iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီး အမ်ားစုက ဓမၼတာျဖစ္ခ်ိန္မွာ နာက်င္မႈကို ခံစားရေပမယ့္ ထုတ္ေဖာ္ေျပာသင့္တဲ့ အရာတစ္ခုမဟုတ္ဘူးလို႔ ယူဆထားတာေၾကာင့္ ထုတ္ေျပာေလ့မရွိပါဘူး။ အခုေနာက္ပိုင္းမွာေတာ့ ဓမၼတာ လာတဲ့ ရက္ကို အလုပ္ကေန ခြင့္ေပးဖို႔ေတာင္ ေတာင္းဆိုၿပီး ခြင့္ျပဳေနၾကပါၿပီ။

ဓမၼတာ လာတဲ့အခါမွာ အမ်ိဳးသမီး အမ်ားစုက နာက်င္ၾကပါတယ္။ အမ်ားအားျဖင့္ အနာသက္သာေစတဲ့ ေဆးေတြကိုဘဲ သံုးၾကတာမ်ားပါတယ္။ ဒါေၾကာင့္ သဘာ၀နည္းနဲ႔ နာက်င္မႈေတြ ေပ်ာက္ကင္းေစမယ့္ နည္းကို မွ်ေ၀ေပးခ်င္ပါတယ္။

နာက်င္တဲ့ေနရာကို ေရေႏြးပူအိတ္ကပ္ေပးပါ

ပူတာက ၾကြက္သားေတြ တင္းမႈ၊ နာက်င္မႈကို သက္သာေစပါတယ္။ သားအိမ္ရဲ႕ ၾကြက္သားေတြ တင္းမႈေၾကာင့္ ဓမၼတာ နာက်င္တာေတြျဖစ္တာေၾကာင့္ နာက်င္တဲ့ေနရာကို ေရေႏြးပူအိတ္ကပ္ေပးပါ။ အထူးသျဖင့္ ခ်က္ေအာက္ပိုင္းဗိုက္ကို ကပ္ေပးပါ။

ေလ့က်င့္ခန္း လုပ္ေပးပါ။

နာေနတဲ့ၾကားက ဘယ္လို ေလ့က်င့္ခန္းလုပ္ႏုိင္မလဲလို႔ ေတြးမိပါလိမ့္မယ္။ ဟုတ္ပါတယ္။ ဓမၼတာ နာက်င္မႈေတြက တခါတေလ အိပ္ရာကေန မထႏိုင္ေအာင္ နာက်င္တတ္ပါတယ္။ ဒါေပမယ့္ အဆင္ေျပရင္ ေလ့က်င့္ခန္းလုပ္ေပးသင့္ပါတယ္။ ေလ့က်င့္ခန္းက လုပ္ရင္ ခႏၶာကိုယ္က Endorphins ဓာတ္ကို ထုတ္လႊတ္တာေၾကာင့္ နာက်င္မႈေတြကို သက္သာေစပါတယ္။

ဗီတာမင္ D ကို ပိုစားပါ။

သုေတသနေတြအရ ဓမၼတာ နာက်င္မႈေတြနဲ႔ ဗီတာမင္ D တို႔က ဆက္စပ္မႈရွိပါတယ္။ အကယ္၍ ခႏၶာကိုယ္ထဲမွာ ဗီတာမင္ D ေတြမ်ားေနရင္ နာက်င္မႈေတြ သက္သာေစပါတယ္။ အီတလီမွာ ျပဳလုပ္ခဲ့တဲ့ သုေတသနအရ ဓမၼတာ လာခ်ိန္မွာ ဗီတာမင္ D လံုလံုေလာက္ေလာက္ရွိေနတဲ့ အမ်ိဳးသမီးေတြက အရင္က နာက်င္မႈေတြထက္ ၄၁ ရာခိုင္ႏႈန္းေလာက္ေ လ်ာ့က်သြားပါတယ္။

ႏို႔ထြက္ပစၥည္းမ်ား၊ လိေမၼာ္ရည္၊ ပဲႏို႔၊ ၾကက္ဥ၊ တူနာငါး၊ ဆယ္မြန္ငါးစတာေတြ စားေပးရမွာျဖစ္ပါတယ္။

ဂ်င္း

ဂ်င္းက အထူးသျဖင့္ ဓမၼတာ လာခ်ိန္မမွန္မႈေၾကာင့္ နာက်င္ကိုက္ခဲမႈေတြကို ေပ်ာက္ေစပါတယ္။ ဓမၼတာ လာခ်ိန္မမွန္တာလည္း မွန္ေအာင္လုပ္ႏိုင္စြမ္းရွိပါတယ္။ ဂ်င္းကို ေသးေသးေလးေတြ လွီးၿပီး ျပဳတ္လိုက္ပါ။ အရသာေကာင္းေအာင္ ပ်ားရည္နဲ႔ သံပုရာသီး ထည့္ၿပီး ေသာက္လို႔ရပါတယ္။

