iMyanmarHouse.com - Best Property Website for Myanmar
×

ဆီနဲ႔ေရ ေရာလို႔မရတဲ့သဘာဝကိုေတာ့ အားလံုး သိၾကၿပီးသားပါ။ ဒါေပမဲ့ ဘာေၾကာင့္ အဲဒီလိုေရာလို႔ မရတာလဲဆိုတာေတာ့ ကၽြန္ေတာ္တို႔ေတြ စဥ္စားမိမယ္မထင္ဘူးဗ်။ ဘာေၾကာင့္လဲဆိုေတာ့ ဟင္းအုိးေတြထဲမွာ ဆီကြက္တာေတြ၊ ေရေပၚမွာ ဆီေဝ့ေနတာေတြ၊ လက္ကိုဆီေပတဲ့အခါ ေရေဆးခ်လို႔ မရတာေတြက ေန႔စဥ္လိုလို ႀကံဳေတြ႔ေနၾကရတာဆိုေတာ့ လူ႔စိတ္လူ႔သဘာဝအရ ဒါဟာ သဘာဝပါပဲလို႔ မွတ္ထား တတ္ၾကတယ္ဗ်။

တကယ္ေတာ့ အဲဒီလိုျဖစ္ရျခင္းရဲ႕ အေၾကာင္းအရင္း ႏွစ္မ်ိဳးရွိတယ္ဆိုပဲ။ ကၽြန္ေတာ္တို႔ ပတ္ဝန္းက်င္မွာရွိတဲ့ အရာဝတၳဳတိုင္းဟာ ေမာ္လီက်ဴး(molecule) လို႔ေခၚတဲ့ အလြန္ကိုေသးငယ္တဲ့ အမႈန္ေသးေသးေလးေတြနဲ႔ ဖြဲ႔စည္းထားတာဗ်။ ဒါေတြေပၚမူတည္ၿပီးေတာ့ ဓာတ္ျပဳတာေတြ၊ တံု႔ျပန္တာေတြ၊ ၿပိဳကြဲတာေတြ၊ ပ်က္စီးတာေတြ၊ ျဖစ္တည္တာေတြ၊ ေပါင္းစည္းတာေတြ၊ မေပါင္းစည္းတာေတြ စတဲ့စတဲ့ မတူညီတဲ့ အေၾကာင္းအခ်က္ေတြ ျဖစ္လာရတာဗ်။ ဆိုလိုတာကေတာ့ဗ်ာ ဖြဲ႔စည္းထားတဲ့ ေမာ္လီက်ဴး အနည္းအမ်ားေပၚ မႈတည္ၿပီးေတာ့ သိပ္သည္းမႈကအစ ကြဲျပားမႈအမ်ိဳးမ်ိဳးျဖစ္ေပၚလာရတယ္ေပါ့ဗ်ာ။

အခုလည္း ေရနဲ႔ဆီက ဖြဲ႔စည္းထားတဲ့ေမာ္လီက်ဴး အနည္းအမ်ားမတူညီၾကဘူးဗ်။ ဘယ္ေလာက္ေတာင္ ကြဲျပားေနလဲဆိုရင္ ေရတစ္ဖန္ခြက္မွာ ေမာ္လီက်ဴးပါဝင္မႈႏႈန္းက စၾကာဝဠာထဲက ၾကယ္ေတြထက္ေတာင္ မ်ားေနတယ္ဆိုပဲဗ်။ ဆီနဲ႔ေရႏိႈင္းယွဥ္ၾကည့္လိုက္ရင္လည္း သိပ္ကို ကြားျခားေနတဲ့အတြက္ ေရထက္ ဆီဟာ သိပ္သည္းဆပိုနည္းသြားတယ္ဗ်။ ဆုိလိုတာက ဆီမွာရွိတဲ့ေမာ္လီက်ဴးက ေရမွာရွိတဲ့ေမာ္လီက်ဴးထက္ နည္းေနတယ္ေပါ့ဗ်ာ။ ဒါေၾကာင့္ ဆီေတြဟာ ဘယ္ေတာ့ပဲၾကည့္ၾကည့္ ေရေပၚမွာ ေပါေလာတက္ေနၾကတာဗ်။

