iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ရဲ႕အနံ႔အာရံုဟာ အဲ့ဒီလူရဲ႕ ေန႔စဥ္လူေနမႈဘ၀ကို လႊမ္းမိုးႏုိင္ပါတယ္။ ဒါ့အျပင္္ဆန္႔က်င္ဘက္လိင္ကို
စြဲေဆာင္တဲ့ ေနရာမွာလည္း အလြန္အေရးပါပါတယ္။ လူတစ္ေယာက္ရဲ႕ ရနံ႔အာရံုဟာေန႔စဥ္လူေနမႈဘ၀ရဲ႕ ဆံုးျဖတ္
ခ်က္၊ခံစားခ်က္နဲ႔မွတ္ဥာဏ္ေတြအတြက္ အေရးႀကီးတဲ့ အခန္းက႑ကေနပါ၀င္ေနပါတယ္။ ဒါ့အျပင္ ရနံ႔အာရံုနဲ႔
မွတ္ဥာဏ္ဟာ နီးနီးကပ္ကပ္ဆက္္စပ္ေနပါတယ္္။ ေလ့လာမႈေတြအရလူတစ္ေယာက္ဟာ ရနံ႔တစ္ခုကို ရၿပီးရင္
တစ္ႏွစ္ၾကာၿပီးေနာက္ အဲ့ဒီအနံ႔ကို မွတ္မိႏိုင္ေခ်ဟာ (၆၅) ရာခိုင္ႏႈန္း ရွိပါတယ္။ ဒါေပမယ့္ တစ္ခုခုကုိျမင္ၿပီး
လအနည္းငယ္ေလာက္ၾကာတယ္ ဆိုရင္ပဲ အဲ့ဒီအရာကို မွတ္မိႏိုင္ေခ်ဟာ(၅၀)ရာခိုင္ႏႈန္းသာရွိပါတယ္။ဒါေၾကာင့္
ရနံ႔ဟာ ရုပ္အသြင္အျမင္ထက္ လူ႔စိတ္အာရံုကို ပိုမွတ္မိ စြဲထင္ႏိုင္စြမ္းရွိတာ ျဖစ္ပါတယ္။
ရနံ႔ဟာ လူတစ္ေယာက္ရဲ႕ စိတ္ခံစားခ်က္ကိုပါ လႊမ္းမိုးေစႏိုင္ပါတယ္။ လူတစ္ေယာက္ဟာ သူေရာက္ေနတဲ့ ေနရာကို
လိုက္ၿပီး သူ႔ရဲ႕ စိတ္ခံ စားခ်က္ကို ေျပာင္းလဲေစပါတယ္။ ႀကိမ္ဖန္မ်ားစြာ ျပဳလုပ္ခဲ့တဲ့ ေလ့လာစမ္းသပ္မႈေတြအရ
လူေတြရဲ႕စိတ္ခံစားခ်က္ကိုသာမက အျပဳအမႈကိုပါ လႊမ္းမိုးေစႏိုင္တယ္ဆုိတဲ့ အခ်က္ကို ေတြ႕ခဲ့ပါတယ္။ ရနံ႔နဲ႔အရသာ
ကိုအာရံုခံတဲ့ ဦးေႏွာက္ရဲ႕အပိုင္းဟာ စိတ္ခံစားခ်က္ (emotional brain)ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ပါတယ္။ဒါ့အျပင္္
လူတစ္ေယာက္ရဲ႕ စြမ္းေဆာင္ႏိုင္ရည္၊ဖန္တီးႏိုင္စြမ္းနဲ႔ အာရံုစူးစိုက္မႈကိုပါ လႊမ္းမိုးႏိုင္ပါတယ္။ေလ့လာမႈတစ္ခုအရ
ဂ်ပန္ရံုးခန္းတစ္ခန္းထဲမွာ လီမြန္အနံ႔ေတြ ျဖန္းလိုက္တဲ့ အခါမွာေတာ့ ၀န္ထမ္းေတြရဲ႕ အာရံုစူးစိုက္ႏိုင္စြမ္းနဲ႔
အလုပ္လုပ္တဲ့စြမ္းရည္ဟာ (၅၄)ရာခိုင္ႏႈန္းေလာက္ ပိုမိုျမင့္္မားလာတယ္ဆိုတဲ့ အခ်က္ကို ေတြ႔ရွိခဲ့ပါတယ္။
ဒါေတြကေတာ့ ရနံ႔နဲ႔ေန႔စဥ္လူေနမႈဘ၀အေပၚ သက္ေရာက္မႈေတြပါ။