Credit:Mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အမျိုးသမီး အများစုက ဓမ္မတာဖြစ်ချိန်မှာ နာကျင်မှုကို ခံစားရပေမယ့် ထုတ်ဖော်ပြောသင့်တဲ့ အရာတစ်ခုမဟုတ်ဘူးလို့ ယူဆထားတာကြောင့် ထုတ်ပြောလေ့မရှိပါဘူး။ အခုနောက်ပိုင်းမှာတော့ ဓမ္မတာ လာတဲ့ ရက်ကို အလုပ်ကနေ ခွင့်ပေးဖို့တောင် တောင်းဆိုပြီး ခွင့်ပြုနေကြပါပြီ။

ဓမ္မတာ လာတဲ့အခါမှာ အမျိုးသမီး အများစုက နာကျင်ကြပါတယ်။ အများအားဖြင့် အနာသက်သာစေတဲ့ ဆေးတွေကိုဘဲ သုံးကြတာများပါတယ်။ ဒါကြောင့် သဘာဝနည်းနဲ့ နာကျင်မှုတွေ ပျောက်ကင်းစေမယ့် နည်းကို မျှဝေပေးချင်ပါတယ်။

နာကျင်တဲ့နေရာကို ရေနွေးပူအိတ်ကပ်ပေးပါ

ပူတာက ကြွက်သားတွေ တင်းမှု၊ နာကျင်မှုကို သက်သာစေပါတယ်။ သားအိမ်ရဲ့ ကြွက်သားတွေ တင်းမှုကြောင့် ဓမ္မတာ နာကျင်တာတွေဖြစ်တာကြောင့် နာကျင်တဲ့နေရာကို ရေနွေးပူအိတ်ကပ်ပေးပါ။ အထူးသဖြင့် ချက်အောက်ပိုင်းဗိုက်ကို ကပ်ပေးပါ။

လေ့ကျင့်ခန်း လုပ်ပေးပါ။

နာနေတဲ့ကြားက ဘယ်လို လေ့ကျင့်ခန်းလုပ်နိုင်မလဲလို့ တွေးမိပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဓမ္မတာ နာကျင်မှုတွေက တခါတလေ အိပ်ရာကနေ မထနိုင်အောင် နာကျင်တတ်ပါတယ်။ ဒါပေမယ့် အဆင်ပြေရင် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းက လုပ်ရင် ခန္ဓာကိုယ်က Endorphins ဓာတ်ကို ထုတ်လွှတ်တာကြောင့် နာကျင်မှုတွေကို သက်သာစေပါတယ်။

ဗီတာမင် D ကို ပိုစားပါ။

သုတေသနတွေအရ ဓမ္မတာ နာကျင်မှုတွေနဲ့ ဗီတာမင် D တို့က ဆက်စပ်မှုရှိပါတယ်။ အကယ်၍ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် D တွေများနေရင် နာကျင်မှုတွေ သက်သာစေပါတယ်။ အီတလီမှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ ဓမ္မတာ လာချိန်မှာ ဗီတာမင် D လုံလုံလောက်လောက်ရှိနေတဲ့ အမျိုးသမီးတွေက အရင်က နာကျင်မှုတွေထက် ၄၁ ရာခိုင်နှုန်းလောက်ေ လျာ့ကျသွားပါတယ်။

နို့ထွက်ပစ္စည်းများ၊ လိမ္မော်ရည်၊ ပဲနို့၊ ကြက်ဥ၊ တူနာငါး၊ ဆယ်မွန်ငါးစတာတွေ စားပေးရမှာဖြစ်ပါတယ်။

ဂျင်း

ဂျင်းက အထူးသဖြင့် ဓမ္မတာ လာချိန်မမှန်မှုကြောင့် နာကျင်ကိုက်ခဲမှုတွေကို ပျောက်စေပါတယ်။ ဓမ္မတာ လာချိန်မမှန်တာလည်း မှန်အောင်လုပ်နိုင်စွမ်းရှိပါတယ်။ ဂျင်းကို သေးသေးလေးတွေ လှီးပြီး ပြုတ်လိုက်ပါ။ အရသာကောင်းအောင် ပျားရည်နဲ့ သံပုရာသီး ထည့်ပြီး သောက်လို့ရပါတယ်။

Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top