ေနာက္တစ္မ်ိဳးကေတာ့ သူတို႔မွာပါဝင္တဲ့ လွ်ပ္စစ္ဓာတ္အား (charge)ေတြရဲ႕ ဆန္႔က်င္မႈသေဘာေတြေၾကာင့္ ဆိုပဲဗ်။ ဆိုလိုတာကေတာ့ဗ်ာ ေမာ္လီက်ဴးတစ္ခုရဲ႕ အစြန္းတစ္ဖက္မွာ အဖိုဓာတ္ေဆာင္တဲ့ လွ်ပ္စစ္ဓာတ္အား ရွိေနၿပီး အျခားအစြန္းတစ္ဖက္မွာ အမဓာတ္ေဆာင္တဲ့ လွ်ပ္စစ္ဓာတ္အားရွိေနတယ္ေပါ့ဗ်ာ။ ေရရဲ႕ ေမာ္လီက်ဴး ေတြက လွ်ပ္စစ္ဓာတ္အား အဖိုေရာ အမေရာပါတဲ့ အစြန္းႏွစ္ဖက္ရွိ ပိုလာေမာ္လီက်ဴး (polar molecule) ေတြျဖစ္ၿပီး ဆီရဲ႕ ေမာ္လီက်ဴးကေတာ့ လွ်ပ္စစ္အမပတ္လမ္းတစ္ခုသာရွိတဲ့ နန္းပိုလာေမာ္လီက်ဴး (non-polar molecule) ေတြေပါ့ဗ်ာ။

အဲဒီေမာ္လီက်ဴးေတြရဲ႕ထူးျခားခ်က္က မ်ိဳးတူတာခ်င္းပဲ ေပ်ာ္ဝင္ႏိုင္တဲ့ဂုဏ္သတၱိရွိတယ္ဆိုပဲဗ်။ ဒါေၾကာင့္ ေရရဲ႕ပိုလာေမာ္လီက်ဴးနဲ႔ ဆီရဲ႕နန္းပိုလာေမာ္လီက်ဴးတို႔ဟာ မ်ိဳးမတူတဲ့အတြက္ မေပ်ာ္ဝင္ႏိုင္ၾကဘူးေပါ့ဗ်ာ။ ခြက္တစ္ခုထဲမွာ ဆီနဲ႔ေရထည့္ၿပီး ေမႊၾကည့္မယ္ဆိုရင္လည္း ကၽြန္ေတာ္တို႔ ဘယ္ေလာက္ပဲေမႊေမႊ သူတို႔ႏွစ္ခုက ေရာေႏွာသြားျခင္းမရွိဘူးဗ်။ အဲဒီလိုပဲ ဆီေပေနတဲ့အရာေတြကို ေဆးေၾကာတဲ့အခါမွာလည္း ေရခ်ည္းပဲသံုးလို႔ မရဘဲ ဆပ္ျပာတို႔၊ ေၾကးခၽြတ္ေဆးတို႔ သံုးၿပီး ေဆးေၾကာမွသာ အဆင္ေျပတာေပါ့ဗ်ာ။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ဆီနဲ့ရေ ရောလို့မရတဲ့သဘာဝကိုတော့ အားလုံး သိကြပြီးသားပါ။ ဒါပေမဲ့ ဘာကြောင့် အဲဒီလိုရောလို့ မရတာလဲဆိုတာတော့ ကျွန်တော်တို့တွေ စဉ်စားမိမယ်မထင်ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ဟင်းအိုးတွေထဲမှာ ဆီကွက်တာတွေ၊ ရေပေါ်မှာ ဆီဝေ့နေတာတွေ၊ လက်ကိုဆီပေတဲ့အခါ ရေဆေးချလို့ မရတာတွေက နေ့စဉ်လိုလို ကြုံတွေ့နေကြရတာဆိုတော့ လူ့စိတ်လူ့သဘာဝအရ ဒါဟာ သဘာဝပါပဲလို့ မှတ်ထား တတ်ကြတယ်ဗျ။

တကယ်တော့ အဲဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းအရင်း နှစ်မျိုးရှိတယ်ဆိုပဲ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတိုင်းဟာ မော်လီကျူး(molecule) လို့ခေါ်တဲ့ အလွန်ကိုသေးငယ်တဲ့ အမှုန်သေးသေးလေးတွေနဲ့ ဖွဲ့စည်းထားတာဗျ။ ဒါတွေပေါ်မူတည်ပြီးတော့ ဓာတ်ပြုတာတွေ၊ တုံ့ပြန်တာတွေ၊ ပြိုကွဲတာတွေ၊ ပျက်စီးတာတွေ၊ ဖြစ်တည်တာတွေ၊ ပေါင်းစည်းတာတွေ၊ မပေါင်းစည်းတာတွေ စတဲ့စတဲ့ မတူညီတဲ့ အကြောင်းအချက်တွေ ဖြစ်လာရတာဗျ။ ဆိုလိုတာကတော့ဗျာ ဖွဲ့စည်းထားတဲ့ မော်လီကျူး အနည်းအများပေါ် မှုတည်ပြီးတော့ သိပ်သည်းမှုကအစ ကွဲပြားမှုအမျိုးမျိုးဖြစ်ပေါ်လာရတယ်ပေါ့ဗျာ။

