iMyanmarHouse.com - Best Property Website for Myanmar
×

အားေပးမႈ ျမင့္မားလာသလို က်ရာဇာတ္႐ုပ္ကိုအေကာင္းဆုံးသ႐ုပ္ေဆာင္ၿပီး ပရိသတ္လက္ခံလာတဲ့ ေအးျမတ္သူ က ဘဝအေပၚထားတဲ့အျမင္ေတြနဲ႔ပတ္သတ္ၿပီးမဟာမီဒီယာကို ေျပာျပခဲ့ပါတယ္။

"စနစ္တက်စီမံ ေရးဆြဲထားတဲ့ ဘဝမွတ္တမ္းအရ ေအးျမတ္သူရဲ႕ဘဝဘယ္အသက္အ႐ြယ္မွာ ဘယ္ေနရာေရာက္ရမယ္ဆိုတဲ့ အေနအထား အလုံးစုံ မျပည့္စုံရင္ေတာင္ တခ်ိဳ႕တေလေတာ့ ျပည့္ရမယ္လို႔ယုံၾကည္ခ်က္ ထားပါတယ္။ အခုဆိုရင္ အသက္ သုံးဆယ္ေက်ာ္ျဖစ္လာတဲ့အတြက္ ဘဝဟာတည္ၿငိမ္ ေအးခ်မ္းသင့္ၿပီ မိန္းမ ေတြဆိုတာအသက္သုံးဆယ္ေက်ာ္ရင္ ခ်ိဳ႕ယြင္းတာေတြမ်ားလာၿပီ ခႏၶာကိုယ္ ဝလာတာမ်ိဳးေတြ က်န္းမာေရး မေကာင္းတာေတြျဖစ္လာၿပီ။ ခုခ်ိန္မွာေတာ့ေအးျမတ္သူရဲ႕ စိတ္ေတြသည္ ေလာဘေတြနည္းသြားတယ္ အမ်ားႀကီးလုပ္မဲ့ အစား ကြာလတီေကာင္းေကာင္းနဲ႔လုပ္ခ်င္လာတယ္ အရင္တုန္းကဆိုရင္ေတာ့ေလာဘႀကီးတယ္၊ လုပ္ႏိုင္သေလာက္အကုန္လုပ္တယ္၊ ေလာဘနည္းတတ္ေအာင္လဲက်င့္ႀကံေနထိုင္တယ္ လူဆိုတာ ေလာဘႀကီးလာရင္ သိပ္ၿပီးပင္ပန္းတယ္ ေလာဘမႀကီးခ်င္ေတာ့ဘူး၊ ကိုယ္ေရာက္ေနတဲ့ အသက္အ႐ြယ္ကိုလက္ခံႏိုင္ရမယ္၊ ေအးျမတ္သူ ျဖတ္သန္းလာခဲ့တဲ့ဘဝတစ္ေလွ်ာက္မွာ သင့္တင့္ ေလွ်ာက္ပတ္စြာေနထိုင္ခဲ့တယ္၊ မိတ္ေဆြေကာင္းေတြနဲ႔လဲေတြ႕ခဲ့တယ္။ ႀကိဳးစားသေလာက္လဲ အရာထင္ခဲ့တယ္၊ ကိုယ့္ရဲ႕ဘဝကို သေဘာက် ေက်နပ္တယ္။ ေနာက္ၿပီးမိန္းမတစ္ေယာက္ဟာ အသက္ သုံးဆယ္ မွာအိမ္ေထာင္ျပဳတာအေကာင္းဆုံးပါ။ အဲဒီအ႐ြယ္ ဆိုရင္ ၿပီးျပည့္စုံတဲ့ရင့္က်က္မႈေတြ ေတြးေခၚမႈေတြရွိတယ္။ စဥ္းစားဆင္ျခင္ႏိုင္တယ္ အဲဒီအခ်ိန္မွာအိမ္ေထာင္ျပဳတာ အမွားအနည္းဆုံးလို႔ေျပာလို႔ရတယ္ မိန္းမတစ္ေယာက္ဟာ အခ်ိန္တန္ရင္ေတာ့အိမ္ေထာင္ျပဳက်မွာပဲ၊ ဘယ္ေလာက္ပဲသိပ္ေတာ္ေနပါေစ အခ်ိန္တန္ရင္ေတာ့လင္သားဆိုတဲ့ ေနာက္ကြယ္မွာ ပံ့ပိုးမႈနဲ႔ေနရမယ္ဆိုတာကို ေအးျမတ္သူ လက္ခံထားတယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ့္ရဲ႕မိသားစုဘဝနဲ႔ အသက္ႀကီးလာရင္ ကိုယ့္ရဲ႕ေဘးမွာေဖးမေပးမဲ့ လက္တြဲေဖာ္ဆိုတာလိုအပ္တယ္ ကိုယ္ေမြးလာမဲ့ကေလးကိုေစာင့္ေရွာက္ရမယ္ ေအးျမတ္သူ ကေတာ့ဒီလိုပဲခံယူထားတယ္ " လို႔ဆိုပါတယ္။