အနံ႔ျပင္းတဲ့ရနံ႔ေတြဟာ လိင္ပိုင္းဆိုင္ရာ ကာမအာရံုကို ႏိုးၾကြေစကာ၊ ပန္းရနံ႔ သင္းသင္းေလးေတြကေတာ့
လူတစ္ေယာက္ အထူးသျဖင့္ မိန္းကေလး တစ္ေယာက္ကို မိန္းမသားဆန္မႈနဲ႔တပ္မက္ဖြယ္ေကာင္းေစတဲ့
အသြင္ကို ေဆာင္ေစပါတယ္။အမ်ိဳးသားေတြရဲ႕ စိတ္ႏွလံုးသားကို ဘာမွအထူးတလည္ ႀကိဳးစားစရာ မလိုပဲ
ရနံ႔တစ္ခုနဲ႔သိမ္းပိုက္လို႔ရႏိုင္ပါတယ္။ ဒါေပမယ့္ ေရွာင္ရ၊ေဆာင္ရမယ့္ အခ်က္ေတြရွိပါတယ္။ေရွာင္ရမယ့္
အထဲမွာေတာ့ သစ္သီးရနံ႔ေတြနဲ႔ေပါင္ဒါရနံ႔ေတြပါ ၀င္ပါတယ္။အမ်ိဳးသားေတြ မႀကိဳက္တဲ့အထဲမွာ သစ္သီးရနံ႔၊
စားစရာရနံ႔ေတြပါ၀င္ပါတယ္။ သစ္သီးရနံ႔ပါတဲ့Shower ေတြ၊ေခါင္းေလွ်ာ္ရည္ေတြနဲ႔လိုးရွင္းေတြကိုသာ
ေရြးခ်ယ္အသံုးျပဳတတ္တဲ့ ပ်ိဳေမေတြအေနနဲ႔ဒီအခ်က္ကို သတိထားသင့္ပါတယ္။ ေနာက္တစ္ခုကေတာ့
ကေလးေပါင္ဒါပါ။ခႏၶာကိုယ္မွာ သစ္သီးရနံ႔ေတြ၊ ကေလးေပါင္းဒါနံ႔ေတြ ထံုမႊင္းေနတဲ့ ပ်ိဳေမေတြအေနနဲ႔
ခ်စ္သူရဲ႕အနားကို ကပ္မယ္ဆိုရင္ေတာ့ သင့္ခ်စ္သူအတြက္ စြဲမက္စရာ၊ sexy က်တဲ့ မိန္းကေလးတစ္ေယာက္
ဘယ္ေတာ့မွ ျဖစ္လာမွာ မဟုတ္ပါဘူး။

အမ်ိဳးသားေတြရဲ႕ စိတ္အာရံုကို လံုး၀ဖမ္းစားႏိုင္မယ့္ ေမႊးရနံ႔ေတြရွိပါတယ္။ အဲ့ဒါကေတာ့ ခ်ိဳအီအီေမႊးရနံ႔မ်ိဳးပါ။ ဥပမာ
ခ်ယ္ရီပန္း၊ Vanilla ပန္း၊ သနပ္ပစၥည္းပင္ (Patchouli)၊စကား၀ါပန္း၊ႏွင္းဆီ၊စံပယ္အစရွိတဲ့ ပန္းရနံ႔မ်ိဳးပါ။ေရေမႊး
အလြန္အကၽြံဆြတ္ၿပီးမွ ရလာတဲ့ ေရေမႊးနံ႔ဆန္တဲ့ အရာမ်ိဳးထက္ သဘာ၀ဆန္တဲ့ ရနံမ်ိဳးကသာ အမ်ိဳးသားေတြရဲ႕
စိတ္အာရံုကို ပိုစြဲေဆာင္ႏုိင္ပါတယ္။ဒါေၾကာင့္ ပန္းရနံ႔ ပါတဲ့ ေရခ်ိဳးဆပ္ျပာမ်ိဳး၊ ခ်ယ္ရီပန္းရနံ႔ပါတဲ့ CLEAR Sakura
Fresh လိုရွန္ပူမ်ိဳးကို ေရြးခ်ယ္အသံုးျပဳေပးပါ။ သဘာ၀ဆန္တ့ဲ ေမႊးရနံ႔မ်ိဳးကသာ သင့္ကိုစြဲေဆာင္မႈရွိတဲ့မိန္းကေလး
တစ္ေယာက္္အျဖစ္ ေျပာင္းလဲေပးႏိုင္မွာျဖစ္ပါတယ္။

Credit:shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူတစ်ယောက်ရဲ့အနံ့အာရုံဟာ အဲ့ဒီလူရဲ့ နေ့စဉ်လူနေမှုဘဝကို လွှမ်းမိုးနိုင်ပါတယ်။ ဒါ့အပြင်ဆန့်ကျင်ဘက်လိင်ကို
