iMyanmarHouse.com - Best Property Website for Myanmar
×

ပထမဆံုး  first impressionအျပည့္အ၀ရဖို႔လူတစ္ေယာက္မွာဥပဓိရုပ္ကလည္းအေရးပါပါတယ္။ဒါေပမယ့္ မိန္းကေလးတစ္ေယာက္အေနနဲ႔ဘ၀လက္တြဲေဖာ္ရွာေတာ့မယ္ဆိုရင္ေတာ့ရုပ္ရည္ထက္ပိုၿပီးအေရးႀကီးတဲ့ဦးစားေပးေရြးခ်ယ္သင့္တဲ့အခ်က္ေတြရွိေနပါတယ္။ဘယ္လိုအခ်က္ေတြလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

အေမခ်စ္သားမဟုတ္ဘူး

ဒီလိုေျပာလို႔မိဘကိုမိဘမွန္းမသိ၊မိဘနဲ႔သားသမီးၾကားကသံေယာဇဥ္ကိုအသိအမွတ္မျပဳတာမ်ိဳးမဟုတ္ပါဘူး။အရြယ္ေရာက္ၿပီးသားေယာက္်ားတစ္ေယာက္ဟာအရာရာကိုသူ႔ရဲ႕ကိုယ္ပိုင္ဆံုးျဖတ္ခ်က္၊ကိုယ္ပိုင္ရပ္တည္ခ်က္နဲ႔ဘ၀ကိုရွင္သန္ျဖတ္သန္းသင့္ပါတယ္။တခါတေလသားေတြအေပၚထားတဲ့အေမေတြရဲ႕မိဘေမတၱာေတြကအဲဒီသားအတြက္ဆံုးျဖတ္ရခက္တဲ့အေျခအေနအၾကပ္အတည္းေတြျဖစ္ေစပါတယ္။မိခင္ရဲ႕ဦးေဆာင္မႈနဲ႔ရပ္တည္ေနတဲ့ ေယာက္်ားတစ္ေယာက္အတြက္ကိုယ္ပိုင္မိသားစုကိုတစ္ခုကိုဦးေဆာင္ထူေထာင္ႏိုင္ဖို႔အခက္အခဲရွိႏိုင္ပါတယ္။သားမက္နဲ႔ ေယာကၡထီးဆက္ဆံေရးထက္ ေခၽြးမနဲ႔ေယာကၡမဆက္ဆံေရးက ပိုၿပီးကိုင္တြယ္ရခက္ခဲတဲ့အေျခအေနေတြႀကံဳရႏုိင္တယ္ဆိုတာ သတိရပါ။

ခ်စ္ခင္တယ္၊ကာကြယ္ေပးတယ္

မိန္းကေလးေတြ လက္တြဲေဖာ္ရွာတယ္ဆိုတာေယဘုယ်အားျဖင့္ အဲဒီေယာက္်ားကို အားကိုးခ်င္လို႔ျဖစ္ပါတယ္။ဒါေၾကာင့္ သူဟာ ကိုယ့္အတြက္အားကိုးရသူကိုယ့္ကိုကာကြယ္ေပးသူျဖစ္ဖို႔လိုပါတယ္။အခ်စ္မပါတဲ့အိမ္ေထာင္ေရးဟာဆားမပါတဲ့ ဟင္းလို ေပါ့ျပတ္ျပတ္ႏိုင္တယ္ဆိုတာလည္း သိၿပီးသားျဖစ္မွာပါ။ဒါေၾကာင့္ ကိုယ့္ကိုခ်စ္ခင္ျမတ္ႏိုးတဲ့သူျဖစ္ဖို႔လည္း အေရးႀကီးပါေသးတယ္။

စိတ္ဆႏၵျပင္းျပသူ

အိမ္ေထာင္တစ္ခုကိုဦးေဆာင္မယ့္ေယာက္်ားေလးတစ္ေယာက္ဟာအရာရာကိုဦးေဆာင္လိုစိတ္၊မိသားစုအတြက္ခြန္အားေတြေပးႏိုင္တဲ့တက္ၾကြမႈေတြရွိေနသင့္ပါတယ္။အခက္အခဲေတြကိုရင္ဆိုင္ေျဖရွင္းလိုက္ဖို႔စိ္တ္ဆႏၵျပင္းျပေနသူျဖစ္သင့္ပါတယ္။အဲဒီလိုမဟုတ္ဘဲအခက္အခဲေတြ႕တုိင္းစိတ္ပ်က္အားေလ်ာ့ၿပီး ေလးတိေလးကန္ျဖစ္ေနတဲ့အိမ္ေထာင္ဦးစီးေယာက္်ားတစ္ေယာက္ဟာ ေပ်ာ္ရႊင္ခ်မ္းေျမ႕တဲ့မိသားစုကိုတည္ေဆာက္ႏိုင္မွာမဟုတ္လုိ႔ပါပဲ။

