iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာ့ေဆးဘက္၀င္ ၾကက္သြန္ျဖဴဟာ အစာေၾကေစျခင္း၊ ရင္ေခ်ာင္ေစျခင္း၊ အသားအေရကို လွပေစျခင္း၊ ႏွလုံးနဲ႔ ေသြးတုိးေရာဂါ စသည္တုိ႔ကို ေပ်ာက္ကင္းေစျခင္း စတဲ့ အက်ိဳးအာနိသင္ေတြအျပင္ ေအာက္ပါအတုိင္းလည္း အလွ်ဥ္းသင့္သလုိ အသုံးခ်ႏုိင္ပါေၾကာင္း ပရိသတ္ႀကီးကို သိေစလုိပါတယ္။

(၁) မ်က္ႏွာကို သန္႔ရွင္းဖုိ႔

ၾကက္သြန္ုျဖဴမွာ Allicin ဓာတ္ ပါ၀င္ပါတယ္။ ဒီဓာတ္ဟာ မ်က္ႏွာျပင္ေပၚက ဘက္တီးရီယားေတြကုိ တုိက္ျဖတ္ေပးၿပီး၊ ဗုိင္းရပ္ပုိးေတြ ႀကိဳတင္ကာကြယ္ရာမွာလည္း ထိေရာက္ပါတယ္။ မႈိနဲ႔ ေခၽြးေပါက္ပိတ္စုိ႔ ၀က္ၿခံထြက္ျခင္းကိုလည္း ကာကြယ္ေပးၿပီး၊ တစ္ေန႔တစ္ႀကိမ္ 5 မိနစ္မွ 10 မိနစ္ခန္႔ ေပါင္းတင္သလုိ ခပ္ေပ်ာ့ေပ်ာ့ေလးေထာင္းၿပီး ေပါင္းတင္ေပးပါ။ အနံ႔စြဲတတ္လုိ႔ ေရေတာ့ ေပ်ာင္ေအာင္ေဆးဖုိ႔ လုိပါတယ္။

(၂) ေျခေထာက္သဲ၀ဲေရ၀ဲ ေရာဂါမ်ားကို ေပ်ာက္ကင္းေစပါတယ္

စြတ္စိုထုိင္းမႈိင္းတဲ့ ေဒသေတြမွာ ျဖစ္ေလ့ရွိတဲ့ ေျခေထာက္အေရျပားေရာဂါ သဲ၀ဲ၊ ေရ၀ဲနဲ႔ ခႏၶာကိုယ္အေရျပားေပၚမွာ စြဲကပ္တတ္တဲ့ ၀ဲေျခာက္၊ ဂၽြတ္၊ ဒတ္ စသည္တုိ႔ကို ၾကက္သြန္ျဖဴေထာင္းၿပီး မိနစ္ 20 ၾကာ လိမ္းေပးထား႐ုံနဲ႔ ရက္ပုိင္း အတြင္းမွာ ေပ်ာက္ကင္းေစပါတယ္။

(၃) သြားကုိက္ျခင္းကိုလည္း သက္သာေစ

သြားကိုုက္တယ္ဆုိရင္လည္း ၾကက္သြန္ျဖဴကုိ ေထာင္းၿပီး သြားအေပါက္ သုိ႔မဟုတ္ သြားကိုက္တဲ့ေနရာမွာ သိပ္ေပးပါ။ သြားကုိက္တတ္သူမ်ားအတြက္ေတာ့ အလြန္ထိေရာက္ၿပီး၊ သြားေဆးခန္းကိုေတာင္ သြားျပစရာမလုိတဲ့ ေဆးျဖစ္ပါတယ္။

(၄) နားေရာဂါမ်ား

ၾကက္သြန္ျဖဴမွ ထုတ္လုပ္ထားတဲ့ အဆီဟာ နားေရာဂါမွန္သမွ်ကို ေပ်ာက္ကင္းေစပါတယ္။ နားကုိက္ျခင္း၊ နားတြင္းအနာ ေပါက္ျခင္း၊ နားျပည္ယုိျခင္း၊ နာအူျခင္း စတဲ့ နားနဲ႔ဆုိင္တဲ့ ေရာဂါေတြကို အခ်ိန္တုိအတြင္း အျမန္ေပ်ာက္ကင္း ေစတာက ေတာ့ ၾကက္သြန္ျဖဴအဆီပါ။ ဂြမ္းစနဲ႔ စိမ္ၿပီး နားအတြင္းကို ေရာက္ေအာင္ျပဳလုပ္ေပး႐ုံေလးပါ။

