုရား ရှင်စောပု ကို အင်းဝနန်းတော် မှ ခေါ်ထုတ်၍ ဟံသာဝတီ အရောက် ပို့ဆောင်ပေးခဲ့ကြောင်း လူအများသိပြီး ဖြစ်ပါသည်။ အင်းဝနေပြည်တော်က ဘုရင့် မိဖုရားကို နန်းတော်တွင်းမှ ခေါ်ထုတ်ပြီး ကင်း အထပ်ထပ်ကို ကျော်ဖြတ်ကာ ဟံသာဝတီ အရောက် ပို့ပေးနိုင်သည့် စွမ်းဆောင်ချက်ကို တွေးကြည့်ပါက တန်ခိုးရှင် များသာ လုပ်နိုင်ကြောင်း ငြင်း ဆိုဖွယ်ရာ မရှိပြီ။

ဤမျှ တန်ခိုးကြီးသော ဓမ္မဓရနှင့် ဓမ္မဉာဏ တို့ကို ရှင်စောပု မွန်ဘုရင်မ ဖြစ်လာသော အခါ ချီးမြှောက်၍ သူတော်ကောင်းပြုလေသည်။ ထို့နောက် ထီးမွေနန်းမွေ ဆက်ခံစေရန် ထိုရဟန်း နှစ်ပါး အနက် တစ်ပါး ကို ရွေးလေသည်။ ဆွမ်းအုပ်နှင့် ရွေးသည်။ မဲ စနစ်ဖြင့် ရွေးသည်ဟု သာမာန် အဆိုရှိခဲ့သည်ကို လောကီပညာ လေ့လာလိုက်စားသူ တို့က မယုံကြည်ကြပေ။

ခွက်ပေါက် ပညာ ခေါင်းဖုံးအုပ်ထားသည် အရာဝတ္တု မှန်သမျှ ထွင်းဖောက် သိမြင်နိုင်သော လောကီပညာ တတ်ကျွမ်းသည့် ထို ရဟန်းနှစ်ပါးကို ဤနည်းဖြင့် ရွေး၍ မရကြောင်း ထို ရဟန်းနှစ်ပါး၏ လောကီ ပညာ တတ်ကျွမ်းပုံ အကြောင်း ဖတ်ဖူးကြားဖူး သူတိုင်းသိပါသည်။

အမှန် စင်စစ် ဓမ္မဉာဏ ရဟန်းသည် လောကီ ပညာရပ်တွင် အများ အားဖြင့် ဓမ္မဓရ ထက် ပိုမို တတ်ကျွမ်းသော် လည်း ဓမ္မဓရ ကား ဓါတ်လုံး အစွမ်းဖြင့် အောင်မြင် ထားသော ပီယ လက်စွပ်ရှင် ဖြစ်ခဲ့သည့် တစ်ခုတည်းသော အားသာချက်ကြောင့် မွန်ဘုရင်မ ရှင်စောပု ကိုယ်တိုင်လည်း ပိုချစ်သည်။ သမီးတော် ကလည်း သူ့ကိုမှ ပိုချစ်သည်။ ထို့ကြောင့် သူတို့ ပိုချစ်သော ဓမ္မဓရ ကိုသာ ရွေးခဲ့သည်။

ဓမ္မဓရ ရဟန်းသည်ကား သစ္စာ ရှိသည်။ ဘာသာ သာသနာတော် ကို ပို၍ နက်ရှိုင်းသည်။ သူ့အား မွန် ဘုရင် မ ရှင်စောပု က ထီးနန်းပေးအပ်သောအခါ ဓမ္မစေတီမင်း တွင်လေသည်။ သာသနာပြု မင်းတစ်ပါး ဖြစ်လေ သည်။

သွတ် ဓါတ်လုံး အကြောင်းနှင့် ပီယ လက်စွပ် အကြောင်းတော့ ရေးပြမှဖြစ်ပါတော့မည်။ သို့သော် အဂ္ဂိရတ်ပညာဆိုင်ရာ အသေးစိတ် အချက်အလက်များကိုမူ လူအများ သိရန် လွယ်မည် မဟုတ်၍ မဖော်ပြတော့ပါ။ မီးသွေး တစ်တင်း ကျအောင် ဖိုထိုးပြီးလျှင် တစ်လုံ ကျပါသည်။

သွတ် ဓါတ်လုံးရအောင် လုံးပေါင်း ၈၄၀၀၀ ၏ ဆယ်ပုံ တစ်ပုံဖြစ်သော ၈၄၀၀ ကျအောင် အနည်းဆုံး ထိုးရပါသည်။ ဖိုထိုးခန်း ၏ မျက်နှာကျက်တွင် ပိတ်ဖြူနှင့် အင်းကို အမိုးလုပ် ထားရပါသည်။ ကျောဘက်တွင်လည်း အင်း ကို ပိတ်ဖြူနှင့် ကပ်ထားရပါသည်။ ဖို၏ တည့်တည့် နံရံတွင်လည်း ပိတ်ဖြူနှင့် ထိုအင်း ကို ကပ်ထားရပါသည်။ အင်းဆံကား အောက်ပါ ဂါထာ ပင် ဖြစ်ပါသည်။




အထက်ပါ ရှင်သီဝလိ ဂါထာတော် ကို အလျား (၈) ကွက် အနံ (၉) ကွက် အင်းဘောင် ခတ်၍ စည်းမျဉ်း အတိုင်း ပိတ်ဖြူတွင် အင်းချရမည်။ အင်းဆံ စာလုံးသွင်းသောအခါ လက်ဝဲ မှ လက်ယာ သို့ အစဉ် အတိုင်း ရေးသွင်းရပါသည်။

