iMyanmarHouse.com - Best Property Website for Myanmar
×

အလွအပဆုိတာ ပစၥည္းေတြအမ်ားႀကီးနဲ႔ ရေအာင္ ထိန္းသိမ္းရတယ္၊ ဖန္တီးရတယ္။ ကိုယ့္ရဲ႕ဆံပင္ေလးေတြ လွပသန္စြမ္းေအာင္လည္း ဂ႐ုစိုက္ရတာပဲ။ ေခါင္းေလွ်ာ္ရည္ကအစ ဘီးအထိ ေသေသခ်ာခ်ာေရြးမွ ဆံပင္အလွေလးကို ထိန္းသိမ္းႏိုင္မွာ။ အဲ့ဒီလို ထိန္းသိမ္းေနေပမဲ့လည္း ဒါေတြကိုလုပ္ေနမိရင္ ဆံပင္အလွေလး ပ်က္စီးရတယ္။

၁။ ေခါင္းေလွ်ာ္ရည္အေရြးမွားျခင္း

ကိုယ့္ရဲ႕ဆံသားကို ေသေသခ်ာခ်ာ သိဖုိ႔လိုပါတယ္။ အဆီျပန္တဲ့ဦးေရလား၊ ေဗာက္ထတတ္သလား၊ ဆံပင္ကၽြတ္ေလ့ရွိသလား စသျဖင့္ ကိုယ့္ဆံပင္အေနအထားအလိုက္ ေခါင္းေလွ်ာ္ရည္ကို ေရြးခ်ယ္ပါ။

၂။ ေခါင္းေလွ်ာ္တဲ့ႀကိမ္ေရ

ပံုမွန္အားျဖင့္ေတာ့ တစ္ပတ္ႏွစ္ႀကိမ္ ေခါင္းေလွ်ာ္ရင္ ရပါၿပီ။ လိုအပ္ခ်က္အရ ေလွ်ာ္ရတာမ်ိဳးေတာ့ ရွိႏိုင္တာေပါ့။ မၾကာခဏ ေခါင္းေလွ်ာ္ေနလို႔ ဆံပင္ေတြပိုေကာင္းလာလိမ့္မယ္မထင္လိုက္နဲ႔။ ပိုဆုိးဖုိ႔ပဲရွိမယ္။ အဆီထြက္တတ္သူဆုိရင္ေတာ့ ၂ ရက္တစ္ႀကိမ္ေလာက္ ေလွ်ာ္ဖုိ႔ လိုပါတယ္။

၃။ ဘာမွမလိမ္းတာ

ဆံပင္ကိုအားျဖည့္ေပးမယ့္ ခရင္မ္၊ ဆီ၊ haircoat စတာေတြကို လိမ္းေပးဖုိ႔လည္း လိုပါတယ္။ ေနပူထဲထြက္တဲ့အခါ ေနေရာင္ျခည္ေၾကာင့္ ဆံပင္ေတြပ်က္စီးတာကို ျပန္အားျဖည့္ရမယ္ေလ။

၄။ အပူခ်ိန္

ေခါင္းေလွ်ာ္တဲ့အခါတိုင္း ေရရဲ႕အပူခ်ိန္ကိုလည္း သတိထားရပါမယ္။ ေရေႏြးနဲ႔ ေခါင္းမေလွ်ာ္သင့္ပါဘူး။ ေရေႏြးနဲ႔ေခါင္းေလွ်ာ္တဲ့အခါ ဆံပင္အေရာင္မြဲေျခာက္လာႏိုင္ပါတယ္။ ေရၾကက္သီးေႏြးထက္ နည္းနည္းေလး ပိုေအးတဲ့ေရကို ေရြးသင့္ပါတယ္။ ဒီလိုဆုိရင္ ဦးေရျပားအဆီျပန္တာလည္း သက္သာေစၿပီး ေၾကး(ဂ်ီး)ေတြလည္း ေျပာင္သြားပါလိမ့္မယ္။