ထိန္းခ်ဳပ္တတ္သူမဟုတ္ဘူး

ဦးေဆာင္လိုစိတ္ရွိတာနဲ႔ အရာရာကိုထိန္းခ်ဳပ္ၿပီးသူ႔အစီအစဥ္အတိုင္းလိုက္နာေစတာအဓိပၸာယ္မတူပါဘူး။ေခါင္းေဆာင္နဲ႔ အမိန္႔ေပးသူလိုသိသိသာသာကြဲျပားမႈရွိပါတယ္။မိန္းကေလးတစ္ေယာက္အေနနဲ႔လက္တြဲေဖာ္ေရြးခ်ယ္တဲ့အခါထူးခၽြန္ထက္ျမက္တဲ့ ေယာက္်ားထက္အရည္အခ်င္းျပည့္၀ၿပီးကိုယ္႔ရဲ႕ဘ၀ကိုတိုးတက္ေအာင္ကူညီပံ့ပိုးေပးႏိုင္တဲ့ထိန္းေက်ာင္းလမ္းညႊန္ေပးႏိုင္တဲ့ ေယာက္်ားမ်ိဳးကိုပဲေရြးခ်ယ္သင့္ပါတယ္။

ခံစားခ်က္ေတြကို လ်စ္လ်ဴမရႈဘူး

မ်ားေသာအားျဖင့္ ေယာက္်ားေလးေတြဟာ ေခါင္းရႈပ္မခံႏိုင္ဘူး၊စိတ္ရႈပ္မခံႏိုင္ၾကပါဘူး။ဒါေၾကာင့္ခံစားခ်က္ေတြထက္လက္ေတြ႕ကိုပဲပိုၿပီးဦးစားေပးေလ့ရွိပါတယ္။တခါတေလခံစားခ်က္ေတြကိုလ်စ္လ်ဴရႈခံရတာကလည္းလူရာမ၀င္သလိုခံစားရ ေစပါတယ္။ကိုယ့္ရဲ႕ခံစားခ်က္ကိုပဲဦးစားေပးစဥ္းစားေပးဖို႔ဆိုလိုတာမဟုတ္ေပမယ့္သာယာခ်မ္းေျမ႔တဲ့အိမ္ေထာင္တစ္ခုျဖစ္ဖို႔ ခံစားတတ္တဲ့ႏွလံုးသားနဲ႔ ခံစားခ်က္ေတြကို အသိအမွတ္ျပဳေပးတတ္တဲ့သူျဖစ္ဖို႔လည္းလိုပါတယ္။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ပထမဆုံး  first impressionအပြည့်အဝရဖို့လူတစ်ယောက်မှာဥပဓိရုပ်ကလည်းအရေးပါပါတယ်။ဒါပေမယ့် မိန်းကလေးတစ်ယောက်အနေနဲ့ဘဝလက်တွဲဖော်ရှာတော့မယ်ဆိုရင်တော့ရုပ်ရည်ထက်ပိုပြီးအရေးကြီးတဲ့ဦးစားပေးရွေးချယ်သင့်တဲ့အချက်တွေရှိနေပါတယ်။ဘယ်လိုအချက်တွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

အမေချစ်သားမဟုတ်ဘူး

ဒီလိုပြောလို့မိဘကိုမိဘမှန်းမသိ၊မိဘနဲ့သားသမီးကြားကသံယောဇဉ်ကိုအသိအမှတ်မပြုတာမျိုးမဟုတ်ပါဘူး။အရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်ဟာအရာရာကိုသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ကိုယ်ပိုင်ရပ်တည်ချက်နဲ့ဘဝကိုရှင်သန်ဖြတ်သန်းသင့်ပါတယ်။တခါတလေသားတွေအပေါ်ထားတဲ့အမေတွေရဲ့မိဘမေတ္တာတွေကအဲဒီသားအတွက်ဆုံးဖြတ်ရခက်တဲ့အခြေအနေအကြပ်အတည်းတွေဖြစ်စေပါတယ်။မိခင်ရဲ့ဦးဆောင်မှုနဲ့ရပ်တည်နေတဲ့ ယောက်ျားတစ်ယောက်အတွက်ကိုယ်ပိုင်မိသားစုကိုတစ်ခုကိုဦးဆောင်ထူထောင်နိုင်ဖို့အခက်အခဲရှိနိုင်ပါတယ်။သားမက်နဲ့ ယောက္ခထီးဆက်ဆံရေးထက် ချွေးမနဲ့ယောက္ခမဆက်ဆံရေးက ပိုပြီးကိုင်တွယ်ရခက်ခဲတဲ့အခြေအနေတွေကြုံရနိုင်တယ်ဆိုတာ သတိရပါ။

