iMyanmarHouse.com - Best Property Website for Myanmar
×









Credit:Myanmarload

#Unicode Version
ဖွေးစိန်လေးလို့ ချစ်စနိုးခေါ်ရလောက်တဲ့ အားလုံးရဲ့ အသဲကျော်မလေး အကယ်ဒမီ ဖွေးဖွေးကတော့ ဘယ်ဇာတ်ရုပ်နဲ့ပဲဖြစ်ဖြစ် ဆေးစက်ကျရာ သရုပ်ဆောင်နိုင်သူလေးပါပဲ။

ဒါရိုက်တာ ဝိုင်းရိုက်ကူးပြီး သူမကိုယ်တိုင်သရုပ်ဆောင်ဖူးတဲ့ အချစ် အမုန်း ရသစုံတဲ့ ဇာတ်လမ်းတိုင်း ပရိသတ်ရင်ကို ထိစေခဲ့သလို နောက်ထွက်မယ့် ဇာတ်ကားသစ်တွေအတွက်လည်း ပရိသတ်တွေကရင်ခုန်စွာစောင့်နေကြတုန်းပါပဲ။

ဖွေးစိန်လေးဟာ မကြာမီမှာလည်း ဖြစ်ရပ်မှန်ဇာတ်ကား တစ်ကားကို ရိုက်ကူးရဦးမှာဖြစ်တယ်လို့ Sunday ဂျာနယ် အင်တာဗျူးမှာ ဖြေသွားပါတယ်။

အဆိုပါဇာတ်လမ်းဟာ အချစ်ဇာတ်လမ်းမဟုတ်ပဲ ယာဉ်တိုက်ခံရမှုကြောင့် သေဆုံးသွားတဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ မစုငယ်ဖြိုးအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားလေးကို ဇူလိုင်မှာ စတင်ရိုက်ကူးမှာဖြစ်ပြီး အသေးစိတ်ကို လူမှုကွန်ရက်ကနေ Live လွှင့်ပြီး ပြောပြမယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်ရွေးချယ်မှုကတော့ ညှိနှိုင်းနေဆဲဖြစ်သလို ကန်တော့ပွဲပေးပြီးရိုက်မှာဖြစ်ပြီး ဇာတ်ညွှန်းကတော့ ခုချိန်ထိ မပြင်ဆင်ရသေးဘူးလို့သိရပါတယ်။

ဒါ့ပြင် “ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ရိုက်ပြီးသကာလ နောက်ရိုက်မယ့် ကားကလည်း ဖွေးအတွက် ထူးခြားပါတယ်။ အခုမေလကုန် အထိနားပြီး စားချင်ရာစား ပျော်သလိုနေပြီးတာနဲ့ နောက်ဇွန်လတစ်လုံးမှာ နောက်ဇာတ်ကောင်ကာရိုက်တာ-ဝင်အောင် ဝိတ်ချဇာတ်ဖတ်ရင်း တစ်လလုံးပြင်ဆင်ရပါမယ်” လို့ ဒါရိုက်တာဝိုင်းက ပြောပါတယ်။

ဖွေးဖွေးကတော့ သူမဟာ ဒါရိုက်တာဝိုင်းလိုပဲ အကယ်ဒမီကို မှန်းပြီးလုပ်လေ့မရှိသလို အလုပ်ကို ပရိသတ်နဲ့ သူမနဲ့ တကယ်ခံစားရမလားဆိုတာကိုပဲ လုပ်တဲ့အကြောင်း ပြောခဲ့ပါတယ်။

ဒီဇာတ်ကားလေးထွက်ရင် အားပေးကြဦးမှာလား ပရိသတ်ကြီးရေ။

Credit:Myanmarload

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top