စွဲဆောင်တဲ့ နေရာမှာလည်း အလွန်အရေးပါပါတယ်။ လူတစ်ယောက်ရဲ့ ရနံ့အာရုံဟာနေ့စဉ်လူနေမှုဘဝရဲ့ ဆုံးဖြတ်
ချက်၊ခံစားချက်နဲ့မှတ်ဉာဏ်တွေအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒါ့အပြင် ရနံ့အာရုံနဲ့
မှတ်ဉာဏ်ဟာ နီးနီးကပ်ကပ်ဆက်စပ်နေပါတယ်။ လေ့လာမှုတွေအရလူတစ်ယောက်ဟာ ရနံ့တစ်ခုကို ရပြီးရင်
တစ်နှစ်ကြာပြီးနောက် အဲ့ဒီအနံ့ကို မှတ်မိနိုင်ချေဟာ (၆၅) ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမယ့် တစ်ခုခုကိုမြင်ပြီး
လအနည်းငယ်လောက်ကြာတယ် ဆိုရင်ပဲ အဲ့ဒီအရာကို မှတ်မိနိုင်ချေဟာ(၅၀)ရာခိုင်နှုန်းသာရှိပါတယ်။ဒါကြောင့်
ရနံ့ဟာ ရုပ်အသွင်အမြင်ထက် လူ့စိတ်အာရုံကို ပိုမှတ်မိ စွဲထင်နိုင်စွမ်းရှိတာ ဖြစ်ပါတယ်။
ရနံ့ဟာ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ကိုပါ လွှမ်းမိုးစေနိုင်ပါတယ်။ လူတစ်ယောက်ဟာ သူရောက်နေတဲ့ နေရာကို
လိုက်ပြီး သူ့ရဲ့ စိတ်ခံ စားချက်ကို ပြောင်းလဲစေပါတယ်။ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့တဲ့ လေ့လာစမ်းသပ်မှုတွေအရ
လူတွေရဲ့စိတ်ခံစားချက်ကိုသာမက အပြုအမှုကိုပါ လွှမ်းမိုးစေနိုင်တယ်ဆိုတဲ့ အချက်ကို တွေ့ခဲ့ပါတယ်။ ရနံ့နဲ့အရသာ
ကိုအာရုံခံတဲ့ ဦးနှောက်ရဲ့အပိုင်းဟာ စိတ်ခံစားချက် (emotional brain)ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ဒါ့အပြင်
လူတစ်ယောက်ရဲ့ စွမ်းဆောင်နိုင်ရည်၊ဖန်တီးနိုင်စွမ်းနဲ့ အာရုံစူးစိုက်မှုကိုပါ လွှမ်းမိုးနိုင်ပါတယ်။လေ့လာမှုတစ်ခုအရ
ဂျပန်ရုံးခန်းတစ်ခန်းထဲမှာ လီမွန်အနံ့တွေ ဖြန်းလိုက်တဲ့ အခါမှာတော့ ဝန်ထမ်းတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်းနဲ့
အလုပ်လုပ်တဲ့စွမ်းရည်ဟာ (၅၄)ရာခိုင်နှုန်းလောက် ပိုမိုမြင့်မားလာတယ်ဆိုတဲ့ အချက်ကို တွေ့ရှိခဲ့ပါတယ်။
ဒါတွေကတော့ ရနံ့နဲ့နေ့စဉ်လူနေမှုဘဝအပေါ် သက်ရောက်မှုတွေပါ။