၅။ ေခါင္းၿဖီးရင္စိတ္႐ွည္ပါ

ေခါင္းၿဖီးရင္ ပလတ္စတစ္ဘီးေတြကို မသံုးသင့္ပါဘူး။ ေခါင္းေလွ်ာ္ၿပီးၿပီးခ်င္းမွာလည္း ေခါင္းမၿဖီးရပါဘူး။ ဆံပင္ေတြေျခာက္သြားၿပီဆုိေတာ့မွ လက္ေလးနဲ႔အသာ ထိုးခြဲၿပီး အကန္႔အလိုက္ ျဖည္းျဖည္းခ်င္း ၿဖီးသင္ရပါမယ္။ အဖ်ားေတြကေန စၿဖီးၿပီး အေပၚဘက္ကို တစ္ဆင့္ခ်င္းၿဖီးသင္ရွင္းလင္းရတာ ျဖစ္ပါတယ္။

၆။ အဖ်ားေတြမတိဘဲထားတာ

ဆံပင္အဖ်ားေလးေတြကို ႏွစ္လတစ္ႀကိမ္ ပံုမွန္ တိေပးသင့္ပါတယ္။ ဒါမွသာ ဆံပင္အဖ်ားႏွစ္ခြျဖစ္ျခင္းကေန ေရွာင္ၾကဥ္ႏိုင္မွာပါ။ ဆံပင္လည္း ပိုေကာင္းေစပါတယ္။

၇။ ဒီအတုိင္းအိပ္ျခင္း

ဆံပင္ရွည္တဲ့သူေတြအေနနဲ႔ ဒါကို သတိထားရပါမယ္။ ဆံပင္ကို ဒီအတုိင္းျဖန္႔ၿပီး မအိပ္ရပါဘူး။ ဆံပင္ေတြ က်ိဳးေၾက ႐ႈပ္ပြသြားလို႔ပါပဲ။ မအိပ္ခင္မွာ က်စ္ဆံၿမီးပြပြေလး က်စ္ၿပီးမွ အိပ္မယ္ဆို အိပ္ရာႏိုးလို႔ ဆံပင္ေတြ ရႈပ္ေထြးေနတာ မျဖစ္ေတာ့ဘူးေလ။

Credit:Duwun


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

အလှအပဆိုတာ ပစ္စည်းတွေအများကြီးနဲ့ ရအောင် ထိန်းသိမ်းရတယ်၊ ဖန်တီးရတယ်။ ကိုယ့်ရဲ့ဆံပင်လေးတွေ လှပသန်စွမ်းအောင်လည်း ဂရုစိုက်ရတာပဲ။ ခေါင်းလျှော်ရည်ကအစ ဘီးအထိ သေသေချာချာရွေးမှ ဆံပင်အလှလေးကို ထိန်းသိမ်းနိုင်မှာ။ အဲ့ဒီလို ထိန်းသိမ်းနေပေမဲ့လည်း ဒါတွေကိုလုပ်နေမိရင် ဆံပင်အလှလေး ပျက်စီးရတယ်။

၁။ ခေါင်းလျှော်ရည်အရွေးမှားခြင်း

ကိုယ့်ရဲ့ဆံသားကို သေသေချာချာ သိဖို့လိုပါတယ်။ အဆီပြန်တဲ့ဦးရေလား၊ ဗောက်ထတတ်သလား၊ ဆံပင်ကျွတ်လေ့ရှိသလား စသဖြင့် ကိုယ့်ဆံပင်အနေအထားအလိုက် ခေါင်းလျှော်ရည်ကို ရွေးချယ်ပါ။