ချစ်ခင်တယ်၊ကာကွယ်ပေးတယ်

မိန်းကလေးတွေ လက်တွဲဖော်ရှာတယ်ဆိုတာယေဘုယျအားဖြင့် အဲဒီယောက်ျားကို အားကိုးချင်လို့ဖြစ်ပါတယ်။ဒါကြောင့် သူဟာ ကိုယ့်အတွက်အားကိုးရသူကိုယ့်ကိုကာကွယ်ပေးသူဖြစ်ဖို့လိုပါတယ်။အချစ်မပါတဲ့အိမ်ထောင်ရေးဟာဆားမပါတဲ့ ဟင်းလို ပေါ့ပြတ်ပြတ်နိုင်တယ်ဆိုတာလည်း သိပြီးသားဖြစ်မှာပါ။ဒါကြောင့် ကိုယ့်ကိုချစ်ခင်မြတ်နိုးတဲ့သူဖြစ်ဖို့လည်း အရေးကြီးပါသေးတယ်။

စိတ်ဆန္ဒပြင်းပြသူ

အိမ်ထောင်တစ်ခုကိုဦးဆောင်မယ့်ယောက်ျားလေးတစ်ယောက်ဟာအရာရာကိုဦးဆောင်လိုစိတ်၊မိသားစုအတွက်ခွန်အားတွေပေးနိုင်တဲ့တက်ကြွမှုတွေရှိနေသင့်ပါတယ်။အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းလိုက်ဖို့စိတ်ဆန္ဒပြင်းပြနေသူဖြစ်သင့်ပါတယ်။အဲဒီလိုမဟုတ်ဘဲအခက်အခဲတွေ့တိုင်းစိတ်ပျက်အားလျော့ပြီး လေးတိလေးကန်ဖြစ်နေတဲ့အိမ်ထောင်ဦးစီးယောက်ျားတစ်ယောက်ဟာ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုကိုတည်ဆောက်နိုင်မှာမဟုတ်လို့ပါပဲ။

ထိန်းချုပ်တတ်သူမဟုတ်ဘူး

ဦးဆောင်လိုစိတ်ရှိတာနဲ့ အရာရာကိုထိန်းချုပ်ပြီးသူ့အစီအစဉ်အတိုင်းလိုက်နာစေတာအဓိပ္ပာယ်မတူပါဘူး။ခေါင်းဆောင်နဲ့ အမိန့်ပေးသူလိုသိသိသာသာကွဲပြားမှုရှိပါတယ်။မိန်းကလေးတစ်ယောက်အနေနဲ့လက်တွဲဖော်ရွေးချယ်တဲ့အခါထူးချွန်ထက်မြက်တဲ့ ယောက်ျားထက်အရည်အချင်းပြည့်ဝပြီးကိုယ့်ရဲ့ဘဝကိုတိုးတက်အောင်ကူညီပံ့ပိုးပေးနိုင်တဲ့ထိန်းကျောင်းလမ်းညွှန်ပေးနိုင်တဲ့ ယောက်ျားမျိုးကိုပဲရွေးချယ်သင့်ပါတယ်။

ခံစားချက်တွေကို လျစ်လျူမရှုဘူး

များသောအားဖြင့် ယောက်ျားလေးတွေဟာ ခေါင်းရှုပ်မခံနိုင်ဘူး၊စိတ်ရှုပ်မခံနိုင်ကြပါဘူး။ဒါကြောင့်ခံစားချက်တွေထက်လက်တွေ့ကိုပဲပိုပြီးဦးစားပေးလေ့ရှိပါတယ်။တခါတလေခံစားချက်တွေကိုလျစ်လျူရှုခံရတာကလည်းလူရာမဝင်သလိုခံစားရ စေပါတယ်။ကိုယ့်ရဲ့ခံစားချက်ကိုပဲဦးစားပေးစဉ်းစားပေးဖို့ဆိုလိုတာမဟုတ်ပေမယ့်သာယာချမ်းမြေ့တဲ့အိမ်ထောင်တစ်ခုဖြစ်ဖို့ ခံစားတတ်တဲ့နှလုံးသားနဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပေးတတ်တဲ့သူဖြစ်ဖို့လည်းလိုပါတယ်။
Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top