iMyanmarHouse.com - Best Property Website for Myanmar
×

စကားေျပာေကာင္းတယ္၊ ပြင့္လင္းတယ္၊ ေပါင္းရသင္းရသင္းရေကာင္းလို႔ လူခ်စ္လူခင္မ်ားတယ္ဆုိတဲ့ ဂုဏ္ပုဒ္က ပြင့္ပြင့္လင္းလင္း ေနထုိင္တတ္သူေတြမွာပဲ ေတြ႔ရတတ္တာ။ သူတို႔နဲ႔ေတြ႔ရတာ စိတ္ညစ္စရာမေကာင္းဘူး။ ေကာက္က်စ္တာေတြလည္းမရွိေတာ့ စိတ္ေျဖာင့္ေျဖာင့္ေပါင္းလို႔ရတယ္။ ေျပာစရာ႐ွိလည္း ဒဲ့ေျပာလိုက္ၾကတာပဲ။ သူတုိ႔ကိုၾကည့္ရတာ ေပ်ာ္ေနပံုရေပမဲ့ သူတုိ႔မွာလည္း သူတုိ႔ဒုကၡနဲ႔သူတုိ႔ ႐ွိၾကသတဲ့။
၁။ ႀကိဳတင္စီစဥ္ထားတာေတြ ျဖစ္မလာဘူးဆုိရင္ အႀကီးအက်ယ္ ဝမ္းနည္းတတ္ၾကတယ္။ ေသေသခ်ာခ်ာ ျပင္ဆင္ထားသူဆုိေတာ့ စီစဥ္ထားၿပီးမွ ဖ်က္လိုက္ရရင္ အပီအျပင္ေၾကကြဲၿပီပဲ။

၂။ ေဘာ္ဒါေတြနဲ႔ပဲ ေနခ်င္တယ္။ ကိုယ္တိုင္ကလည္း အေပါင္းအသင္းမက္သူဆိုေတာ့ ဘာပဲလုပ္လုပ္ သူငယ္ခ်င္းေတြကို ေခၚလိုက္ရမွ။ သူတုိ႔ဘက္က ျငင္းလႊတ္ရင္ ကိုယ့္မွာ ဝမ္းနည္းမဆံုးဘူး။

၃။ စကားတစ္ခြန္းေျပာဖုိ႔ စဥ္းစားမေနဘူး။ လႊတ္ခနဲေျပာမိတယ္။ မေျပာသင့္တဲ့စကားေတြပါ လြယ္လြယ္ေျပာမိေရာ။

၄။ လူေတြအာ႐ံုစိုက္တာ ခံရလြန္းေတာ့ တစ္ခါတစ္ခါ ႐ွက္မိပါရဲ႕။ ကိုယ္ကလည္း လူၾကားထဲေရာက္ၿပီဆုိ အၿငိမ္ေနတာမဟုတ္ေတာ့ ကိုယ့္ပဲလိုက္ၾကည့္ေန၊ ေျပာေနၾကတာေလ။

၅။ ပစၥည္း၊ ေငြ၊ အခ်ိန္၊ ခံစားခ်က္ ဘာဆိုဘာမွခ်န္မထားဘူး။ ေဘာ္ဒါေတြနဲ႔အတူ မွ်ေဝလြန္းလို႔ခက္ရတယ္။ ကိုယ္လိုတဲ့အခ်ိန္ ျပန္မရႏိုင္တာ ဆိုးတယ္မဟုတ္လား။

၆။ ဘယ္အဖြဲ႔မွာျဖစ္ျဖစ္ လူစည္ကားေအာင္လုပ္ေပးဖုိ႔ဆို ကိုယ့္ကိုပဲ တာဝန္ေပးၾကတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဒီအလုပ္လုပ္ဖုိ႔ကို ဘယ္သူကမွ အာ႐ံုေနာက္မခံခ်င္ဘူး။ ကိုယ္ကသာ ပါေလရာငပိခ်က္ျဖစ္ေနလို႔ တာဝန္ေပးၾကတာ။