၂။ ခေါင်းလျှော်တဲ့ကြိမ်ရေ

ပုံမှန်အားဖြင့်တော့ တစ်ပတ်နှစ်ကြိမ် ခေါင်းလျှော်ရင် ရပါပြီ။ လိုအပ်ချက်အရ လျှော်ရတာမျိုးတော့ ရှိနိုင်တာပေါ့။ မကြာခဏ ခေါင်းလျှော်နေလို့ ဆံပင်တွေပိုကောင်းလာလိမ့်မယ်မထင်လိုက်နဲ့။ ပိုဆိုးဖို့ပဲရှိမယ်။ အဆီထွက်တတ်သူဆိုရင်တော့ ၂ ရက်တစ်ကြိမ်လောက် လျှော်ဖို့ လိုပါတယ်။

၃။ ဘာမှမလိမ်းတာ

ဆံပင်ကိုအားဖြည့်ပေးမယ့် ခရင်မ်၊ ဆီ၊ haircoat စတာတွေကို လိမ်းပေးဖို့လည်း လိုပါတယ်။ နေပူထဲထွက်တဲ့အခါ နေရောင်ခြည်ကြောင့် ဆံပင်တွေပျက်စီးတာကို ပြန်အားဖြည့်ရမယ်လေ။

၄။ အပူချိန်

ခေါင်းလျှော်တဲ့အခါတိုင်း ရေရဲ့အပူချိန်ကိုလည်း သတိထားရပါမယ်။ ရေနွေးနဲ့ ခေါင်းမလျှော်သင့်ပါဘူး။ ရေနွေးနဲ့ခေါင်းလျှော်တဲ့အခါ ဆံပင်အရောင်မွဲခြောက်လာနိုင်ပါတယ်။ ရေကြက်သီးနွေးထက် နည်းနည်းလေး ပိုအေးတဲ့ရေကို ရွေးသင့်ပါတယ်။ ဒီလိုဆိုရင် ဦးရေပြားအဆီပြန်တာလည်း သက်သာစေပြီး ကြေး(ဂျီး)တွေလည်း ပြောင်သွားပါလိမ့်မယ်။

၅။ ခေါင်းဖြီးရင်စိတ်ရှည်ပါ

ခေါင်းဖြီးရင် ပလတ်စတစ်ဘီးတွေကို မသုံးသင့်ပါဘူး။ ခေါင်းလျှော်ပြီးပြီးချင်းမှာလည်း ခေါင်းမဖြီးရပါဘူး။ ဆံပင်တွေခြောက်သွားပြီဆိုတော့မှ လက်လေးနဲ့အသာ ထိုးခွဲပြီး အကန့်အလိုက် ဖြည်းဖြည်းချင်း ဖြီးသင်ရပါမယ်။ အဖျားတွေကနေ စဖြီးပြီး အပေါ်ဘက်ကို တစ်ဆင့်ချင်းဖြီးသင်ရှင်းလင်းရတာ ဖြစ်ပါတယ်။

၆။ အဖျားတွေမတိဘဲထားတာ

ဆံပင်အဖျားလေးတွေကို နှစ်လတစ်ကြိမ် ပုံမှန် တိပေးသင့်ပါတယ်။ ဒါမှသာ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းကနေ ရှောင်ကြဉ်နိုင်မှာပါ။ ဆံပင်လည်း ပိုကောင်းစေပါတယ်။

၇။ ဒီအတိုင်းအိပ်ခြင်း

ဆံပင်ရှည်တဲ့သူတွေအနေနဲ့ ဒါကို သတိထားရပါမယ်။ ဆံပင်ကို ဒီအတိုင်းဖြန့်ပြီး မအိပ်ရပါဘူး။ ဆံပင်တွေ ကျိုးကြေ ရှုပ်ပွသွားလို့ပါပဲ။ မအိပ်ခင်မှာ ကျစ်ဆံမြီးပွပွလေး ကျစ်ပြီးမှ အိပ်မယ်ဆို အိပ်ရာနိုးလို့ ဆံပင်တွေ ရှုပ်ထွေးနေတာ မဖြစ်တော့ဘူးလေ။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top