(၅) ေညာင့္ထုိးရင္

၀ါးနဲ႔ သစ္သားေတြကို ဂ႐ုမစိုက္ပဲ ကုိင္တြယ္မိတဲ့အခါမွာ လက္ကုိ ေညာင့္ထုိးတတ္ပါတယ္။ အႏႈတ္ရခက္ၿပီး နာက်င္ေန တဲ့ ေညာင့္ဆုိရင္ ပလာစတာကို ၾကက္သြန္ျဖဴဳေပ်ာ္ရည္နဲ႔ သုတ္လိမ္းေပးၿပီး၊ 1 နာရီမွ ႏွစ္နာရီေလာက္အထိ ထားေပးပါ။ ၿပီးလွ်င္ ႏႈတ္လုိက္ပါ။ နာက်င္မႈမရွိပဲ ေညာင့္ ထြက္သြားမွာ ျဖစ္ပါတယ္။

(၆) တြယ္ကပ္တဲ့ ပုိမႊားမ်ား၊ ၾကြက္မ်ားကို ေမာင္းထုတ္ႏုိင္ျခင္း

ပန္းနဲ႔ သစ္သီး၀လံေတြမွာ တြယ္ကပ္တတ္တဲ့ အင္းဆက္နဲ႔ ၾကြက္အစရွိတဲ့ သတၱ၀ါေတြ မလာေစခ်င္ရင္ေတာ့ ၾကက္သြန္ျဖဴ+ေရ+ဆပ္ျပာအနည္းငယ္ကို ေပ်ာ္ေအာင္ေဖ်ာ္ေပးၿပီး၊ ဖ်န္းေပး႐ုံနဲ႔ ယင္းသတၱ၀ါေတြ အနားေတာင္ မကပ္ေစရပါဘူး။

(၇) ငါးမွ်ားရာမွာလည္း အသုံး၀င္တယ္
၀ါရင့္ငါးမွ်ားဆရာႀကီးေတြဟာ ၾကက္သြန္ျဖဴေတြကို ငါးမွ်ားရာမွာ ေရာစပ္သုံးေလ့ရွိတယ္လုိ႔ ဆုိပါတယ္။ ၾကက္သြန္ျဖဴအနံ႔ ဟာ ငါးေတြကုိ စြဲေဆာင္ႏုိင္ၿပီး၊ ဖမ္းဆီးရတာ လြယ္ကူးေစပါတယ္။
(၈) အေအးမိေခ်ာင္းဆုိးျခင္းကုိ သက္သာေပ်ာက္ကင္းေစတယ္

ၾကက္သြန္ျဖဴဟာ အေအးမိလူနာေတြအတြက္လည္း သင့္ေတာ္ပါတယ္။ တုပ္ေကြးကိုလည္း ႏုိင္နင္းပါတယ္။ အဖ်ား ျပင္းထန္ေနရင္ ၾကက္သြန္ျဖဴႏွစ္တက္ခန္႔ကုိ အစိမ္းအတုိင္းသာ ၀ါးစားလုိက္ပါ။ မိနစ္ 20 အတြင္း ေနသာထုိင္သာ ရွိသြား ပါလိမ့္မယ္။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မြန်မာ့ဆေးဘက်ဝင် ကြက်သွန်ဖြူဟာ အစာကြေစေခြင်း၊ ရင်ချောင်စေခြင်း၊ အသားအရေကို လှပစေခြင်း၊ နှလုံးနဲ့ သွေးတိုးရောဂါ စသည်တို့ကို ပျောက်ကင်းစေခြင်း စတဲ့ အကျိုးအာနိသင်တွေအပြင် အောက်ပါအတိုင်းလည်း အလျှဉ်းသင့်သလို အသုံးချနိုင်ပါကြောင်း  ပရိသတ်ကြီးကို သိစေလိုပါတယ်။

(၁) မျက်နှာကို သန့်ရှင်းဖို့

ကြက်သွန်ုဖြူမှာ Allicin ဓာတ် ပါဝင်ပါတယ်။ ဒီဓာတ်ဟာ မျက်နှာပြင်ပေါ်က ဘက်တီးရီယားတွေကို တိုက်ဖြတ်ပေးပြီး၊ ဗိုင်းရပ်ပိုးတွေ ကြိုတင်ကာကွယ်ရာမှာလည်း ထိရောက်ပါတယ်။ မှိုနဲ့ ချွေးပေါက်ပိတ်စို့ ဝက်ခြံထွက်ခြင်းကိုလည်း ကာကွယ်ပေးပြီး၊ တစ်နေ့တစ်ကြိမ် 5 မိနစ်မှ 10 မိနစ်ခန့် ပေါင်းတင်သလို ခပ်ပျော့ပျော့လေးထောင်းပြီး ပေါင်းတင်ပေးပါ။ အနံ့စွဲတတ်လို့ ရေတော့ ပျောင်အောင်ဆေးဖို့ လိုပါတယ်။