၇။ ေဖ့စ္ဘြတ္နဲ႔ ဗိုင္ဘာက ဂ႐ုေတြမွာ ကိုယ္က အဒ္မင္။ ဂ႐ုေတြဆုိ အမ်ားႀကီးပဲ။ အမွန္ေတာ့ ကိုယ္က သိပ္ၿပီး အားလ်ားေနပုံရလို႔ အဒ္မင္လုပ္ခိုင္းထားတာပါ။ ဘာျဖစ္လာသလဲဆုိရင္ ကိုယ့္အလုပ္ေတြပစ္ၿပီး အဲ့ဒီဂရုေတြကိုပဲ အခ်ိန္ေပးမိသြားတယ္။

၈။ ဘယ္ေနရာမွာ ဘာျဖစ္ေနသလဲဆုိတာလည္း စပ္စုလိုက္ရမွ။ ေဖ့စ္ဘြတ္ေပၚက ရန္ပြဲမွန္သမွ် မသိလိုက္ရဘူးဆုိတာမရွိ။ အျပင္မွာ လူခ်င္းဆံုတဲ့ပြဲတုိင္းကိုလည္း မလြတ္ေစရတဲ့ ပြဲႀကိဳက္ခင္/ပြဲႀကိဳက္ေမာင္ေတြလည္း ျဖစ္ေနျပန္တယ္။

၉။ စကားေျပာရင္ အားပါးတရေျပာေတာ့ အသံကပါ က်ယ္သလိုျဖစ္လာတယ္။ မခံႏိုင္တဲ့လူက ထဆဲေတာ့လည္း ခံလိုက္ရျပန္ေရာ။ လွ်ာ႐ွည္ျခင္းရဲ႕ ေကာင္းက်ိဳးေတြေပါ့။

၁၀။ အေပၚမွာ ျဖစ္ေနတာေတြေရာ ဒီ့ထက္ပိုဆုိးတာေတြေရာ ကိုယ္က မၾကံဳခ်င္ဘူး။ ကိုယ္ခံစားေနရတာ ျဖစ္ေနတာေတြအားလံုးကို မႀကိဳက္လုိ႔ ေျပာင္းလဲခ်င္ေပမဲ့ ကိုယ့္အက်င့္စရိုက္ကိုက ပြင့္ပြင့္လင္းလင္းသမားေလ။ ဘယ္ေတာ့မွ ျပင္လုိ႔မရတာကိုလည္း တစ္ခါတစ္ခါ စိတ္ပ်က္မိပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
စကားပြောကောင်းတယ်၊ ပွင့်လင်းတယ်၊ ပေါင်းရသင်းရသင်းရကောင်းလို့ လူချစ်လူခင်များတယ်ဆိုတဲ့ ဂုဏ်ပုဒ်က ပွင့်ပွင့်လင်းလင်း နေထိုင်တတ်သူတွေမှာပဲ တွေ့ရတတ်တာ။ သူတို့နဲ့တွေ့ရတာ စိတ်ညစ်စရာမကောင်းဘူး။ ကောက်ကျစ်တာတွေလည်းမရှိတော့ စိတ်ဖြောင့်ဖြောင့်ပေါင်းလို့ရတယ်။ ပြောစရာရှိလည်း ဒဲ့ပြောလိုက်ကြတာပဲ။ သူတို့ကိုကြည့်ရတာ ပျော်နေပုံရပေမဲ့ သူတို့မှာလည်း သူတို့ဒုက္ခနဲ့သူတို့ ရှိကြသတဲ့။
၁။ ကြိုတင်စီစဉ်ထားတာတွေ ဖြစ်မလာဘူးဆိုရင် အကြီးအကျယ် ဝမ်းနည်းတတ်ကြတယ်။ သေသေချာချာ ပြင်ဆင်ထားသူဆိုတော့ စီစဉ်ထားပြီးမှ ဖျက်လိုက်ရရင် အပီအပြင်ကြေကွဲပြီပဲ။

၂။ ဘော်ဒါတွေနဲ့ပဲ နေချင်တယ်။ ကိုယ်တိုင်ကလည်း အပေါင်းအသင်းမက်သူဆိုတော့ ဘာပဲလုပ်လုပ် သူငယ်ချင်းတွေကို ခေါ်လိုက်ရမှ။ သူတို့ဘက်က ငြင်းလွှတ်ရင် ကိုယ့်မှာ ဝမ်းနည်းမဆုံးဘူး။