အနံ့ပြင်းတဲ့ရနံ့တွေဟာ လိင်ပိုင်းဆိုင်ရာ ကာမအာရုံကို နိုးကြွစေကာ၊ ပန်းရနံ့ သင်းသင်းလေးတွေကတော့
လူတစ်ယောက် အထူးသဖြင့် မိန်းကလေး တစ်ယောက်ကို မိန်းမသားဆန်မှုနဲ့တပ်မက်ဖွယ်ကောင်းစေတဲ့
အသွင်ကို ဆောင်စေပါတယ်။အမျိုးသားတွေရဲ့ စိတ်နှလုံးသားကို ဘာမှအထူးတလည် ကြိုးစားစရာ မလိုပဲ
ရနံ့တစ်ခုနဲ့သိမ်းပိုက်လို့ရနိုင်ပါတယ်။ ဒါပေမယ့် ရှောင်ရ၊ဆောင်ရမယ့် အချက်တွေရှိပါတယ်။ရှောင်ရမယ့်
အထဲမှာတော့ သစ်သီးရနံ့တွေနဲ့ပေါင်ဒါရနံ့တွေပါ ဝင်ပါတယ်။အမျိုးသားတွေ မကြိုက်တဲ့အထဲမှာ သစ်သီးရနံ့၊
စားစရာရနံ့တွေပါဝင်ပါတယ်။ သစ်သီးရနံ့ပါတဲ့Shower တွေ၊ခေါင်းလျှော်ရည်တွေနဲ့လိုးရှင်းတွေကိုသာ
ရွေးချယ်အသုံးပြုတတ်တဲ့ ပျိုမေတွေအနေနဲ့ဒီအချက်ကို သတိထားသင့်ပါတယ်။ နောက်တစ်ခုကတော့
ကလေးပေါင်ဒါပါ။ခန္ဓာကိုယ်မှာ သစ်သီးရနံ့တွေ၊ ကလေးပေါင်းဒါနံ့တွေ ထုံမွှင်းနေတဲ့ ပျိုမေတွေအနေနဲ့
ချစ်သူရဲ့အနားကို ကပ်မယ်ဆိုရင်တော့ သင့်ချစ်သူအတွက် စွဲမက်စရာ၊ sexy ကျတဲ့ မိန်းကလေးတစ်ယောက်
ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

အမျိုးသားတွေရဲ့ စိတ်အာရုံကို လုံးဝဖမ်းစားနိုင်မယ့် မွှေးရနံ့တွေရှိပါတယ်။ အဲ့ဒါကတော့ ချိုအီအီမွှေးရနံ့မျိုးပါ။ ဥပမာ
ချယ်ရီပန်း၊ Vanilla ပန်း၊ သနပ်ပစ္စည်းပင် (Patchouli)၊စကားဝါပန်း၊နှင်းဆီ၊စံပယ်အစရှိတဲ့ ပန်းရနံ့မျိုးပါ။ရေမွှေး
အလွန်အကျွံဆွတ်ပြီးမှ ရလာတဲ့ ရေမွှေးနံ့ဆန်တဲ့ အရာမျိုးထက် သဘာဝဆန်တဲ့ ရနံမျိုးကသာ အမျိုးသားတွေရဲ့
စိတ်အာရုံကို ပိုစွဲဆောင်နိုင်ပါတယ်။ဒါကြောင့် ပန်းရနံ့ ပါတဲ့ ရေချိုးဆပ်ပြာမျိုး၊ ချယ်ရီပန်းရနံ့ပါတဲ့ CLEAR Sakura
Fresh လိုရှန်ပူမျိုးကို ရွေးချယ်အသုံးပြုပေးပါ။ သဘာဝဆန်တဲ့ မွှေးရနံ့မျိုးကသာ သင့်ကိုစွဲဆောင်မှုရှိတဲ့မိန်းကလေး
တစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။

Credit:shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top