အဆိုပါ အင်းချ ထားသော ဂါထာ ကို ဖိုထိုး သွင်းသော အခါ အာရုံ သွင်း၍ ရွတ်ဖတ်ရမည် ။ ဈာန် သွင်း၍ ရွတ် ဖတ်ရင်း ဖိုဆွဲ ရပါမည်။

ဖိုအောင် ၍ သွတ်ဓါတ် စီးသော ဓါတ်လုံး ကို လက်စွပ်ပြုလုပ် ဝတ်ဆင်ခြင်းဖြင့် ပီယ လက်စွပ်ဖြစ်လာလေတော့ သည်။

ထို ပီယလက်စွပ် ဆင်မြန်းသူသည် ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင် ချစ်ခင်အောင် ပြုလုပ်ရန် သက်သက်သာမက၊ အခြားအရေးကြီးသော ကိစ္စဟူ သမျှတွင် အလိုရှိတိုင်း အသုံးပြုနိုင်ပါသည်။




    ဈေးရောင်းကောင်းအောင် စာသုံးသူ ချစ်ခင်လာစေရန် ပြုလုပ်ခြင်း။
    စီးပွားရေး လုပ်ငန်းကြီးများ ပူးပေါင်း လုပ်ရန် စီးပွားဖက်ကို စာချုပ် လက်မှတ် ထိုးအောင် ပြုလုပ်ခြင်း။
    ပါမစ်၊ လိုင်စင်၊ ဗီဇာ၊ နိုင်ငံကူး လက်မှတ် စသည်များ လျှောက်ထားစဉ် ခွင့်ပြုမိန့် ချမှတ်ပေးသူကို ချစ်ခင်၍ ခွင့်ပြုစေရန် ပြုလုပ်ခြင်း။
    မိမိ အလုပ်ရှင်သူဌေး က ချစ်ခင်၍ ရာထူး လစာ တိုးပေးအောင် ပြုလုပ်ခြင်း။
    စာမေးပွဲ စစ်သူက အောင်မှတ်၊ ဂုဏ်ထူးမှတ် ပေးအောင် ပြုလုပ်ခြင်း။
    ရာထူးတိုးပေးအောင်၊ နေရာကောင်းတွင် တာဝန်ကျအောင် အထက်အရာရှိက ကြည့်ရှုစောင်မအောင် ပြုလုပ်ခြင်း။
    နိုင်ငံခြား သွားရအောင် ခွင့်ပြုမည့် တာဝန်ရှိ ပုဂ္ဂိုလ်က ခွင့်ပြုပေးအောင် ပြုလုပ်ခြင်း။


အစရှိသော ကိစ္စများ အတွက် ပီယ လက်စွပ် ပိုင်ရှင်က လုပ်ပေးနိုင်သည့် သူများထံ မျက်နှာချင်းဆိုင် သွားတွေ့ ရန်ပင် မလိုဘဲ။ တန်ခိုးကြီး ဘုရားရှေ့၌ ငါးပါးသီလ ခံယူ၍ ထိုသူများကို အာရုံပြုကာ ပီယ လက်စွပ်ကို လက်ဖဝါးဘက် အတွင်းဘက် လှည့်ကာ ဓါတ်လုံး ကို လက်မနှင့် ပွတ်၍ ဂါထာ ရွတ်ရုံဖြင့် လိုရာပြည့်နိုင်ပါသည်။

ပီယ လက်စွပ်မှာ ရှားပါးသော လက်ဝတ် ရတနာဖြစ်ပါသည်။ ဤမျှ ရရှိရန် ခက်သော ရတနာ ကို ရေးညွှန်းပြ ဆို၍ လက်တွေ့ အလုပ်မဖြစ်ဟု ဆိုချင်သူများ ရှိပါမည်။

သို့သော် ပီလက်စွပ်ပြုလုပ်သော ဂါထာ ကို လက်စွပ် ကဲ့သို့ သဘောထားပြီး ရွတ်ဆို ဆုတောင်းပါက ပီယလက်စွပ် ရှိသူများထံမှ တန်ခိုး ရှိန်ဆော် အာနုဘော်များ ကူးလူးရောက်ရှိ လာပြီး ပံ့ပိုး ကူညီပေးပါလိမ့်မည်။ မည်သည့် စာအုပ်တွင်မျှ တွေ့နိုင်မည် မဟုတ်သော ပီယ လက်စွပ်နှင့် ပီယ လက်စွပ် အတွက် ရွတ်ဆို ရသော ရှင်သီဝလိ ဂါထာတော်ကို ဓမ္မဒါန အဖြစ် ဖြန့်ဝေလိုက်ပါသည်။

ဤ လျှို့ဝှက် နက်နဲသော လောကီ ပညာ ဂမ္ဘီရ နည်းနာကို အချိန်တန်၍သာ ကုသိုလ် အမျှဝေ ပေးလှူ လိုက်ခြင်းဖြစ်ရာ ယုံကြည်လေးနက်စွာဖြင့် လိုက်နာ ဆောင်ရွက်သူများ အကျိုး များပါစေကုန်သတည်း။


http://sancetanar.blogspot.my/

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 Credit:သလ္လာမောင်ကိုဦး
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top