အခုလည်း ရေနဲ့ဆီက ဖွဲ့စည်းထားတဲ့မော်လီကျူး အနည်းအများမတူညီကြဘူးဗျ။ ဘယ်လောက်တောင် ကွဲပြားနေလဲဆိုရင် ရေတစ်ဖန်ခွက်မှာ မော်လီကျူးပါဝင်မှုနှုန်းက စကြာဝဠာထဲက ကြယ်တွေထက်တောင် များနေတယ်ဆိုပဲဗျ။ ဆီနဲ့ရေနှိုင်းယှဉ်ကြည့်လိုက်ရင်လည်း သိပ်ကို ကွားခြားနေတဲ့အတွက် ရေထက် ဆီဟာ သိပ်သည်းဆပိုနည်းသွားတယ်ဗျ။ ဆိုလိုတာက ဆီမှာရှိတဲ့မော်လီကျူးက ရေမှာရှိတဲ့မော်လီကျူးထက် နည်းနေတယ်ပေါ့ဗျာ။ ဒါကြောင့် ဆီတွေဟာ ဘယ်တော့ပဲကြည့်ကြည့် ရေပေါ်မှာ ပေါလောတက်နေကြတာဗျ။

နောက်တစ်မျိုးကတော့ သူတို့မှာပါဝင်တဲ့ လျှပ်စစ်ဓာတ်အား (charge)တွေရဲ့ ဆန့်ကျင်မှုသဘောတွေကြောင့် ဆိုပဲဗျ။ ဆိုလိုတာကတော့ဗျာ မော်လီကျူးတစ်ခုရဲ့ အစွန်းတစ်ဖက်မှာ အဖိုဓာတ်ဆောင်တဲ့ လျှပ်စစ်ဓာတ်အား ရှိနေပြီး အခြားအစွန်းတစ်ဖက်မှာ အမဓာတ်ဆောင်တဲ့ လျှပ်စစ်ဓာတ်အားရှိနေတယ်ပေါ့ဗျာ။ ရေရဲ့ မော်လီကျူး တွေက လျှပ်စစ်ဓာတ်အား အဖိုရော အမရောပါတဲ့ အစွန်းနှစ်ဖက်ရှိ ပိုလာမော်လီကျူး (polar molecule) တွေဖြစ်ပြီး ဆီရဲ့ မော်လီကျူးကတော့ လျှပ်စစ်အမပတ်လမ်းတစ်ခုသာရှိတဲ့ နန်းပိုလာမော်လီကျူး (non-polar molecule) တွေပေါ့ဗျာ။

အဲဒီမော်လီကျူးတွေရဲ့ထူးခြားချက်က မျိုးတူတာချင်းပဲ ပျော်ဝင်နိုင်တဲ့ဂုဏ်သတ္တိရှိတယ်ဆိုပဲဗျ။ ဒါကြောင့် ရေရဲ့ပိုလာမော်လီကျူးနဲ့ ဆီရဲ့နန်းပိုလာမော်လီကျူးတို့ဟာ မျိုးမတူတဲ့အတွက် မပျော်ဝင်နိုင်ကြဘူးပေါ့ဗျာ။ ခွက်တစ်ခုထဲမှာ ဆီနဲ့ရေထည့်ပြီး မွှေကြည့်မယ်ဆိုရင်လည်း ကျွန်တော်တို့ ဘယ်လောက်ပဲမွှေမွှေ သူတို့နှစ်ခုက ရောနှောသွားခြင်းမရှိဘူးဗျ။ အဲဒီလိုပဲ ဆီပေနေတဲ့အရာတွေကို ဆေးကြောတဲ့အခါမှာလည်း ရေချည်းပဲသုံးလို့ မရဘဲ ဆပ်ပြာတို့၊ ကြေးချွတ်ဆေးတို့ သုံးပြီး ဆေးကြောမှသာ အဆင်ပြေတာပေါ့ဗျာ။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top