(၂) ခြေထောက်သဲဝဲရေဝဲ ရောဂါများကို ပျောက်ကင်းစေပါတယ်

စွတ်စိုထိုင်းမှိုင်းတဲ့ ဒေသတွေမှာ ဖြစ်လေ့ရှိတဲ့ ခြေထောက်အရေပြားရောဂါ သဲဝဲ၊ ရေဝဲနဲ့ ခန္ဓာကိုယ်အရေပြားပေါ်မှာ စွဲကပ်တတ်တဲ့ ဝဲခြောက်၊ ဂျွတ်၊ ဒတ် စသည်တို့ကို ကြက်သွန်ဖြူထောင်းပြီး မိနစ် 20 ကြာ လိမ်းပေးထားရုံနဲ့ ရက်ပိုင်း အတွင်းမှာ ပျောက်ကင်းစေပါတယ်။

(၃) သွားကိုက်ခြင်းကိုလည်း သက်သာစေ

သွားကိုုက်တယ်ဆိုရင်လည်း ကြက်သွန်ဖြူကို ထောင်းပြီး သွားအပေါက် သို့မဟုတ် သွားကိုက်တဲ့နေရာမှာ သိပ်ပေးပါ။ သွားကိုက်တတ်သူများအတွက်တော့ အလွန်ထိရောက်ပြီး၊ သွားဆေးခန်းကိုတောင် သွားပြစရာမလိုတဲ့ ဆေးဖြစ်ပါတယ်။

(၄) နားရောဂါများ

ကြက်သွန်ဖြူမှ ထုတ်လုပ်ထားတဲ့ အဆီဟာ နားရောဂါမှန်သမျှကို ပျောက်ကင်းစေပါတယ်။ နားကိုက်ခြင်း၊ နားတွင်းအနာ ပေါက်ခြင်း၊ နားပြည်ယိုခြင်း၊ နာအူခြင်း စတဲ့ နားနဲ့ဆိုင်တဲ့ ရောဂါတွေကို အချိန်တိုအတွင်း အမြန်ပျောက်ကင်း စေတာက တော့ ကြက်သွန်ဖြူအဆီပါ။ ဂွမ်းစနဲ့ စိမ်ပြီး နားအတွင်းကို ရောက်အောင်ပြုလုပ်ပေးရုံလေးပါ။

(၅) ညောင့်ထိုးရင်

ဝါးနဲ့ သစ်သားတွေကို ဂရုမစိုက်ပဲ ကိုင်တွယ်မိတဲ့အခါမှာ လက်ကို ညောင့်ထိုးတတ်ပါတယ်။ အနှုတ်ရခက်ပြီး နာကျင်နေ တဲ့ ညောင့်ဆိုရင် ပလာစတာကို ကြက်သွန်ဖြူုပျော်ရည်နဲ့ သုတ်လိမ်းပေးပြီး၊ 1 နာရီမှ နှစ်နာရီလောက်အထိ ထားပေးပါ။ ပြီးလျှင် နှုတ်လိုက်ပါ။ နာကျင်မှုမရှိပဲ ညောင့် ထွက်သွားမှာ ဖြစ်ပါတယ်။

(၆) တွယ်ကပ်တဲ့ ပိုမွှားများ၊ ကြွက်များကို မောင်းထုတ်နိုင်ခြင်း

ပန်းနဲ့ သစ်သီးဝလံတွေမှာ တွယ်ကပ်တတ်တဲ့ အင်းဆက်နဲ့ ကြွက်အစရှိတဲ့ သတ္တဝါတွေ မလာစေချင်ရင်တော့ ကြက်သွန်ဖြူ+ရေ+ဆပ်ပြာအနည်းငယ်ကို ပျော်အောင်ဖျော်ပေးပြီး၊ ဖျန်းပေးရုံနဲ့ ယင်းသတ္တဝါတွေ အနားတောင် မကပ်စေရပါဘူး။

(၇) ငါးမျှားရာမှာလည်း အသုံးဝင်တယ်
ဝါရင့်ငါးမျှားဆရာကြီးတွေဟာ ကြက်သွန်ဖြူတွေကို ငါးမျှားရာမှာ ရောစပ်သုံးလေ့ရှိတယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူအနံ့ ဟာ ငါးတွေကို စွဲဆောင်နိုင်ပြီး၊ ဖမ်းဆီးရတာ လွယ်ကူးစေပါတယ်။
(၈) အအေးမိချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေတယ်

ကြက်သွန်ဖြူဟာ အအေးမိလူနာတွေအတွက်လည်း သင့်တော်ပါတယ်။ တုပ်ကွေးကိုလည်း နိုင်နင်းပါတယ်။ အဖျား ပြင်းထန်နေရင် ကြက်သွန်ဖြူနှစ်တက်ခန့်ကို အစိမ်းအတိုင်းသာ ဝါးစားလိုက်ပါ။ မိနစ် 20 အတွင်း နေသာထိုင်သာ ရှိသွား ပါလိမ့်မယ်။
Credit:Shwemom

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top