၃။ စကားတစ်ခွန်းပြောဖို့ စဉ်းစားမနေဘူး။ လွှတ်ခနဲပြောမိတယ်။ မပြောသင့်တဲ့စကားတွေပါ လွယ်လွယ်ပြောမိရော။

၄။ လူတွေအာရုံစိုက်တာ ခံရလွန်းတော့ တစ်ခါတစ်ခါ ရှက်မိပါရဲ့။ ကိုယ်ကလည်း လူကြားထဲရောက်ပြီဆို အငြိမ်နေတာမဟုတ်တော့ ကိုယ့်ပဲလိုက်ကြည့်နေ၊ ပြောနေကြတာလေ။

၅။ ပစ္စည်း၊ ငွေ၊ အချိန်၊ ခံစားချက် ဘာဆိုဘာမှချန်မထားဘူး။ ဘော်ဒါတွေနဲ့အတူ မျှဝေလွန်းလို့ခက်ရတယ်။ ကိုယ်လိုတဲ့အချိန် ပြန်မရနိုင်တာ ဆိုးတယ်မဟုတ်လား။

၆။ ဘယ်အဖွဲ့မှာဖြစ်ဖြစ် လူစည်ကားအောင်လုပ်ပေးဖို့ဆို ကိုယ့်ကိုပဲ တာဝန်ပေးကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအလုပ်လုပ်ဖို့ကို ဘယ်သူကမှ အာရုံနောက်မခံချင်ဘူး။ ကိုယ်ကသာ ပါလေရာငပိချက်ဖြစ်နေလို့ တာဝန်ပေးကြတာ။

၇။ ဖေ့စ်ဘွတ်နဲ့ ဗိုင်ဘာက ဂရုတွေမှာ ကိုယ်က အဒ်မင်။ ဂရုတွေဆို အများကြီးပဲ။ အမှန်တော့ ကိုယ်က သိပ်ပြီး အားလျားနေပုံရလို့ အဒ်မင်လုပ်ခိုင်းထားတာပါ။ ဘာဖြစ်လာသလဲဆိုရင် ကိုယ့်အလုပ်တွေပစ်ပြီး အဲ့ဒီဂရုတွေကိုပဲ အချိန်ပေးမိသွားတယ်။

၈။ ဘယ်နေရာမှာ ဘာဖြစ်နေသလဲဆိုတာလည်း စပ်စုလိုက်ရမှ။ ဖေ့စ်ဘွတ်ပေါ်က ရန်ပွဲမှန်သမျှ မသိလိုက်ရဘူးဆိုတာမရှိ။ အပြင်မှာ လူချင်းဆုံတဲ့ပွဲတိုင်းကိုလည်း မလွတ်စေရတဲ့ ပွဲကြိုက်ခင်/ပွဲကြိုက်မောင်တွေလည်း ဖြစ်နေပြန်တယ်။

၉။ စကားပြောရင် အားပါးတရပြောတော့ အသံကပါ ကျယ်သလိုဖြစ်လာတယ်။ မခံနိုင်တဲ့လူက ထဆဲတော့လည်း ခံလိုက်ရပြန်ရော။ လျှာရှည်ခြင်းရဲ့ ကောင်းကျိုးတွေပေါ့။

၁၀။ အပေါ်မှာ ဖြစ်နေတာတွေရော ဒီ့ထက်ပိုဆိုးတာတွေရော ကိုယ်က မကြုံချင်ဘူး။ ကိုယ်ခံစားနေရတာ ဖြစ်နေတာတွေအားလုံးကို မကြိုက်လို့ ပြောင်းလဲချင်ပေမဲ့ ကိုယ့်အကျင့်စရိုက်ကိုက ပွင့်ပွင့်လင်းလင်းသမားလေ။ ဘယ်တော့မှ ပြင်လို့မရတာကိုလည်း တစ်ခါတစ်ခါ စိတ်ပျက်မိပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top