ကဲပရိသတ္ႀကီးေရ…ခ်စ္တဲ့ အႏုပညာရွင္တစ္ေယာက္ရဲ႕ခံယူခ်က္ကေတာ့ မိန္းမသားေတြအတြက္ေလးစားစရာပါ။

Credit: မဟာမီဒီယာ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အားပေးမှု မြင့်မားလာသလို ကျရာဇာတ်ရုပ်ကိုအကောင်းဆုံးသရုပ်ဆောင်ပြီး ပရိသတ်လက်ခံလာတဲ့ အေးမြတ်သူ က ဘဝအပေါ်ထားတဲ့အမြင်တွေနဲ့ပတ်သတ်ပြီးမဟာမီဒီယာကို ပြောပြခဲ့ပါတယ်။

"စနစ်တကျစီမံ ရေးဆွဲထားတဲ့ ဘဝမှတ်တမ်းအရ အေးမြတ်သူရဲ့ဘဝဘယ်အသက်အရွယ်မှာ ဘယ်နေရာရောက်ရမယ်ဆိုတဲ့ အနေအထား အလုံးစုံ မပြည့်စုံရင်တောင် တချို့တလေတော့ ပြည့်ရမယ်လို့ယုံကြည်ချက် ထားပါတယ်။ အခုဆိုရင် အသက် သုံးဆယ်ကျော်ဖြစ်လာတဲ့အတွက် ဘဝဟာတည်ငြိမ် အေးချမ်းသင့်ပြီ မိန်းမ တွေဆိုတာအသက်သုံးဆယ်ကျော်ရင် ချို့ယွင်းတာတွေများလာပြီ ခန္ဓာကိုယ် ဝလာတာမျိုးတွေ ကျန်းမာရေး မကောင်းတာတွေဖြစ်လာပြီ။ ခုချိန်မှာတော့အေးမြတ်သူရဲ့ စိတ်တွေသည် လောဘတွေနည်းသွားတယ် အများကြီးလုပ်မဲ့ အစား ကွာလတီကောင်းကောင်းနဲ့လုပ်ချင်လာတယ် အရင်တုန်းကဆိုရင်တော့လောဘကြီးတယ်၊ လုပ်နိုင်သလောက်အကုန်လုပ်တယ်၊ လောဘနည်းတတ်အောင်လဲကျင့်ကြံနေထိုင်တယ် လူဆိုတာ လောဘကြီးလာရင် သိပ်ပြီးပင်ပန်းတယ် လောဘမကြီးချင်တော့ဘူး၊ ကိုယ်ရောက်နေတဲ့ အသက်အရွယ်ကိုလက်ခံနိုင်ရမယ်၊ အေးမြတ်သူ ဖြတ်သန်းလာခဲ့တဲ့ဘဝတစ်လျှောက်မှာ သင့်တင့် လျှောက်ပတ်စွာနေထိုင်ခဲ့တယ်၊ မိတ်ဆွေကောင်းတွေနဲ့လဲတွေ့ခဲ့တယ်။ ကြိုးစားသလောက်လဲ အရာထင်ခဲ့တယ်၊ ကိုယ့်ရဲ့ဘဝကို သဘောကျ ကျေနပ်တယ်။ နောက်ပြီးမိန်းမတစ်ယောက်ဟာ အသက် သုံးဆယ် မှာအိမ်ထောင်ပြုတာအကောင်းဆုံးပါ။ အဲဒီအရွယ် ဆိုရင် ပြီးပြည့်စုံတဲ့ရင့်ကျက်မှုတွေ တွေးခေါ်မှုတွေရှိတယ်။ စဉ်းစားဆင်ခြင်နိုင်တယ် အဲဒီအချိန်မှာအိမ်ထောင်ပြုတာ အမှားအနည်းဆုံးလို့ပြောလို့ရတယ် မိန်းမတစ်ယောက်ဟာ အချိန်တန်ရင်တော့အိမ်ထောင်ပြုကျမှာပဲ၊ ဘယ်လောက်ပဲသိပ်တော်နေပါစေ အချိန်တန်ရင်တော့လင်သားဆိုတဲ့ နောက်ကွယ်မှာ ပံ့ပိုးမှုနဲ့နေရမယ်ဆိုတာကို အေးမြတ်သူ လက်ခံထားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့မိသားစုဘဝနဲ့ အသက်ကြီးလာရင် ကိုယ့်ရဲ့ဘေးမှာဖေးမပေးမဲ့ လက်တွဲဖော်ဆိုတာလိုအပ်တယ် ကိုယ်မွေးလာမဲ့ကလေးကိုစောင့်ရှောက်ရမယ် အေးမြတ်သူ ကတော့ဒီလိုပဲခံယူထားတယ် " လို့ဆိုပါတယ်။

ကဲပရိသတ်ကြီးရေ…ချစ်တဲ့ အနုပညာရှင်တစ်ယောက်ရဲ့ခံယူချက်ကတော့ မိန်းမသားတွေအတွက်လေးစားစရာပါ။


Credit: မဟာမီဒီယာ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top